Sunday, April 24, 2011

တဏှာ

ငါ့ အခန်းကျဉ်းလေးထဲမှာ
လေးပေ မီးချောင်းထွန်းညှိထားပေးမယ့်
ငါဘာမှ မမြင်ရပါလား။
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
အခန်းကျဉ်းလေးကိုလည်း မစွန့် နိုင်ပြန်ဘူး
ငါ့အတွက်တော့ တစ်ခုတည်းသော နားခိုရာမို့ပါ။

ငါ့ခေါင်းအုံး ငယ်လေး
အိပ်စက်ခြင်းတွေ မယူဆောင်ပေးနိုင်ဘူး။
နူးညံ့တဲ့ အထိအတွေ့နဲ့ စောင်လေး
နှလုံးသားကို မနွေးထွေး စေနိုင်ဘူး။
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
ခေါင်းအုံးနဲ့ စောင်ငယ်လေး မစွန့် နိုင်ပြန်ဘူး
ငါ့အတွက်တော့ တစ်ခုတည်းသော အိပ်စက်ရာမို့ပါ။

ငါ့ရဲ့ စာအုပ်ငယ်လေး
ခံစားချက်တွေကို မစာနာနိုင်ဘူး။
လူတွေသိအောင် မကြေငြာနိုင်တဲ့ ဝေဒနာ
စာအုပ်ငယ်လေး မင်းတယောက်သာ အနားမှာ
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
စာအုပ်ငယ်လေးကို လည်း မစွန့်နိုင်ပြန်ဘူး
ငါ့အတွက်တော့ ဝေမျှခံစား နေရာလေးတစ်ခုမို့ပါ။


ဒီးဒိုး။

No comments:

Post a Comment