Wednesday, March 31, 2010

ပီတိ (သို့) တစ်ယောက်တည်းမဟုတ်ဘူး

ဟိုး ငယ်စဉ် ကတည်းက အုပ်စုလိုက် အဖွဲ့ လိုက် သွားလာလှုပ်ရှာ:နေသူများကို တွေ့လျင် အားကျမိတယ်။ ဒါပေမယ့် ကျွန်တော် က လူအများနဲ့ နေရ တာတော့ မကြိုက်ဘူး။ ဒီတော့ သူငယ်ချင်း ဆိုတာ ကလဲ ရှာ မှ ရှားဘဲ။အသက် ၁၀ နှစ်လောက်မှာ အဖေ ဆုံး ခဲ့ပြန်တော့ အမေကို ကူညီရင်း အပေါင်းအသင်းဆိုတာ ကျွန်တော် အတွက်တော့ မက်စရာ မဟုတ်ခဲ့ ပြန်ဘူး။ အမေ့ ကို ကူညီရင်း တွေ့ကြုံ ရင်ဆိုင် လာသမျှကို တကိုယ်တည်း ရင်ဆိုင်ဖြေရှင်းတဲ့ အကျင့်လဲ ရခဲ့ ပြန်တယ်။ အမေ့ ကို တိုင်ပင် ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့ ဘဲ စာရွက်တွေ ပေါ်မှာ ဘဲ ချရေးဖြစ်ခဲ့တယ်။ စာရွက်နဲ့ ဘောပင် ဟာ အဖော် ကောင်းတယောက် ဖြစ်ခဲ့တာပေါ့။
နေရာပေါင်းစုံအောင် နေခဲ့ရတော့ ငယ်သူငယ်ချင်းဆိုတာ လဲ မရှိဘူး။တစ်ခါတလေ လက်ရှိပေါင်းနေတဲ့ သူငယ်ချင်းတွေ က "ဒါ ဟာ ငါ့ သူငယ်ချင်းပေါ့ သူငယ်တန်း ကတည်းက ပေါင်းလာတာ ကွ" လို့ ပြောတဲ့ အခါ ကျွန်တော် က ၀မ်းနည်း ၀မ်းသာပေါ့ ဗျာ။
စာတွေ ရေးခဲ့ဘူးတယ် အမေ့ကိုလွမ်းတဲ့စာ၊အထီးကျန်ခြင်းကို ခံရတိုင်း ရေးတဲ့စာ၊အသဲကွဲတော့ လဲ ရေးရပြန်တာဘဲ၊မကျေနပ်ချက်တွေ ရေးထားတဲ့ စာ၊ စာ အတို အစ ပေါင်းများစွာ ဟာ ကျွန်တော် အိပ်ရာပေါ် စာပွဲပေါ် မှာ ပျံ့ကြဲနေလေ့ရှိတယ်။ ဒီ အရွယ်ထိဘဲ အကျင့်ဆိုတာ ကလဲ တော်ရုံ နဲ့ ပြင်ရခက်တယ်လေ။
တနေ့ တော့ ကျွန်တော် ရေးထားတဲ့ စာအပိုင်းအစလို့ ဆိုရမလား ကဗျာ လို့ ဆိုရ မလား "ကျေးဇူး တင်ပါတယ်" ဆိုတဲ့ ကဗျာ လေး ဆိုကြပါစို့၊ အဲဒီကဗျာလေး ကို ကြိုက်တယ် လို့ ပြောတဲ့ သူက ကျွန်တော် နဲ့ အလုပ်တူတူ လုပ်တဲ့ ကိုသုတထွန်း ဗျ။ ကိုသုတထွန်း က ပထမ ဆုံး ကျွန်တော် ရေးတဲ့ စာ ကို ကြိုက်တယ်လို့ ပြောတဲ့ သူပါ။ သူအဲ လိုပြောလိုက် တော့ ကျွန်တော် က ၀မ်းနည်း ၀မ်းသာတာပေါ့ဗျာ.
ဒီလိုနဲ့ ဘယ်က ဘယ်လို အိမ်မက်များ (ainmat.com) ကို ရောက်လာ လဲတော့ သေချာ မမှတ်မိတော့ပါဘူး။ အိပ်မက်များ (ainmat.com) ဟာ ကျွန်တော် ရဲ့  စာတိုပေစ များကို အများရှေ့  ချပြ ရတဲ့ ပထမဆုံး နေရာလေးတစ်ခုဖြစ်လာတယ်။ အိပ်မက်များ(ainmat.com)မှာ ပထမဆုံး ရေးဖြစ်ခဲ့တာ က ကိုသုတထွန်း ကြိုက်တယ် လို့ ပြောတဲ့ "ကျေးဇူးတင်တယ်" ဆိုတဲ့ ကဗျာလေးပါဘဲ။ အဲဒီ ကဗျာ လေး ကိုဘဲ ပထမဆုံး comment ပေးသူက တော့ အိပ်မက်များ(ainmat.com)မှာ စာရေးနေ တဲ့ အေး(aye)ဆိုတဲ့ သူပေါ့ဗျာ။ သူ comment ပေးခဲ့ တဲ့ စာက တော့ "ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီကဗျာလေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်...ဒီးဒီး" တဲ့။
ကျွန်တော် လဲ နောက်ဆို စာတွေ ရေးရေး ပြီ မလွင့် ပစ်တော့ဘူး လို့ ဆုံးဖြတ်လိုက်တယ်။ အိပ်မက်များ(ainmat.com) မှာ တင်ပြီးရင်တော့ လွင့်ပစ်လိုက်တော့ မယ်။ ဒါမှမဟုတ်ရင် အရမ်းများလာ တဲ့အခါ စိတ်ရူပ်လာတယ်။
နောက် ကျွန်တော့် အိပ်မက်များ(ainmat.com)မှာ ရေး လာတာ နဲ့ အမျှ သူငယ်ချင်းတွေ ရလာ တယ်..သူတို့ ကိုတော့ မမြင်ဖူးပါဘူး။ဒါပေမယ့် သူတို့ က comment ရေး ရေးပေးနေတော့ စိတ်မှာ အရင်လို အရမ်း အထီးကျန်သလို မခံ စားရ ဘူးလေ။ တနေ့ စာရေးလိုက် ကိုယ်စာ ကို ဘယ်နှယောက် ဖတ်လဲ ကြည့် လိုက်၊ ဘယ်သူ comment ပေးလဲ ကြည့်လိုက် နဲ့...ကျွန်တော် ပျော်လာတယ်.။
ဒီနောက် ကျွန်တော် ကို ပထမ ဆုံး စာလုံးပေါင်း သတ်ပုံ အမှား ပြင် ပေးသူ ကတော့ အမ margaret (s'pore) ပေါ့။ သူပြင်ပေးတဲ့ အမှား က (အမှန်း) မဟုတ်ပါဘူး (အမုန်း) တဲ့။ (မှန်း)ဆိုတာ က ခန့်မှန်း တဲ့ နေရာ မှာ သုံးပြီး (မုန်း) ဆိုတာ အချစ်အမုန်း မှာ သုံးကြောင်း လဲ ရှင်းပြ ပါသေးတယ်။ ကျွန်တော် ဘယ်လိုခံ စားရမှန်း မသိအောင်ပါဘဲ ၀မ်းသာတာပေါ့ဗျာ။ တယောက် တည်း ဖြစ်သလိုနေ ဖြစ်သလို စား နေခဲ့ ဘ၀ ကြီး မှာ "ငါ့ကို ဂရုတစိုက်နဲ့ လူတွေ ရှိပါလား" ဆိုတာ အတွေးထဲ ၀င်လာတယ်။ သိပ်အထီးမကျန် နေတော့ဘူး ငါတယောက်တည်း မဟုတ်ဘူးဆို တာ သိလာခဲ့တယ်။

