Monday, May 2, 2011

ဖြစ်သလို....။

စားမယ် စားမယ်
ကဲ ဖြစ်သလိုဘဲ စားလိုက်မယ်ကွာ
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။

ဝတ်မယ် ၀တ်မယ်
ကဲ ဖြစ်သလိုဘဲ ၀တ်ကြအုန်းစို့
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။
ိ
နေမယ် ထိုင်မယ်
ကဲ ဖြစ်သလိုဘဲ နေထိုင်ကြမယ်
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။

မခေါ်ဘဲ ရောက်လာမယ့် သေမင်း
ကဲ ဖြစ်သလိုဘဲ သေမလား
ရှာတဲ့ငွေကြေး တမလွန်မှာ သုံးအုန်းမလား။
ရှိတဲ့ အချိန်လေး အသေဖြောင့်ဖို့
အချိန်ပို တွေ ဘေးဖယ်
ဘုရားတရား လေးလုပ်အုန်းမှပါလေ...။



ဒီးဒိုး။
၁၊၀၅။၂၀၁၁

1 comment:

  1. အသက်လည်း ကြီးပြီ လုပ်သင့်တာပေါ့
    ဘုရားတရားပြောပါတယ် :P

    ReplyDelete