ပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးထဲ
ပဲ့ကြွေသွားတဲ့ ကြယ်လေ တစင်းပေါ့။
ငါရဲ့ မြင့်မိုရ်တောင်ကြီးက
ငြိမ်းချမ်းခြင်းတွေ
သာယာခြင်းတွေ
ကြည်နူးခြင်းတွေ
အားလုံး...အားလုံး
ငါ့အတွက် မဟုတ်တော့တဲ့ အခါ.......။
ငါဟာ ရေကူးကျွမ်းကျင်တဲ့ ဖျံတကောင်ပါ
ပိုင်ဆိုင်တဲ့ ပင်လယ်မှာ ကူးခတ်ခွင့် မရတော့တဲ့ အခါ..။
သာယာတဲ့ တေးသံနဲ့ သီဆိုနေချင်ပေမယ့်
ငါ့ဂီတာ ကြိုးပြတ်နေတဲ့အခါ။
ငါဟာ ထက်မြက်တဲ့ ဒါးလို့ ကိုယ့်ကို ကိုယ်ထင်ပေမယ့်
ပိုင်ရှင်တွက် သုံးမရတဲ့အခါ...။
အမေ..
အဝေးမှာ ရှိတဲ့သား
အနီးနားမှာ ကျွေးမွေးပြုစု
မလုပ်ကျွေးနိုင်တဲ့အခါ..။
ကြင်နာခြင်း မပြုနိုင်တဲ့အခါ..။
အမေ..
အဝေးမှာ ရှိတဲ့သား
အနီးနားမှာ ရီမောပျော်ရွင်အောင် မပြုနိုင်တဲ့အခါ။
ထွက်ကျတဲ့ချွေး မသုတ်ပေးနိုင်တဲ့အခါ။
အမေ..
အဝေးမှာရှိတဲ့သား
သန္ဓေတည်ချိန်ကစ ဒီနေ့ထိ
ကျေးဇူးမဆပ်နိုင်တဲ့အခါ။
ခွင့်လွတ်နားလည်မှုကို
နားမလည်တော့တဲ့ အခါ။
အမေ့ အသံ မကြားယောင်နိုင်တော့တဲ့ အခါ။
အမေ့ မျက်နှာ မမြင်ယောင်နိုင်တော့တဲ့ အခါ။
ခွင့်လွတ်ပါလို့ ဒီရင်ထဲ
လှိုက်ကာ..လှိုက်ကာ
အမေ...
.......အမေ။
အမေ။
ဒီးဒိုး။
၂၃၊၁၀၊၂၀၁၀။
"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Friday, October 29, 2010
Friday, October 15, 2010
မှန်တဲ့ည
၁။
သောက်လိုက်တာ အေးမြတဲ့ ဘီယာ (ခေါ်) ယမကာ တစ်မျိုးပေါ့။
အေးသွားတယ်လို့ ခံစားရပေမယ့် ရင်တခုလုံး ကို ပူဆင်းသွားတာများ သူမဟုတ်တဲ့ အတိုင်း။
ပင်ကိုက ပူလောင်နေမှတော့ ရင်တစ်ခုလုံး မီးတောက်မတတ်ပါဘဲ။
ခွက်ခြင်းထိခိုက် သံတွေရဲ့ အလယ်မှာ
ပင်ကိုယ်ရောင် မွဲစုတ်စုတ်နဲ့ ချုံပေါ်က သတ္တ၀ါအကြောင်း ပြောနေကြလေရဲ့။
မုတိတာ ဆင်းရဲတာမဟုတ်ဘူး တဲ့...။
သင်ခဲ့ရတဲ့ ပညာနဲ့ ရင်းနှီးခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ကို နှမြှောတယ်တဲ့လေ။
မကော်တင်တဲ့ စိုင်ကို အပြစ်မပြောလိုဘူးတဲ့။
ကံကြမ္မာကို မပြောင်းလဲ နိုင်တဲ့ ကိုယ်ကို မကျေနပ်တာ ဆိုဘဲ။
