Friday, July 9, 2010

ငါ။

ကမ္ဘာကြီး က အမိုးမလုံတော့
နေပူ၊မိုးရွာ၊လေဘဲ တိုက်တိုက်
အံကြိတ်ခံ ယုံဘဲမလား။

စိတ်ဓါတ်ကို တင်းလို့
အမိုးတက်ဖာဖို့ ကြိုးစားတိုင်း
ကျိုးကျိုးကျ တဲ့ လှေခါး
မိအေးနှစ်ခါ နာစေတော့လို့
မရည်ရွယ်ပါဘဲ
နှစ်ခါမက နာတဲ့ဘ၀တွေ
ကမ္ဘာကြီးရယ်
အိမ်မက်လှလှ မက်ဖို့
တစ်ခါလောက်တော့
ခွင့်ပေးသင့်ပါတယ်။

အင်း...
မဖြစ်မနေလို့
ရေစုန်ကို လိုက်လိုက် မျောနေရတာ
ပင်ပန်းလိုက်တာ။

ဒီအမိုးအောက်
အတူနေသူတွေဘဲ
အကြွင်းအကျန်ကို
မဝေမျှဘဲ လွင့်ပစ်မလို့လား။

မိသားစု ဆိုတဲ့စကား
တဖွဖွပြောရင်းက
အဘိဓါန် ထဲကလွင့်ပစ်ဖို့
ကြိုးစားတိုင်း
ရင်ဆိုင်အားနည်းတဲ့သူ
ကျတဲ့မျက်ရည်
ခေတ်သစ် ဟစ်တလာ
ဖြစ်ထွန်းလာတော့မယ်။

ကြီးသူကို လေးစား
ငယ်သူကို သနား
မှတ်သားဖူးတဲ့ စာသား
အလကား....သွား။

ရင်ဆိုင်တဲ့ လက်တွေ့ဘဝ
ကြီးသူရော
ငယ်သူပါ
တန်းတူရှိဖို့
ငါ့ နေရာ...
ငါ့ ဥစ္စာ...
ငါ့..........
ငါ့............
ငါဘဲ ကြီးသူ
ငါဘဲ ငယ်သူ
ငါ.......
ငါ.......
ငါ့ ကိုဘဲလေးစား
ငါ့ ကိုဘဲသနား
အင်း...
ငါဟာ ငါမဖြစ်ချင်တော့ဘူး။


ဒီးဒိုး
၀၅၊၀၇၊၂၀၁၀။

No comments:

Post a Comment