Saturday, December 17, 2011

ကြွေလွင့် ကြယ်ပွင့်များ သို့.....

ကြည်လင်တဲ့ ကောင်းကင်ထက်

အလင်းလက်ဆုံး အလင်းတွေနဲ့လမ်းပြ

မင်းရဲ့ သေခြင်းကို အဆုံးသတ်ခဲ့ပြီ။


မင်းချစ်တဲ့ တောင်တန်းတွေ မှုံရီ

မင်းမြတ်နိုးတဲ့ စမ်းချောင်းတွေ တုန်ရီ...လို့

မင်းရဲ့ သေခြင်းနဲ့ အနားသတ်

သူတို့လေးတွေရဲ့ ဘ၀ ရှင်သန်စေခဲ့ပြီ......။


မင်းချစ်တဲ့ တောင်ပေါ်မှာ

အာဇာနည် ဗိမာန်တည်မယ်

မမြင်ဝံ့ ရုပ်အလောင်း

ရဲရဲ ၀ံ့ဝံ့ ကြည်လို့

နှလုံးသားထက် သံမှိုစွဲနှက်

စိတ်မှာမမေ့ဘူး။

တို့လက်တွေ လည်း မအေးဘူး။

မင်းလည်း ဘယ်တော့မှ မသေဘူး....။


မင်းအသက်ပေးချစ်တဲ့ တို့အားလုံးရဲ့ မနောမြေ

ဂုဏ်ရောင်ပြောင်တဲ့ စိတ်ဓါတ်

မနောမြေရှိသရွေ့  မင်းမသေဘူး

မနောမြေလည်း မဖောက်ပြန်ဘူး....။


လာမယ့် လာမယ့် နှစ်တွေမှာ

မင်းရှိတဲ့ မနောမြေ အာဇာနည် ဗိမာန်

အလှပဆုံး ကိုးကွယ်စရာဖြစ်

နောင်ခေတ်လူတွေ ရှိလာအုန်းမယ်...။။



ဒီးဒိုး။

၁၇၊၁၂၊၂၀၁၁။

No comments:

Post a Comment