Thursday, March 18, 2010

ည နဲ့ နေ့

နေ၀င်ချိန်ပြီးတဲ့နောက်
ငါ့မြို့ တော် အိပ်ပျော်နေပြီ..
ထိန်ထိန်ညှီးနေတဲ့ ရွှေပြည်တော်
မြဲတစေ လင်းနေတဲ့ ရောင်ခြည်တွေအောက်
အိပ်စက်ခြင်းကို ရှာဖွေနေဆဲ
နေ့လဲလင်း ညလဲလင်းလို့
လမင်းကိုတောင် မေ့နေကြလေရဲ့။

ည က နေ့ကို လက်မြောက် အရူံးပေးရင်း
နေ့ ရဲ့  ထိုးနှက်မှု တွေအကြောင်း
တစိုးတစိတောင် ဖွင့်ဟမသွားခဲ့ဘူး။

အချိန်တန်တော့ နေ့ က ညကို ရူံးသွားပြန်ရော။
အဲဒီ ကစားပွဲမှာ လူရွှင်တော် လဲပါတယ်။
သဘင်သည် လဲပါတယ်။
သူရူးလဲ ပါသလို ကလေးငယ်လဲပါတယ်။

ငါ့ ရွှေပြည်တော် ကြီးလဲ မှောင်မဲ လာတော့
နေ နဲ့လ တို့လဲ ထက်အောက် တလှည့်စီပေါ့
နတ်ကောင်း နတ်မြတ် တို့ လဲ ထပြီး ထမင်းစားလိုက်ကြအုန်း
ကြားကြ ရဲ့ လား လူအများရဲ့  ရင်ခုန်သံကို

ဒါဟာ အိပ်စက်ခြင်းလို့ ဆယ်ကျော်သက်တွေက ထင်တယ်
အမှန်တော့ ဘ၀ရဲ့  နေထိုင်ခြင်းဘဲ လို့ဆိုရင်း
သူတို့ကို အကန်းဘ၀ ထဲ ခေါ်ဆောင်သွားတယ်။

တခါတလေ......
အထူးသဖြင့် ညအခါမှာပေါ့
ငါတို့ မျက်စိ တွေ အဝေးကြီးကို မမြင်နိုင်တော့
အိပ်မက် ဘဲ ဆက်မက်ကြတာပေါ့။

ချဉ် နိုင်သမျှ ချဉ်တဲ့ အချဉ်ဆုံး သံပုရာသီးကို
အကောင်းဆုံးလို့ ဆိုပြီးရင်
နေမင်းကို ကန်ချဖို့
လမင်း ထွက်လာလိမ့်မယ်
နေမင်းကို လဲ လွတ်လပ်တဲ့နေရာ
လွတ်လပ်စွာ ပျံသန်းဖို့
ပတ်လမ်း တစ်ခုတော့ လိုနေလိမ့်အုန်းမယ်။

အမှန်တကယ်တော့
ညနက်သန်းခေါင်ယံမှာ
ကြည်လင်တောက်ပ တဲ့
အပြာရောင်ကောင်းကင်ကို
ငါလိုက်ရှာရင်း
ငါ့ ကိုငါ ပျောက်ဆုံး ခဲ့ရတယ်။




ဒီးဒိုး
၁၈၊၀၃။၂၀၁၀

No comments:

Post a Comment