Thursday, September 13, 2012

လန်ဘရားဒေါ ရေသူမ (labrador mermaid)သို့ တောင်းပန်ခြင်း (၁)။



ရာဇ၀င်မှာ လန်ဘရားဒေါ ခံတပ်
ခုခံအား ကောင်းကောင်းနဲ့
ကျူးကျော်သူ ကိုတွန်းလှန်ခဲ့ဖူးတယ်။

သူ့ရဲ့ဂုဏ်ရောင်
ပိုထွန်းပြောင်ဖို့
သမိုင်းရဲ့ ခြေရာတချို့
ဒီနေ့ထိရှိနေသေးတယ်။

အဲဒီ ရာဇ၀င်တွင်တဲ့
လန်ဘရာဒေါ ခံတပ်တောင်ပေါ်မှာ
၂၁ရာစုရဲ့ အချစ် သမိုင်းတခု
ရာဇ၀င် မတွင်လောက်ပေမယ့်
သက်ဆိုင်သူ တော့ သိနေလိမ့်မယ်။

တပြည်တရွာ က အချစ်နဲ့
ဘ၀တွေ ခြားနေပေမယ့်
မြင်မြင်ချင်း ချစ်ခဲ့ကြတာ
ဘ၀တွေ ကိုပါမေ့လို့ပေါ့။

အချိန်တန်လို့ ဘ၀မှန်တွေကို သိတော့
ဖြတ်မရတဲ့ သံယောဇဉ် ကြိုးရစ်နှောင်ခဲ့ပြီ
ဘ၀တွေ ကို ဂရု မစိုက်ဘဲ တူနေဖို့ကျတော့
နင်ကလည်း ကုန်းပေါ် တက်လို့ မဖြစ်
ငါကလည်း ရေထဲ ဆင်းလို့ မရနဲ့
ချစ်သူရယ်။

ကံဇတ်ဆရာရဲ့ အလိုကျ
ဆုံးဖြတ်ခဲ့ကျပေမယ့်
တရက်မတွေ့ ရင် မနေတတ်အောင်
နေထိုင်လာရင်းက
အချိန်ရဲ့ ရစ်နှောင်ခြင်းအောက်
တို့နှစ်ယောက် ပိုခိုင်မာ ခဲ့တယ်။

လန်ဘရာဒေါ ကမ်းခြေမှာ
ခြေရာခြင်းထပ် လျောက်လှမ်းကြရင်း
မင်းနေတဲ့ ကမ္ဘာကြီးအကြောင်း
ပြောပြခဲ့ဖူးတယ်။
ရင်ခွင်မှာ တင်းကျပ်စွာ
နွေးထွေးထားရင်းက
အသက် ရူရပ်တန့်မလို ဖြစ်တဲ့ အခါ
မင်းနေရပ်ဆီ ပြန်သွားတိုင်း
ငါလေ ပြန်လာပါ့မလား
တွေးသံသယတွေနဲ့
ငိုကြွေးနေခဲ့ဖူးတယ်။

လန်ဘရာဒေါ တောင်ပေါ် ကနေ
ဟိုးအဝေး ပင်လယ်ဆီကို
နေ၀င်ချိန်အလှ လှမ်းမျှော်ကြည့်ခဲ့ပေမယ့်
တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
မမြင်ခဲ့ကြ ဘူးအောင်
အပျော်တွေ ဖုံးလွမ်းခဲ့ တဲ့
ညနေဆည်းဆာ လည်းရှိခဲ့ဖူးတယ်။

ဒီးဒိုး။၁၁၊၀၉၊၂၀၁၂။ ည ၁၁ ၃၇

No comments:

Post a Comment