ကျေးဇူးတရား အကြောင်းပြောကြကျေးဆို သူများနှာခေါင်း နဲ့ အသက်ရူတဲ့သူတွေ သိတတ်ဖို့ကောင်းတယ်တဲ့။
အငှားနှာခေါင်းတပ်ပြီး ခပ်မွဲမွဲအရောင်နဲ့ အကောင်က ချုံပေါ်ကနေ မိန့်မိန့်ကြီးထိုင်လို့ အသက်ရူပုံ
ရူနည်းအကြောင်း ပြောကြားနေလေရဲ့။
အသက်ရှင် နေထိုင်ကြတဲ့အခါ ပညာနဲ့ အတွေ့အကြုံထက် ဟိုကပ် ဒီကပ် ဆိတ်“ ”လုပ်တတ်ဖို့
အရေးကြီးဆိုဘဲ။
အဲလိုမှန်းသိရင် နှစ်နှဆယ်လောက် ပညာကို မသင်ခဲ့ပါဘူးတဲ့။
ပြောင်းပြန်ခေတ်မှာ အတည့်တိုင်းသွားလို့ ခရီးမရောက်နိုင်ဘူးတဲ့လေ။
ကွေ့ကောက်တဲ့ မျဉ်းကြောင်း ကို မျဉ်းဖြောင့်အများကြီးဆက်ထားတာ တဲ့။
ဖြောင့်မှန်တယ်လို့ မပြောနဲ့ ကွေ့ကောက်တဲ့ မျဉ်းကြောင်း မရှိဘဲ ဖြစ်တော့မယ်။
အများကို အလင်းပေးတဲ့ နေမင်းကြီးတောင် မျက်စိကန်းနေမှတော့ ပမွားလေးက စောဒကတက်ဖို့ မလိုဘူးတဲ့။
မြေနိမ့်ရာ လှံစိုက်တဲ့..တကယ်ရှိလို့ စကားရှိတာ။ဒီစကား ၂၁ရာစုမှ ပျောက်လို့ ဘယ်ဖြစ်မလဲ။
မျက်နှာကြီးတော့ ဟင်းများများစားရတာပေါ့။
၂။
လေတိုက်စားထားတဲ့ ကျောက်ဆောင်ကို မေးကြည့်တော့ သဲပွင့်လေးတွေရဲ့ ရိုက်ချက်အနာဆုံးဘဲတဲ့။
သူခန္ဒာကိုယ်မှာ ရှိတဲ့ အနာတရတွေဟာ သက်သေဘဲတဲ့လေ။
သစ်ပင်ကြီးက ပြောတယ် သူလို အပွေးအခေါက်ထူအောင်ကြိုးစားတဲ့။
အပွေးအခေါက်ထူအောင် က ကိုယ်လုပ်လိုမရဘူး တတိယ လူတွေလုပ်ပေးလိမ့်မယ်တဲ့။
ဒါပေမယ့် သူကို အသုံးပြုမယ့်သူတွေ က တတိယလူတွေ မဟုတ်ပြန်ဘူးတဲ့။
တတိယလူတွေက သစ်ပင်က ထွက်မယ့် အောက်စီဂျင်ကို ဘဲ ရူရိုက်ရုံ သက်သက်ဘဲတဲ့။
၃။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး ကလည်း နောက်ဆုံးကြွေလွင့်သွားတာ လေပြေညှင်းလေကြောင့် မဟုတ်ဘဲ
ဇယားကြောင့်တဲ့။
ရှင်းလင်းနေရမယ့် ဇယားတွေလည်း မိုက်ခရိုဆော့ အိတ်ဇယ်(miscrosoft excel)နဲ့ တွေ့မှ
ပိုတောင်နားလည်ရခက်ရောတဲ့။
သူက တခါမှ မသုံးဖူးလို့ ဆိုပြီး ဖြေရှာပါတယ်။
ခြသေ့င်္ကြီး မြက်စားတာ ဟိးုကြာလှပေါ့တဲ့။
မျောက်တွေက လည်းဇတ်တူသားစားတယ် ပြောတော့ အံ့သြတာပေါ့။
၎။
ညီမျှခြင်းဆိုတာ ၁+၁=၂ ကိုပြောတာတဲ့။
ဲ့