ကျွန်တော် ရေးတဲ့ စာကို ပထမဆုံး မိမိ အယူအဆ နဲ့ ရှင်းပြသူကတော tn ဆို တဲ့ စာဖတ်သူတယောက်ပါ။
ကျွန်တော် ရေး တဲ့ "အသက်ရှင်နေပေးပါ(stop suicide)" ဆိုတဲ့ စာစုလေးမှာ "suicide လုပ်သွားတဲ့ သူတွေဟာ အဲဒီ အချိန်မှာ သာမန် မဟုတ်ကြောင်း နဲ့  သာမန်လူတွေ အတွေး သလိုမျို; မတွေးနိုင်ပါဘူးတဲ့ "။
ကျွန်တော် က အမြဲမဟုတ်တောင် တခါတလေ ကိုယ်ကို ကို စမ်းစစ်ကြည့် တတ်တယ်။ ကျွန်တော် တွေး နေတဲ့ အတွေး က ဟုတ်မှ ဟုတ်ရဲ့  လားလို့လေ။ဘာ ဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် မှာ ခင်တဲ့ သူငယ်ချင်းတွေ မရှိလို့ ပါ။သူများတွေ သူငယ်ချင်းရှိပြီး ငါကျတော့ အပေါင်းအသင်း နည်းလိုက်တာ လို့ ခံ စား ရလို့ ပါ။

