Friday, October 8, 2010

တွယ်ရာမဲ့ ည။

ဟိုအရင် အတူထိုင်ခဲ့ဖူးတဲ့နေရာ။

ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေကအေးမြလတ်ဆတ်နေဆဲ။ အရင်တိုင်းအပြောင်းမလဲ ဘဲပေါ့။

လေလာရာဘက်ကို မျက်နှာမူထားရင်းက..

လေရဲ့ လားရာဘက်ကို မျက်နှာပေးလို့ မျက်လုံးမှိတ် ထားတတ်တဲ့ သူမကို မြင်ရောင်လာပြန်တယ်။

ချက်ချင်းဆိုသလို ဘေးကိုကြည့်လိုက်မိတယ်။ ဘယ်သူမှ မရှိဘူး။

ကန်ရေပြင်လည်း လှိုင်းကြက်ခွက် တို့နဲ့ လှုပ်ရှားနေဆဲ။

ငါးကလေးတချို့ ကူးခတ်သွားနေတာတွေတယ်။

ရေဘဲ တကောင်လည်း ရေငုတ်သွားလိုက်၊ပြန်ပေါ်လာလိုက် နဲ့။

ညနေ၀င် ဆည်းဆာကို တော့ ကျောခိုင်းထားရတယ်။


မျက်လုံးကို မှိတ်လို့ လေလားရာဘက်ကို မျက်နှာမူထားလိုက်မိတယ်။

နသယ်ကြားကို ဖြတ်သန်းသွားတဲ့ လေတိုးတဲ့ အရသာလေးကို ခံစားနေလိုက်တယ်။

ရင်ထဲမှာတော့ ဆွေးမြေ့မြေ့လေး နဲ့ လွမ်းနေမိတယ်။

သူမမျက်နှာလေးကို မြင်ရောင်လာပြန်တယ်။


“အစ်ကို”...ရင်းနှီးလွန်းတဲ့ အသံ နားနဲ့ ဆတ်ဆတ်ကြားလိုက်တာကြောင့်

ဆွေးမြေ့နေတဲ့ရင် အစုံကို ထိန်းချုပ်လို့ နောက်ကို လှည့်ကြည့်လိုက်တော့

ဆံပင်တိုတို...ကော်ဖီရောင် စကပ်တို၊ အဖြူရောင် တီရှပ်နဲ့ ကော်ဖီရောင် ကြိုးသိုင်းဖိနပ် ကို စီးထားတဲ့ သူမကို

တွေ့လိုက်တယ်။


နာကျင် ဆွေးမြေ့နေတဲ့ ရင်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လို့ ပြုံးပြလိုက်ချိန်မှာဘဲ သူမက

“ဘာကြည့်နေတာလဲ”

“မမြင်ဖူးလို့လား”

“အံ့သြသွားလား”

“အစ်ကို ဆီ ညီမ လာတာလေ”

“ညီမ ၏ဒီဆံပင် ပုံစံနဲ့ လိုက်လား” လို့ အဆက်မပြတ်ပြောရင်းက သူမ ခေါင်းလေးကို ခါရမ်းလိုက်တယ်။

”စကတ်ဝတ်ရင် လှတယ်ဆိုလို့ စကတ်ဝတ်လာတာလေ”

”လှတယ် မဟုတ်လား ဟင်”

“ဖိနပ် ကကော ညီမနဲ့ လိုက်တယ် မဟုတ်လား” ဆိုပြီးတော့ သူမခြေထောက်ကို ရှေ့ထုတ်ပြီးပြလိုက်သေးတယ်။


”အင်း” ရင်ထဲက အလှဆုံးပါဘဲဗျာလို့ ချီးမွမ်းချင်ပေမယ့် ပါးစပ်က အင်း တလုံးဘဲ ထွက်လာတယ်။

“ကြည့် အဖြေကလည်း အသက်မပါလိုက်တာ”

“အဲလိုမျိုး နေတာ မကြိုက်ပါဘူး ဆိုမှ”

”ပြန်တော့မယ်ကွာ”