၁ က တယောက် နောက် ၁ က လည်း နောက်တယောက်ဘဲ ရတဲ့ အဖြေ၂ က ငါ့လူအတွက်တဲ့။
၂ကတော့ မြက်စားတဲ့ ခြင်္သေကြောင့် ရတာလို့ပြောတာဘဲ။
အမှန်တော့ အဲဒါခြင်္သေ့မဟုတ်ပါဘူးကွာ။
လည်ဂုတ်မှာ အမွေးတစ်မွေးနှစ်မွေး ပေါက်နေတာပါတဲ့။
မျက်မှန် ပါဝါတိုးလိုက်အုန်း။
မျက်လုံးပြူးပြူး သွားကျဲကျဲ နဲ့ကွ။ တခါတလေ ခြင်္သေ့နားမှာ တွေ့ရတတ်ပါတယ်။
ဟာ...မင်းက ဘယ်လိုကြည့်တာလဲကွ...။ဟေ့ကောင် ဒီလိုကြည့် ဒီလိုကြည့်...။
မျက်စိမှိတ်ပြီး ကြည့် တွေ့တယ်မဟုတ်လား ခြသေ့င်္ကြီးပါကွ။
မင်းဟာ စာအုပ်သရဲပြောပြီး ဒေကာနယ်ဂျီ စာအုပ်မဖတ်ဘူးနဲ့တူတယ်။
၅။
ထူးဆန်းတဲ့ ပုံပြင် ခြင်္သေ့ နားမှာ ခစားတဲ့ ယုန်လေးဆီက ခြင်္သေ့ကြီး က ကိုက်ဖို့ အရိုးပြန်တောင်းတယ်တဲ့။
ငါ့အရိုးလေးတော့ ပြန်ပေးပါကွာ လို့ မျက်နှာငယ်လေးနဲ့တဲ့။
မယုံဘူးလို့ ပြောတော့ တကယ်ကြုံခဲ့တာပါကွာ ဆိုပြီးမျက်နှာငယ်လေးနဲ့ဖြေရှာတယ်တဲ့။
အမှန်တော့ ယုန်က အသားစားသတ္တ၀ါမဟုတ် အားလုံးသိ။
၆။
အပြစ်ရှိတဲ့ သူတွေက လိုက်တဲ့သူမရှိ ဘဲပြေးတယ်တဲ့။
ဒါဆို နေ နဲ့ လ လဲ အပြစ်ရှိလို့ဖြစ်မယ်။
တခါတလေ မဟုတ်ဘူး အမြဲမှတ်ထားရမယ့် အကြောင်း က ကိုယ်အပြစ်ရှိရင် သူများကို အပြစ်များများပြောတဲ့။
လူတွေက အပြစ်တင်ခံရမှာ ကြောက်လို့တဲ့။
မကြောက်ဘူးကွ။
မကြောက်ရင်ချမလားတဲ့။
ချမယ်ကွ ဒီမှာတော့ မချဘူး လူများတယ် ဘောလုံးကွင်းမှာ သွားချမယ် တဲ့။
ဟုတ်ပြီ ငါ ဘောလုံးသွားယူလိုက်မယ်တဲ့။
၇။
လူကြမ်းကြီးတွေ မျက်ရည်ကျတာ မတွေ့ဖူးပါဘူး။
လမင်းကြီးကို လွမ်းလို့ပါကွာတဲ့။
မိန်းမတွေ မျက်ရည်ကျတာ ၀မ်းနည်းလို့မဟုတ်ဘူးတဲ့။
မိန်းမတွေ မျက်ရည်ကျတာ နောက်တယောက်ကို ဆွဲဆောင်ဖို့ သူမျက်လုံးတွေကို ဆေးကြောလိုက်တာတဲ့။
ငါ့မျက်ရည်တွေ သာ ပုလဲဖြစ်ရင်တော့ ငါ သန်းကြွယ်သဌေး ဖြစ်ပြီးတဲ့။
လွမ်းလို့ပါကွ တဲ့။
မိန်းမတွေက ချစ်ဖို့ကောင်းပါတယ် တဲ့။
ဒါပေမယ့် ငါတို့ကတော့ မြန်မာမိန်းကလေး ဆိုပြီး အခွင့်အရေးတစ်မျိုး၊နောက် ငါတို့ကတော့ ၂၁ရာစု က
ခေတ်မှီတဲ့ မိန်းကလေး ဆိုပြီး အခွင့်အရေးတစ်မျိုး အခွင့်အရေးနှစ်မျိုး လိုချင်တဲ့ မိန်းမကိုတော့ မုန်းတယ်ကွ တဲ့။
