Tuesday, October 1, 2013

အိမ်မက် ထဲက ကျောင်း..။


ကျောင်း...
ပြောင်းလဲနေတဲ့ မြန်ပြည် ခုခတ်တခေတ်မှာ နိုင်ငံတကာ အဆင့်မီကျောင်းတွေ ဖွင့်ကြတော့မယ် လို့ ကြားရတော့ ၀မ်းသာ ပီတိဖြစ်မိပါရဲ့။
ကိုယ် ကိုတိုင်က လည်း နိုင်ငံတကာ အဆင့်မီ ကျောင်း တက်ဖူးချင်ခဲ့တယ် ဆိုတဲ့ အိမ်မက်လေးတောင် မရှိခဲ့တာအမှန်ပါ။
အသက်မသေရုံတမယ် ၀မ်းစာကို ရှာရင်း အောင်ရင်တော်ပီကွာ ဆိုပီ အကြမ်းနည်းနဲ့ အပူတိုက်လို့ ရယူခဲ့ရတာဆိုတော့လေ။
နောက်လူတွေ အတွက် ၀မ်းသာပီတိ ဖြစ်မိပါရဲ့။

ခုခေတ် ရဲ့ အောက်ခြေကနေ ၀န်ကြီး အဆင့်ထိ တကယ် လိုအပ်နေတာ ပညာရေးလား ဆိုတဲ့မေးခွန်း မေးကြည့်ပြန်တော့လည်း
မှန်ပါတယ် ပညာမြင့်မှ အစစ အရာရာ မြင့်မားလာမှာကိုး။
ဒါပေမယ့် ဒီကနေ့ လက်တွေ့ ပြန်တွေးကြည့်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အရှေ့တောင် အာရှမှာ အောက်မကျသေးတာ တွေ့နိုင်ပါတယ်။
ဘာလို့ ကျွန်တော်ပြောနိုင်တာလဲ ဆို တော့ အနီးစပ်ဆုံး စင်ကာပူနိုင်ငံမှာဘဲ ကြည့် မြန်မာနိုင်ငံ က အင်ဂျင်နီယာ ဘွဲ့ ရလာတဲ့ သူကို pass အလိုက် ထိုက်တန်တဲ့ လစာ ကို ပေးထားတာကိုကြည့်ခြင်းအားဖြင့်တွေ့နိုင်ပါတယ်။
အင်ဂျင်နီယာ ဘွဲ့ယူလာ ပီး ဘာအလုပ်ရရ လုပ်မယ်ဆိုတာ မပါပေါ့ဗျ။
ဘွဲ့ရ တယောက်ကို လည်း တခြား အရှေ့ တောင်အာရှမှာ မပေးနိုင်တဲ့ လစာပေးထားတာအမှန်ပါဘဲ။
ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိလို့ ဒီလောက်ရလည်း တော်ပါပီကွာ ဆိုတဲ့ သူမပါပေါ့လေ။
တကယ်လို့ သာ စင်ကာပူ နိုင်ငံက ဒီလောက်မဟုတ်ပါဘူးကွာ ဆိုပီး အောက်ချ သတ်မှတ်လို့ ရပါတယ်။
စင်ကာပူ ဒီလောက် မညံ့ပါဘူး။
မြန်မာ ဘွဲ့ရတွေလည်း ဒီလောက်မညံ့ပါဘူး။

ဒါပေမယ့်
မြန်မာနိုင်ငံ အတွက် အဓိက လိုအပ်နေတာ က မူကြိုကျောင်း..။
ဘာလို့ မူကြိုကျောင်းလည်း လို့ ဆိုရာမှာတော့။
မြန်မာ နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်မယ့် ခေါင်းဆောင်သစ်တွေမှာ နှလုံးရည် ပိုမိုတိုးတက်လာစေချင်လို့ပါဘဲ။
ခုခေတ် ခေါင်းဆောင်တွေက နှလုံးရည် မှာ အ၀ိစိကို ရောက်နေတယ်။
ကိုယ်ချင်းစာ စိတ်မရှိဘူး။
ကြင်နာ သနားစိတ်မရှိဘူး။
ငါ့အတွက် ဘဲ ကြည့်နေတယ်။
ငါလွတ်ရင် ပီးရော ဆိုလုပ်နေကြတယ်။
ငါ့နေရာ မကျရေး ဆိုတာဘဲ တွေးနေကြတယ်။
team work ကို နားမလည်ကြဘူး။

အဲလိုဘဲ နောက်လိုက်ငယ်သားတွေကလည်း
ခိုမယ်၊ကပ်မယ်။
ရှေ့တမျိုး၊နောက်တမျိုးလုပ်မယ်။
ပီးရင်လဲ ပီးသွားတာပေါ့ကွာ..။
နောက်ဆုံး လုပ်သင့် လုပ်ထိုက်တဲ့ အမိန့် ကိုတောင် လွန်ဆန်လာကြတယ်။
ငါ့ခေါင်းဆောင်အတွက်၊ငါ့အလုပ် ဘယ်လို လုပ်မယ် ဆိုတာ မရှိတော့ဘူး။