ပြောပြောဆိုဆို ဘဲ ဘေးမှာဝင်ထိုင်လိုက်ပြန်တယ်။

သူမရဲ့ ရေပက်မ၀င်နိုင်တဲ့ စကားလုံးတွေကြားမှာ သူမ မသိအောင် ပင့်သက်ကို ရှိုက်သွင်းမိတယ်။

သူမ က

အစ်ကို ၏ဒီဘက်လှည့် ဆိုပြီးတော့ ကျွန်တော် ဆံပင်တွေကို ဘေးခွဲ ခွဲသပ်ပေးရင်း

“အစ်ကိုက ၏ဒီလိုဆိုရင်တော့ လူလိမာလေးနဲ့တူတယ်” ပြောရင်း ရီနေတယ်။

ကျွန်တော် က တချက် ပြုံးပြလိုက်တယ်။

သူမ လည်း ကန်ရေပြင်ဖက်ကို ကြည့်နေတယ်။


ကျွန်တော် တွေ့လိုက်တယ်။သူမ မျက်နှာ အမူအရာ နဲ့ မျက်လုံးအရောင် ပြောင်းသွားတာကိုလေ။

သိတယ်လေ..။ဒီနေရာတွေက သူမ မစိမ်းခဲ့တဲ့နေရာတွေဘဲ။

သူမလည်း လွမ်းခြင်းတွေ မပယ်ဖျက်နိုင်တဲ့ လူသားတယောက်ဘဲမဟုတ်လား။

ကျွန်တော့်ရင်ခွင်ထဲ မှီနေရင်း သူမ မျက်လုံးတွေ မှိတ်ထားတယ်။

ခဏကြာတော့ မျက်လုံးပြန်ဖွင့်ရင်း ကန်ရေပြင်ကို သူမ ငေးကြည့်နေပြန်တယ်။

ပြီးတော့

“အစ်ကို သိလား”

“ညီမတို့ အဲ၏ဒီနေရာမှာ ထိုင်ခဲ့ဖူးတယ်”

ညီမတို့ ဆိုတဲ့နေရာမှာ တယောက်က သူမကိုယ်တိုင်ဖြစ်ပြီး ကျန်တယောက်က ကျွန်တော် မဟုတ်တာ

သေချာတယ်။

ကျွန်တော်တွက်တော့ ချစ်နေ၊ပိုင်ဆိုင်ခွင့်ရနေခိုက် ခဏလေးမှာ ထားခဲ့မယ့် အချိန်လေးကို ဘဲစောင့်နေရင်း

ချစ်နေခဲ့မိတယ်။

သူမ အတွက်တော့ ချစ်နေ၊နီးနေရတဲ့ အခိုက်အတန့်လေးမှာ အတိတ်ဟောင်းတွေကို လွမ်းဆွတ်ဖို့

အကြောင်းတွေသာ ဖြစ်နေခဲ့ပြီလား။

ခန္ဒာကိုယ်ချင်းနီးကပ်စွာ ရှိနေခဲ့ပေမယ့် စိတ်ခံစားချက်တွေ မတူညီစွာ ကန်ရေပြင်ကို ကြည့်ငေးရင်း

ကန်ဘောင်ပေါ်မှာ ထိုင်နေခဲ့ကြတယ်။

ဒါပေမယ့်...အဲဒီ မတူညီခြင်းတွေကို ဘဲ ညီမျှသွားအောင် ကြိုးစားခဲ့ကြတယ်။

ပြီးမှ....

“ဆောရီးနော် အစ်ကို”

“ညီမက စတာပါ”

“ချစ်လို့ စတာ” ၏ဒါနဲ့

“အစ်ကို ညီမတို့ အတူနေကြရင် ဘယ်လိုအိမ်နဲ့ နေမလဲဟင်”

“ကျွန်တော်ကတော့ ပျဉ်ထောင်အိမ်ကြီးကြီးကို ကြိုက်တယ်ဗျ”

“ဟာ အစ်ကို ကလည်း စကားပြောရင် ကျွန်တော် ကျွန်တော် ဆိုပြီးမပြောပါနဲ့ဆို”

