Sunday, June 20, 2010

သို့....

အဆန် မရှိ
အသံသာ မြည်ဟီး
တဟိန်းဟိန်း ပစ်တာ
သက်ြန် အမြောက် တဲ့။

စက္ကန့်မခြား
အသံတွေ ကြားပေမယ့်
မွေးညှင်းတပင်
ငေါက်ခနဲ မထဘူး
ခဏလောက် နားစမ်းပါ။

ငါ့ရဲ့ ခန္ဒာ
သဘာဝကို လွန်ဆန်လို့
ပိတ်မှောင် မွတ်သိပ်
နံရံ တဖက်
လှောင်အိမ်ထဲမှာ။

ငါ့ရဲ့ စိတ်တို့
သဘာဝ တိုင်း လိုက်နာလို့
လူနေတဲ့ ကမ္ဘာ
လွတ်လပ်ခြင်းသို့

လွတ်လပ်ခြင်း အရသာ
မြစ်တခုလို စီးဆင်းလို့
ဘယ်ကို ပိတ်ရင်
ညာကို စီးလို့
အစုန်ကို ပိတ်ရင်
အထက်ဆန်မယ်
ဘယ်သူက
သဘာဝကို လွန်ဆန်မလို့ လဲ။



ဒီးဒိုး....။
၁၉၊၀၆၊၂၀၁၀။

No comments:

Post a Comment