Thursday, July 8, 2010

ကြိုနှင့်အုန်းတော့... ချစ်တဲ့ မြန်မာပြည်။

၅၄C အပူချိန်ရဲ့အောက်
ဘ၀တစ်ခု ရပ်တည်ဖို့ကြိုးစားရင်း
မိုးဖြိုင်ဖြိုင်ရွာနေမယ့် မြန်မာပြည်ကို လွမ်းတယ်။

လွင်တီးခေါင် ကန္တာရတွေကြား
ခရီးတစ်ခု ဆက်ဖို့ကြိုးစားရင်း
သစ်တောတွေနဲ့ မြန်မာပြည်က
ကချင်(ဒေသ) ကို လွမ်းတယ်။

ရေခဲရိုက် သား၊ငါး၊သစ်သီးတွေနဲ့
အသက်ဆက်ဖို့ ကြိုးစားရင်း
လတ်ဆတ်တဲ့ သား၊ငါး၊သစ်သီး ပေါရာ
မြန်မာပြည် ကို လွမ်းတယ်။

ကွန်ဒို၊လျှပ်စစ်၊ခေတ်မှီ အသုံးအဆောင်တွေနဲ့
တခဏ နားခိုဖို့ နေထိုင်းရင်း
သက်ကယ်မိုး၊ ရေနံဆီ မီးခွက်နဲ့
မြန်မာပြည်က အမေ့အိမ် ကို လွမ်းတယ်။

ရေနံ၊ဓါတ်ငွေ့ အနံ့အသက်တွေရဲ့အောက်
ရှေ့ခရီးဆက်ဖို့ ကြိုးစားရင်း
တသွင်သွင် စီးဆင်းအုန်းမယ့်
မြန်မာပြည်က ဧရာဝတီမြစ်ကြီး ကိုလွမ်းတယ်။

ပေါင်မုန့်၊ထောပတ် ရယ်ဒီမိတ်တွေနဲ့
မဖြစ်မနေ စားသုံးရင်းက
မလောက်မင ချန်ထားမယ့် မြန်မာပြည်က
ထမင်းကြမ်းခဲ ကို လွမ်းတယ်။

အတ္တ၊မာနတွေနဲ့ တစိမ်းတရံတွေကြား
ပေါင်သင်းနေထိုင်းရင်း
ရင်းနှီး၊ဖော်ရွေ၊ရိုင်းပင်း ကူညီမှုတွေနဲ့
မြန်မာပြည်က ရောင်ရင်းတွေ ကို လဲ လွမ်းတယ်။

မြန်မာပြည် ကိုဘဲလွမ်းတယ်။
ပြန်ခဲ့မယ် မြန်မာပြည်ဆီ...
ကြိုနှင့်အုန်းတော့...
ချစ်တဲ့ မြန်မာပြည်။


ဒီးဒိုး
၀၆၊၀၇၊၂၀၁၀။

No comments:

Post a Comment