ဒီလို အတ္တဘောကြီးတွေ ဦးဆောင်လုပ်နေ၊နောက်လိုက်နေမှတော့ ဘယ်လို ငြိမ်းချမ်းသာယာမလဲ။ဘယ်လိုတိုးတက်မလဲ။
ဒီလို စိတ်ဓါတ်တွေရှိတာကိုလည်း သူတို့တွေကို အပြစ်မတင်လိုပါဘူး။
သူတို့မှာ ကိုယ်ချင်းစာ တရားရှိဖို့ ကျောင်းနေစဉ် ကာလ ကိုယ်ချင်းစာတရားနဲ့ ပတ်သက်လို့ ဘာမှ မလုပ်ခဲ့ရဘူး။
ကြင်နာ သနား ခြင်းဆိုတဲ့ စိတ်ဓါတ်လေး ၀င်ဖို့ ဘာမှ မလုပ်ခဲ့ရဘူး။
ငါ စာမေးပွဲအောင်မှ ဖြစ်မယ် ဆိုတဲ့ စိတ်ကလေးနဲ့ တခါတလေ ကိုယ်သိတာ သူတပါးကို ဝေငှဖို့ ဆိုတဲ့ အစဉ်အလာ လဲ မလုပ်ခဲ့ရဘူး။
ခုနောက်ပိုင်း ကျောင်းတွေမှာ ကျောင်းသူကျောင်းသား အားလုံး စုဖွဲ့ပြီး လုပ်တဲ့ လုပ်ငန်းတွေ မရှိတော့ဘူး။
သူတို့လေးတွေရဲ့ အပြစ်မဟုတ်ပါဘူး။

ပညာရေးကို ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတဲ့ အသိညဏ် မရှိတဲ့ လူတွေ ချမှတ်ခဲ့လို့ သာ ဒီလို ဘရုတ်ဘရက် ဖြစ်ခဲ့ရတာပါ။
ဒီလိုဆိုရင် ဒီကနေ့ ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစား စရာဖြစ်ခဲ့ပြီပေါ့။
သူငယ်ချင်းတယောက် ကပြောတယ်။
" ဟရောင် ကြီးကြီး ကျယ်ကျယ် တွေလုပ်မနေပါနဲ့ကွာ ဒီကနေ့ ကစလို့ နောင် နှစ်ပေါင်း တရာမှာ ဒီကနေ့ အသက်ရှင်တဲ့ လူတွေ တယောက်မှ ဒီကမ္ဘာ ပေါ်မှာ မရှိတော့ဘူးကွ"
ဒီကနေ့ ဒီကမ္ဘာကြီးရဲ့ အနာ၈တ်က အသက် ၄၀ နှစ် အထက်တွေအတွက်မဟုတ်တော့ဘူး။
ဒီကနေ့ အသက် ၄၀ နှစ်လူတွေက ဆက်ဦးဆောင်နေရင် မြန်ပြည် လည်း ဒီထက် တိုးတက်စရာ အကြောင်းမရှိတော့ဘူး။
ဘာလို့လဲ ဆိုတော့ အကျင့်တွေကို မပြောင်းလဲ နိုင်ကြတော့ဘူး။

ဒီကနေ့ မြန်ပြည်ရဲ့ ရပ်ကွက်တိုင်းမှာ ခေတ်မီ မူကြိုကျောင်းတွေဖွင့်...။
ဆရာ၊ ဆရာမ တွေကိုလည်း သေချား စီစစ်။
စိတ်မဆိုး၊စိတ်မတိုတတ်တဲ့ ဆရာမ၊ ကိုယ်ချင်းစာ တရားအပြည့်ရှိတဲ့ ဆရာမ၊လေသံ မာမာတောင် မပြောတတ်တဲ့ ဆရာမ။
လိုအပ်ရင် နိုင်ငံခြားကခေါ်။အမြင့်ဆုံး လစာကို ပေး။
ကိုယ်ရည် ကိုယ်သွေးမြင့်မားတဲ့ ဆရာ၊ဆရာမတွေကို နောင် အနှစ်လေးဆယ်မှာ မြန်မာနိုင်ငံကို ဦးဆောင်မယ့် ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး ဒါဆိုရင် နောင်အနှစ်လေးဆယ်မှာ မြန်ပြည်ဟာ အလွန်ကောင်းမွန်လာနိုင်မယ်။

ဒါမှမဟုတ်ရင်တော့
ကိုယ်ချင်းမစာတတ်သော
ငါ့ဖို့ အတ္တကြီးလွန်းသော
ခွဲခြားဆက်ဆံတတ်သော..
ရှေ့နောက် မညီညွတ်သော
အမြီးကြက် အမြီးစား ခေါင်းကျက် ခေါင်းစား သော
ရေဗူး မလို ရေကို သာလိုသော.....
တပါးသူကိုသာ အားကိုးတတ်သော
အမျိုးသားချင်း နှိမ့်ချ ရန်လိုတတ်သော
ငါသာ ကောင်းသည် ဟု ထင်တတ်သော
ခေါင်းဆောင်များ သာ ဆက်အုပ်ချုပ်ကာ မြန်ပြည်ကြီးလည်း အမှုန့် ပင် ဆယ်မရနိုင်တော့ပါလေ။

ဒီကနေ့ကစ နောင် အနှစ်တရာမှာ သန်း ၇၀၀၀ လူတွေဟာ ဒီကမ္ဘာမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။

ဒီးဒိုး။၂၉၊၀၆၊၂၀၁၃။၁၆၀၈နာရီ။







1 comment:

  1. ကိုယ်ရည် ကိုယ်သွေးမြင့်မားတဲ့ ဆရာ၊ဆရာမတွေကို နောင် အနှစ်လေးဆယ်မှာ မြန်မာနိုင်ငံကို ဦးဆောင်မယ့် ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး ဒါဆိုရင် နောင်အနှစ်လေးဆယ်မှာ မြန်ပြည်ဟာ အလွန်ကောင်းမွန်လာနိုင်မယ်။

    ReplyDelete