Saturday, December 31, 2011

အမှန်တရား.

၁၊
ငါ့မျက်စိ က အကောင်းကြီးပါ
စေတနာနဲ့ ပါဝါ မျက်မှန် မင်းတတ်ပေးမှ
ငါ့ အမြင်အာရုံတွေေ၀၀ါးသွားပေါ့...။

ငါ့လက်တွေ က အကောင်းကြီးပါ
စေတနာနဲ့ လက်အိတ် မင်းဝတ်ပေးမှ
ငါ့ လက်က ကလောင် ဘယ်လို သွေးပါ့။


ငါ့ခြေထောက်က အကောင်းကြီးပါ
စေတနာနဲ့ မင်းဘီးတတ်ပေးမှ
ငါ လိုရာကို မရောက်တော့ဘူး...။

၂။
ငါ့ရဲ့ ပါးစပ် ကို ပိတ်ခိုင်းတာလား
ငါ့မျက်လုံး က အဓိပ္ပါယ်ကို
မင်တို့ ကြည့်ရုံနဲ့ သိနိုင်မှာလား။

ငါ့ရဲ့ မျက်လုံးတွေကို ပိတ်ခိုင်းတာလား
ငါ့ စိတ်တွေ(တွေး)တဲ့ အဓိပ္ပါယ်ကို
မင်းတို့ မှန်းဆရုံနဲ့ သိနိုင်ပါ့မလား.....။

ငါ့ရဲ့ ခန္ဒာ ကို အလုံပိတ်ထဲထည့်
ငါ့ခံယူချက်တွေကို ဖြိုခွင်းလိုက်
နောက်ဆုံး
ငါ့ဝိညာဉ် ကို အဆုံးသတ်ပေးမှာလား....။
ငါတို့ရဲ့ အရိုးတွေထ တွန်လိမ့်မယ်......။

ဒီးဒိုး။
၂၅၊၁၂၊၂၀၁၁။
(၀၀:၃၆)

No comments:

Post a Comment