ခုဆို ကျွန်တော် ကိုယ် ပိုင် ဘလောက်လေး လဲ လုပ်ထားပြီ (www.deeedooe.blogspot.com) ဒါပေမယ့် ကျွန်တော့်ရဲ့  ပထမဆုံး နေရာ အိပ်မက်မျာဒ (ainmat.com) မှာ တင်ပြီးမှ ကျွန်တော့် ဘလောက်မှာ တင်တယ်...တခါတလေ ကျွန်တော် က အရမ်း serious ဖြစ်တယ်...အဲဒီလို ခါ ရေးမိတဲ့ စာ တွေ ကျတော့ မကောင်းဘူးထင် ရင် အိပ်မက်များ(ainmat.com)မှာ မတင်ဘူး။
ကျွန်တော် blog ရဲ့  cbox မှာ ပထမဆုံး comment ရေးပေးတဲ့ သူကတော့ ဏီလင်းညို (www.nyeelinnnyo.blogspot.com) ဖြစ်တယ်။ ပေးသွားတဲ့ comment က တော့" အိပ်မက်များ မှာ ရေး ကိုဒီးဒိုးလား ခင်ဗျ" တဲ့။

ကျွန်တော် ပျော်ပါ တယ်...ကျွန်တော် မှာ ကျွန်တော် အိပ်မက်များ(ainmat.com) ရှိနေသ၍ ကျွန်တော် နဲ့ ဝေမျှ ခံစားပေးမယ့် သူတွေ ရှိမယ်။
ကျွန်တော် ရေးတဲ့ စာတွေကို ကြိုက်တဲ့သူတွေရှိမယ်။
ကျွန်တော် ကို comment ပေးတဲ့ သူတွေ ရှိမယ်။
ကျွန်တော် ကို စာလုံးပေါင်း သတ်ပုံ ပြင်ပေးမယ်သူရှိမယ်။
ကျွန်တော် နဲ့ အယူအဆ ခြင်းဖလှယ် မယ့်သူရှိမယ်။
ကျွန်တော် ရဲ့  CBOX မှာ လာပြီး ရေးမယ့်သူတွေ ရှိမယ်။
ကျွန်တော့်စာကို ဖတ်ပေးသူအားလုံး ဟာ လဲ ကျွန်တော် ရဲ့ ပီတိ ဘဲ ဖြစ်တယ်။
ဒီတော့ ကျွန်တော် တယောက်တည်းမဟုတ်တော့ ဘူး ။မှန်တယ် ငါတယောက်တည်း မဟုတ်ဘူး...။
ပီတိ (သို့) တစ်ယောက်တည်းမဟုတ်ဘူး။

ဒီးဒိုး
၂၇၊၀၃၊၂၀၁၀

2 comments:

  1. ကိုဒီးဒိုးရေ......
    စာလာဖတ်တယ်ဗျ.....။
    ကျွန်တော်လည်း.....အလုပ်တွေရှုပ်နေတာဗျာ....။
    အိပ်မက်ကိုတောင် မရောက်ဖြစ်တာကြာပေါ့ဗျာ......။
    စာရေးနေတဲ့သူအချင်းချင်း၊ ဘလော့ရေးနေတဲ့သူအချင်းချင်း ခံစားချက်ကို နားလည်တယ်ဗျာ.....။
    ကျွန်တော်တို့ တစ်ယောက်ထဲမဟုတ်ပါဘူး.....။
    ဘေးနားမှာ အမှတ်တမဲ့နေမိလို့ မသိပေမယ့် သူငယ်ချင်းတွေအများကြီးရှိနေပါတယ်....။
    စာတွေအများကြီးဆက်ရေးနိုင်ပါစေဗျာ.....။
    အားပေးနေမယ်ဗျ......း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. နီးနီးလေး မှာရှိနေတယ် လို့ ခံစားရပါတယ် ဗျာ..

    ReplyDelete