Tuesday, February 21, 2012

တစ် ကပြန်စ။

အမြဲတမ်း တစ် ကစနေရ တဲ့ဘဝ
ဘယ်အချိန် ရပ်ပါမယ်။

ကံတရား ကဘဲ တဖက်သတ်ဆန်နေလား
ငါရေတွက်တဲ့ ဂဏန်းတွေကို ချေမွပစ်လိုက်ပြန်ပြီ။

အားကိုးတကြီး ခေါ်ချင်တဲ့ အဖေ
ဒိုင်း၊ဒိုင်း သံကြားမှာ
ငါလေ မတွေ့ဖူးတော့ဘူး။
အဖေ ဘယ်မှာလဲ။

မျှော်လင့်ကြီးစွာ ဖူးမျှော်ချင်တယ် အမေ
ဟင့်အင်း ဆိုတဲ့ ငြင်းသံအောက်
နောက်ထပ် ငါလေ မတွေ့ဖူးတော့ဘူး။
ဘယ်မှာလဲ မေမေရယ်။

အနာဂတ် ကိုတည်ဆောက် ပေးမယ့်
ခနော်ခနဲ့ ကျောင်းလည်း စွန့်ထားခဲ့ပြီ။

မိသားစု နွေးထွေး ဘယ်အရာနဲ့မှ မလဲနိုင်တဲ့
တို့ တဲ အိမ်လေးလဲ ပြိုလဲ ခဲ့ပြီ။

အသက်ဆက်ပေး မယ့် တို့ စပါးကျီ
ပြာပုံ အတိပါပေါ့။

ဝုန်း၊ဒိုင်း တွေကြားမှာ
အအေးလွန်တဲ့ သဘာဝက ထိုးနှက်တယ်။

အေးခဲ့တဲ့ နှင်းတွေကြားက
ရောဂါတွေက နှိပ်စက်ပြန်တယ်။

ကဲ
လိုချင်တာ
ရချင်တာ အကုန်သာ ယူသွားလိုက်တော့
မနက်ဖြန် နေထွက်ရင်
တစ်က ပြန်စဖို့
ဒီည ကောင်းကောင်းအိပ်မယ်။

ဒီးဒိုး။
၂၁၊၀၂၊၂၀၁၂။

1 comment:

  1. ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး ဖတ်သွားတယ် .. စစ်ပွဲတွေနဲ့ ဒေသတွေကို မြင်ယောင်ရင်း ..

    ReplyDelete