Monday, April 5, 2010

ခွင့်ပေးပါ။

ဘာတွေဘဲ လုပ်လုပ်
ရင်ဆိုင်နေရတဲ့ သံသယမျက်လုံးတွေကြားမှာ
ရှင်သန်ခွင့်လေးတော့ပေးပါ...လုပ်ပိုင်ခွင့်လေး။

ဘယ်လောက်ဘဲ ချစ်ချစ်
ပြင်ဆင်စရာ ရှိခဲ့တဲ့ ကိုယ့်အချစ်တွေမှာ
ပြင်ဆင်ခွင့်လေးပေးပါ....ပြင်ပိုင်ခွင့်လေး။

ဘယ်လောက်ဘဲ မျှော်မျှော်
ပြန်မရောက်တော့မယ် သူတယောက်ကို
မြင်ယောင်ခွင့်လေးတော့ ပေးပါ...စိတ်ကူးခွင့်လေး။

ဖြူစင်သန့်ရှင်း ချစ်ပေါင်းများစွာ
နာမည်နဲ့ မလိုက် ရေတိမ်မှာ နှစ်ခဲ့ သလား..
ချစ်ခွင့်လေးပေးပါ....ပြန်ချစ်ခွင့်လေးဘဲ ပေးပါ..


ဒီးဒိုး
၀၅၊၀၄၊၂၀၁၀

No comments:

Post a Comment