၈။
မိန်းမတွေက ယောက်ကျားတွေကို ချစ်တယ်တဲ့။
ဟုတ်တယ် လက်ဆောင် ပဏပေးနိုင်တဲ့ ယောက်ကျားကို ပိုချစ်တာတဲ့။
မက်ဒေါနား ပြောတာတော့ စိန်လက်စွပ် ပေးနိုင်သူကို ရင်အခုန်ဆုံး အချစ်ဆုံးတဲ့။
မဟုတ်ဘူးကွ မိန်းမတွေ က သူတို့နဲ့ အနီးဆုံးသူကို အချစ်ဆုံးတဲ့။
မှန်တယ်ကွ..တဲ့။
၉။
ငါဆိုတဲ့တောင်ကြီးကို ကျော်လို့မရဘူးတဲ့။
လမ်းသွားတဲ့လမ်းမှာ တောင်ခံလို့ လမ်းမဆုံးဘူးတဲ့။
လမ်းသွားတဲ့လမ်းမှာ တောင်ကမဖယ်ရင် လမ်းက တောင်ကိုပတ်သွားမှာတဲ့
ဒါမှမဟုတ် တောင်ကိုဖောက်သွားမှာတဲ့။
ဒါများကွာ လူကြမ်းကြီး က သွားမယ့်လမ်းက တောင် ဖယ်သွားအောင် ရတြာ ချေမလို့တဲ့။
စကားအကောင်းပြောကွာတဲ့။
ဒီကောင် စကားအကောင်းပြောတာမဟုတ်ဘူး အပြောကောင်းတာတဲ့။
၁၀။
မနက်စောစောထတဲ့ ငှက် ပိုးကောင် များများစားရတယ်တဲ့။
စောစောထတဲ့ ပိုးကောင် ကတော့ ငှက်ရဲ့ အစာ ဖြစ်တယ်တဲ့။
ဒီတော့ မင်းငှက်ဖြစ်တဲ့ခါ စောစောထ၊ ပိုးကောင်ဖြစ်တဲ့ခါ နောက်ကျမှထ တဲ့။
ခုမင်းက ငှက်လား ပိုးကောင်လား တဲ့။
ဂဏန်းတစ်ကောင် က လူတယောက်ကို မင်းလမ်းလျောက်ရင် ငါ့လိုတည့်တည့် လျောက်ပါကွ လို့ ပြောတယ်တဲ့။
ပင်လယ်ကြီးက ကျယ်လိုက်တာ ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်တော့ ဖားလေးက သူနေတဲ့
နွားခြေရာခွက်ထဲက ပြောနေတာတဲ့။
မျက်နှာချင်း ဆိုင်လှေလှော်ရင် ခရီးမရောက်ဘူးကွတဲ့။
ဒါဆိုကျောခိုင်းပြီး လှော်ကွာ တဲ့.။
ကဲကဲ အပြောလေးတွေလျော့ လက်ကျန်လေးတွေရှင်းလို့ ပြန်ဖို့ တရက်နီးတဲ့နေ့ဆီကို အိပ်စက်ရင်း ချီတက်စို့ တဲ့။
ချစ်ခြင်းများစွာဖြင့်
ဒီးဒိုး။
၁၀၊၁၀၊၁၀။

Labels:
ခံစားချက်
Friday, October 8, 2010
ကမ္ဘာ္ဘကြီးလုံးနေတာ မှန်တယ်
ခရီးထွက်ခဲ့တာ တောင်အရပ်
ရောက်လာတော့ မြောက်အရပ်။
အရာရာမှာ သံသယတွေနဲ့
မြောက်ဝင်ရိုးစွန်းမှာ ရေခဲတာ
ငါ့ကြောင့် မဟုတ်ဘူး။
တိုက်ဆိုင်လိုက်တာများ
လက်ထဲမှာ သွေးစွန်းဒါးနဲ့
ငါမဟုတ်ဘူးလို့ ငြင်းလည်း အပိုဘဲလေ။
ပစ်မှတ်ကို တည့်တည်ထိတာ ငါ့ရဲ့ မြှားဘဲ
ဒါပေမယ့်
လောကကြီးက မြှားပစ်သူသာဖြစ်စေ
