Thursday, January 14, 2010

အိပ်မက် မှ နိုးထခြင်း....

၂၀၁၀ ရဲ. ဒုတိယနေ.
အိပ်ရာကနိုးတော့ တစ်ခါပြုံးတယ်..
နံနက်ခင်း နေရောင်ခြည် ပိုနွေးထွေးသလို
ဆောင်းလေကဘဲ ပိုအေးသလို
လောကကြီးက မပြောင်းလဲ
အရင်ကထက် ပိုမိုနွေးထွေးစွာ ထွေးဖက်လို.
ငါအိမ်မက်ဆိုးက နိုးထခဲ့ပြီ...........................................

စိတ်ကိုလတ်ဆတ်စေတဲ့ ၂၀၁၀
အပြုံးတွေဝေစေတဲ့ ၂၀၁၀
လွတ်လပ်ခြင်း အထိအတွေ.ရတဲ့ ၂၀၁၀
နွေးထွေးမှုတွေနဲ. ၂၀၁၀
ကြင်နာမှုတွေနဲ.၂၀၁၀
နောင်တ မရ စေမယ့် ၂၀၁၀
အသစ်ဖြစ်စေမယ့် ၂၀၁၀
အမှတ်ရ စေမယ့်၂၀၁၀
အထီးကျန်မှု ကင်းစေမယ့် ၂၀၁၀
လွမ်းဆွေးမှု ကင်းစေမယ့် ၂၀၁၀
မနာလိုမှု ကင်းစေမယ့် ၂၀၁၀
စိုးရိမ်မှု ကင်းစေမယ့် ၂၀၁၀
ကြောင့်ကျမှုကင်းစေမယ့် ၂၀၁၀
ငါ့အရိပ် က ငါ လွတ်မယ့် ၂၀၁၀
အရင်က ငါ မဟုတ်မယ့် ၂၀၁၀
သီချင်းဟောင်း မဆိုတော့မယ် ၂၀၁၀
ရင်မနာစေမယ့် ၂၀၁၀

၂၀၁၀ မှာ
လွတ်လပ်ခြင်းတွေနဲ.
ဖြူသူကလည်း ဖြူပါစေ
မဲသူကလည်း မဲပါစေ
သဘာဝတရားကို ဆန်.ကျင်ဖို.
မဖြစ်နိုင်မှတော့
ဘယ်သူမှ မမှားဘူး
ဆက်လျှောက်

ငါအိပ်မက်ဆိုးက နိုးထခဲ့ပြီ......


ဒီးဒိုး
၀၂.၀၁.၂၀၁၀

No comments:

Post a Comment