Friday, November 12, 2010

ဖိနပ်လေးရဲ့ ဒဏ္ဍရီ

အရောင်အသွေးနဲ့ အဆင်းပါတူတယ်...။
အတိတ်သမိုင်းနဲ့ ရှေးဦးဒဏ်ရာ လည်း မထူးခြားနား
ဒါပေမယ့် ပုံသဏန်လေးတော့ ကွဲတယ်။

နင်က ရှေ့ကိုရောက်ရင်
ငါက အမြဲ နောက်မှာ
ငါကြိုးစားလို့ ရှေ့ရောက်ပြန်တော့
နင်က နောက်မှာလေ။
သခင်ရဲ့ စေရာတိုင်း
သွားလာ လှုပ်ရှားနေဆဲ
ဒါပေမယ့် တို့ နှစ်ဦး
အကွာအဝေး တစ်ခု
ဦးတည်ချက် တစ်ခုတည်းလေ။

ရှေ့နောက် မညီညွတ်ပေမယ့်
တူယှဉ်တွဲလို့ ပျော်နေခဲ့တဲ့
အချိန်တွေလည်း ရှိခဲ့ဖူးတယ်။

သခင့်အတွက်
အပူဆုံးကိုလည်း အတူတူ
အအေးဆုံးမှာလည်း မခွဲ
အကြမ်းတမ်းဆုံး လမ်းကို ရင်ဆိုင်လို့
အနူညံ့ဆုံး သဲသောင် ဖြူလွလွမှာ
တူယှဉ်နွဲပျော်ခဲ့ဖူးတယ်။

သခင်ရဲ့ ခြေဖ၀ါးနုနု သွေးခြေမဥအောင်
ဆူးမငြိ၊ခလုပ်မထိအောင် စောင့်ရှောက်ရင်းက
လောကဓံ အလေးအပင် ကို တူခံထမ်းကာ
ကံကြမာရဲ့ ပွတ်တိုက်ဒဏ်လည်း သည်းငြီးခံလို့
ချစ်ခြင်းရဲ့ အမှတ်တံဆိပ် ကွယ်ပျောက်ခဲ့ပြီ။
ခန္ဒာကိုယ်လည်း လုံးပါး ပါးပြီ။

အရောင်အသွေး မွဲဖြူလို့
စွံမက်စရာ မရှိတော့ပေမယ့်
သခင်ရဲ့ နှလုံးသား နေရာတစ်ခုမှာ
မစွန့်မပစ် တည်နေခွင့်လေးကြောင့်
သခင်ရယ်.....။

ဖြစ်နိုင်မယ်ဆို
ငယ်ကျွန်အသစ်ကို ခွင့်တောင်းကာ
အရင်လို အသုံးတော်ခံရင်းက လိုရာကို ပို့ဆောင်ခွင့်
အန္တာရယ်ကင်း ပို့ဆောင်ပါ့မယ်
ပြန်ခဲ့ပါလား
သခင်ရယ်.....။


ဒီးဒိုး။
၆၊၁၁၊၂၀၁၀။

2 comments:

  1. ကိုဒီး.......

    ကဗျာလေးကောင်းလိုက်တာဗျာ.....။
    တွေးတတ်လိုက်တာ.....၊ ရေးတတ်လိုက်တာ.....။
    (ဒဏ္ဍာရီ ရေးချင်ရင်လေ......ဏ္ဍကို shift+ 2 ကီးကိုနှပ်လိုက်ရုံပဲ....ကိုဒီး...။ ပြီးတော့ ရကောက်က အောက်ကမြစ်ထည့်ချင်ရင်လေ....shift + u ကိုဒီး....။ နေကောင်းအောင်နေဦးနော်......။)

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  2. ကိုဏီ ကျေးဇူးပါ ဗျ.။ကြိုးစားပြီးပြင်ထားပါ့မယ်။လမ်းပြပါအုန်းဗျာ။

    ReplyDelete