Saturday, March 3, 2012

တူရှိမယ့်နေ့ရက်။


မနက် ဖြန်
မဟုတ်သေးဘူး။

သဘက်ခါ
မဟုတ်သေးဘူး။

နောက် တလ လည်း
မဟုတ်သေးဘူး။

ချစ်သူ ရေ

ခန္ဒာကို နှစ်ကိုယ်ခွဲလို့
တကိုယ် က မင်းရဲ့
ပြန်လာမယ့် မျှော်နေတဲ့
နေ့ရက်ကို ချိုးဖျက်လို့
အနမ်းတွေနဲ့ နှစ်သိမ့်ချင်တယ်။

ကျန်တကိုယ် က
နှစ်ယောက် တဘ၀တွက်
ကြိုးစားလို့ ရုန်းပေါ့။

မျှော်နေတဲ့ နေ့ရက် နဲ့
ပြန်ရမယ့် နေ့ရက်
ထပ်တူကျမယ့် နေ့ဟာ

မနက်ဖြန်လား
သဘက်ခါ လား
နောက် တလများ
ဖြစ်နေမှာလား။

ချစ်သူရယ်.......။

No comments:

Post a Comment