Friday, October 1, 2010

သို့.။

ကျည်ကာအင်္ကျီ
သံခမောက်နဲ့
စစ်ဖိနပ်စီးလို့
ငြိမ်းချမ်း လုပ်ဖို့
သူသွားမတဲ့။

မောင်းပြန်ရိုင်ဖယ်
သေစေမယ့်သေနတ်
တိုရှည်တွေနဲ့
ဒါးမြှောင်၊လက်ထိတ်
ခါးမှာချိတ်လို့
ငြိမ်းချမ်းရေးဆီ
သူဦးတည်မတဲ့။

ပြင်ထားကြပါ
တို့လက်နက်တွေ
ငြိမ်းချမ်းရေးတွက်
တဖွဖွ အော်ရင်း
ကမ္ဘာမြေအနှံ့
မီးဟုန်းဟုန်း
တောက်လောင်ခဲ့ပြီ။

သွားမယ်ဆိုလဲ
သွားလိုက်ပါ
နားလည်မှုနဲ့
ကိုယ်ချင်းစာတရား
ရင်ထဲ သည်းထဲ
သိမ်းထည့်သွားဖို့
မှာလိုက်ပါရစေ
Peace Maker ရေ။


ဒီးဒိုး။
၁၅၊၀၉၊၂၀၁၀။

No comments:

Post a Comment