Friday, July 23, 2010

????

ကွယ်ရာမှာ မခုတ်တတ်တဲ့ ကြောင်
ဒီလူဟာ မဟုတ်တာ သိပါရဲ့။

နွမ်းညစ်ညစ် အတိတ်ကြောင်းတွေနဲ့
ဒီလူဟာ စွန်းထင်းတာ သိပါရဲ့။

ဟန်ဆောင် အကြင်နာမှာ
ချိုမြိန်သကာ မာယာစကား ရောလို့
ဒီလူဘ၀ကို လျှော်ဖွပ်
သာယာတဲ့ ဘ၀သစ်ဆီ ခေါ်သွားမတဲ့။

လူဆိုတာ သာယာတဲ့
အနာဂတ်ကို မျှော်လင့်တတ်သူ
အဆိုးတွက် မပြင်တတ်ခဲ့သူ အတွင်တော့
အပြစ်ကြီး တစ်ခု
နောင်တကြီး တစ်ခု
ရင်ဝယ် ထပ်ပိုက်လို့
လာမယ့် သာယာတဲ့
အနာဂတ်ကိုဘဲ ထပ်မျှော်နေမိတယ်။

မဖြစ်နိုင်ဘူး သိပါလျက်
ဒီတခါ နောက်ဆုံးဆိုပေမယ့်
အစက ပြန်ပြန်ဖြစ်နေတော့
ချစ်ခြင်းရယ် လာပါတော့..လို့
မခေါ်ရဲတော့ဘူး။

မျှော်လင့်ချက်တွေ မကုန်သေးဘူး
အတိတ်ကလည်း မပီပြင်
အနာဂတ်ကလည်း ၀ိုးတ၀ါးနဲ့
ပစ္စုပ္ပန်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု
နှလုံးလမ်းကျောင်းပေါ် က ကျွန်းကလေးကတော့
ခပ်ထေ့ထေ့ လှောင်လို့
လုပ်စမ်းပါ အစွမ်းရှိသလောက် ဆိုပြီး
စိန်ခေါ် နေလေရဲ့။

အမှန်တော့ ချစ်သူ
ပျက်ခဲ့တဲ့ ဂတိတွက်
သာစေနာစေ ဆန္ဒလည်း မရှိဘူး။
လာပါပြန်ပါ စေတနာလည်း မရှိဘူး။
ခံစားမှု ဗလာမှာ
ချစ်ခြင်း သက်သက်
ဆူညံ တဲ့ နှလုံးခုန်ခြင်းအောက်
တိတ်တိတ် အိပ်မော ကျနေပြီ။



ဒီးဒိုး။
၁၄၊၀၇၊၂၀၁၀။

No comments:

Post a Comment