“အိမ်ကြီးကြီးတော့ မလုပ်ပါနဲ့ ညီမ သန့်ရှင်းရေး မလုပ်နိုင်ဘူး”

“ဒါနဲ့ အိပ်ရာခင်းက ဘာအရောင်ကြိုက်လဲ”

“ကျွန်တော် အဲ....အဖြူရောင်ကြိုက်တယ်”

“အစ်ကိုကလည်း ညီမက အရုပ်လေးတွေပါတာဘဲ ကြိုက်တယ်..၏ဒါပေမယ့် တခါတလေလည်း အဖြူရောင်

သုံးတာပေါ့နော့်”

“အတူနေရင် နှစ်ယောက်တည်းဘဲ နေမယ်နော်”

“ဟုတ်ပါပြီ..ဟုတ်ပါပြီ”

“သိလား အစ်ကို”

“အမေက ညီမတို့ ကိုသဘောတူမှာ မဟုတ်ဘူး”

“အင်း”

“ညီမတော့ စိတ်ညစ်တာဘဲ”

ဆိုပြီးတော့ ဆုပ်ထားတဲ့ ကျွန်တော်လက်ကို ကိုင်ကြည့်ပြီး

“လက်သည်းတွေလည်း ရှည်နေပြီနော်”

“အင်း”

“အစ်ကို လက်တွေကလည်းအေးစက်နေတာဘဲ”......ဆိုရင်းက

အသိညဏ်တို့ ခနာကိုယ်ထဲ ၀င်ရောက်လာတယ်။

မျက်လုံးကို အားယူပြီးဖွင့်ကြည့်တော့ လေအေးပေးစက် က ၂၀၏ဒီဂရီ စင်တီဂရိတ်မှာ။

ရုပ်မြင်သံကြားပေါ် တင်ထားတဲ့ နာရီ က နံနက်၂နာရီ၁၁မိနစ် ကိုပြရင်း အချက်မှန်မှန်နဲ့ ခရီးဆက်နေလေရဲ့။

စောင်နဲ့ ကင်းလွတ်နေတဲ့လက်တဖက် တော့ အေးစက်ထုံကျင်နေတယ်။

အဲ၏ဒီ အေးစက်နေတဲ့ လက်ထဲမှာတော့ သူမ ၏ဓါတ်ပုံလေး ငြိမ်သက်စွာ။

မသိစိတ်ကနေ ဖုန်းကို လှမ်းယူ ပြီး နှိပ်လိုက်တယ် နံပါတ်တစ်ခု.၀၀၆၅............။

ဖုန်းကအကြောင်းပြန်လာတယ်(The M1 customer your calling is currently unaviable try again later)။

စိတ်က ချက်ချင်းဘဲ သူမဆီရောက်သွားတယ်။

ဒီအချိန်ဆို ဟိုမှာ ၇နာရီ၂၀မိနစ် အလုပ်သွားချိန်။

အမ်အာတီ ပေါ်မှာလား.....။လမ်းလျောက်နေမလား...ကျွန်တော်ကို များ သတိရနေမလား....။....လား။


မေ့လိုက်ချင်တဲ့ အတိတ်တွေလဲ အိပ်မက်တွေမက်တိုင်း အသစ်ဖြစ်ဆဲ။

မလိုချင်တဲ့ အလွမ်းတွေ ရင်ထဲရောက်ရောက်လာဆဲ။

သူမနှင့်ပတ်သက်သမျှ နာကျင်မှုတွေ မရှိတော့ပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း တမ်းတလွမ်းဆွတ်မိပါရဲ့။

ကျွန်တော့်တွက်တော့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်တာ။

ချစ်နေရရုံလေး၊တမ်းတနေရရုံလေး၊စောင့်စားနေရရုံလေး၊ရင်ထဲမှာ နွေးနွေးလေး နဲ့ အိမ်မက် မက်တဲ့ တွယ်ရာမဲ့
ဲ့
ည တွေမှာ သူမ ကျွန်တော့်ကို သတိရနေမယ်လို့သာ...............။


ချစ်ခြင်းများစွာဖြင့်

ဒီးဒိုး။
၂၈၊၀၉၊၂၀၁၀။

No comments:

Post a Comment