Saturday, December 19, 2009

အိပ်စက်ခွင့်ပြုပါ...

မင်းပြောတော့ သိပ်ချစ်တယ် တဲ့.......................
မနေ့  ဒီနေ့  ဘယ်လို ခွဲ မလဲ
ှနှစ်ဖို.ရန် မင်းရဲ. နွံ ကို ဘဲ လိုက်ရှာ နေသူ.............................
နာရီ အို အချိန်မှန် နေဆဲ ဆိုပေမယ့်
အိမ်ပြန်ဖို. လမ်းရယ် မမြင်..
မင်းရဲ.နွံအိုင် ငါ့ရဲ.ကောင်းကင်
ပိုးဖလံ ဆိုမှတော့
မီးကို ဘဲ တိုးတော့ မှာပေါ့...

ဆံကေသာ တပွင့်ပန်း ပန် မှာ မဟုတ်
၂၁ ရာစုတဲ့လား
အချစ်ကို လူတိုင်း နဲ့  ခံစား နိုင် တယ် တဲ့လား
ငါလိုက် မမီလို.ပါ..
ချုံပုတ်ထဲ ကကြက် ထက်
လက်ထဲက ကြက်ဥ ပိုတန်ဖိုး ကြီး

ခံစားချက် တိုင်းအသက်ရှင်မယ်တဲ့လား
မင်းမမှားပါဘူး..
ဒါဆို ငါ့ ခံယူ ချက်မှားနေ တာ များလား..
ပြန်ပါ ပြန်ပါ အကြိမ်ကြိမ် ပြောတုန်းက
ဒီအပင် အို အခက်အလက် မရှိဘူး
ဒီလိုလွတ်လွတ် လပ်လပ် နေချင် တာဆို..
မင်းပြန်ချင်တော့လဲ
ဟိုကောင်းကင် မင်းအဖော် ကောင်းလို့ 
ဒီအပင်အို ကိုဇုန်ကန်
မကျိုး ယုံတမယ်

နာရီတွေ ရပ်တန့် ပစ်
ပင်လယ်တွေ မှောက်ကာသွန် ပစ်
ကောင်ကင် ကို မီးတက်ရို.ပစ်
ကမ္ဘာမြေကြီးကို ကိုင်လှုပ် ပစ်
ဒေါသတွေ လှိုင်လှိုင် ထွက်ပေမယ့်

၂၁ရာစု
မိန်းမတွေရဲ. အခွင့်အရေး
ယောက်ကျားတွေနဲ. ရင်ဘောင် တန်းနိုင်တယ် တဲ့လား.....................
တံခွန်မရှိ တဲ့ ရထား
လင်မရှိ တဲ့ မိန်းမ ဆို တဲ့ စကား ပုံ
ရိုက်ချိုး ပြစ်မယ် တဲ့လား....

ဘယ်လိုဖြစ်ဖြစ်
မင်းရဲ.အိပ်မက်တွေ မှန်ကန် လာဖို.
ငါ့ကို မင်းရဲ.နွံအိုင်ထဲ
အိပ်စက်ခွင့်ပြုပါ..............................

ဒီးဒိုး

No comments:

Post a Comment