ပထမ ရတာ ငါမဟုတ်စေရဘူး။
ဘယ်လိုဘဲဖြစ်ဖြစ်
ပြုလုပ်သူ
အစပျိုး သူဟာ
ငါဘဲဖြစ်ချင်တယ်။
ဒီးဒိုး။
၂၁၊၀၉၊၂၀၁၀။
ခရီးထွက်ခဲ့တာ တောင်အရပ်
ရောက်လာတော့ မြောက်အရပ်။
အရာရာမှာ သံသယတွေနဲ့
မြောက်ဝင်ရိုးစွန်းမှာ ရေခဲတာ
ငါ့ကြောင့် မဟုတ်ဘူး။
တိုက်ဆိုင်လိုက်တာများ
လက်ထဲမှာ သွေးစွန်းဒါးနဲ့
ငါမဟုတ်ဘူးလို့ ငြင်းလည်း အပိုဘဲလေ။
ပစ်မှတ်ကို တည့်တည်ထိတာ ငါ့ရဲ့ မြှားဘဲ
ဒါပေမယ့်
လောကကြီးက မြှားပစ်သူသာဖြစ်စေ
ပထမ ရတာ ငါမဟုတ်စေရဘူး။
ဘယ်လိုဘဲဖြစ်ဖြစ်
ပြုလုပ်သူ
အစပျိုး သူဟာ
ငါဘဲဖြစ်ချင်တယ်။
ဒီးဒိုး။
၂၁၊၀၉၊၂၀၁၀။
Labels:
ကဗျာ
တွယ်ရာမဲ့ ည။
ဟိုအရင် အတူထိုင်ခဲ့ဖူးတဲ့နေရာ။
ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေကအေးမြလတ်ဆတ်နေဆဲ။ အရင်တိုင်းအပြောင်းမလဲ ဘဲပေါ့။
လေလာရာဘက်ကို မျက်နှာမူထားရင်းက..
လေရဲ့ လားရာဘက်ကို မျက်နှာပေးလို့ မျက်လုံးမှိတ် ထားတတ်တဲ့ သူမကို မြင်ရောင်လာပြန်တယ်။
ချက်ချင်းဆိုသလို ဘေးကိုကြည့်လိုက်မိတယ်။ ဘယ်သူမှ မရှိဘူး။
ကန်ရေပြင်လည်း လှိုင်းကြက်ခွက် တို့နဲ့ လှုပ်ရှားနေဆဲ။
ငါးကလေးတချို့ ကူးခတ်သွားနေတာတွေတယ်။
ရေဘဲ တကောင်လည်း ရေငုတ်သွားလိုက်၊ပြန်ပေါ်လာလိုက် နဲ့။
ညနေ၀င် ဆည်းဆာကို တော့ ကျောခိုင်းထားရတယ်။
မျက်လုံးကို မှိတ်လို့ လေလားရာဘက်ကို မျက်နှာမူထားလိုက်မိတယ်။
နသယ်ကြားကို ဖြတ်သန်းသွားတဲ့ လေတိုးတဲ့ အရသာလေးကို ခံစားနေလိုက်တယ်။
ရင်ထဲမှာတော့ ဆွေးမြေ့မြေ့လေး နဲ့ လွမ်းနေမိတယ်။
သူမမျက်နှာလေးကို မြင်ရောင်လာပြန်တယ်။
“အစ်ကို”...ရင်းနှီးလွန်းတဲ့ အသံ နားနဲ့ ဆတ်ဆတ်ကြားလိုက်တာကြောင့်
ဆွေးမြေ့နေတဲ့ရင် အစုံကို ထိန်းချုပ်လို့ နောက်ကို လှည့်ကြည့်လိုက်တော့
ဆံပင်တိုတို...ကော်ဖီရောင် စကပ်တို၊ အဖြူရောင် တီရှပ်နဲ့ ကော်ဖီရောင် ကြိုးသိုင်းဖိနပ် ကို စီးထားတဲ့ သူမကို
တွေ့လိုက်တယ်။
နာကျင် ဆွေးမြေ့နေတဲ့ ရင်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လို့ ပြုံးပြလိုက်ချိန်မှာဘဲ သူမက
“ဘာကြည့်နေတာလဲ”
“မမြင်ဖူးလို့လား”
“အံ့သြသွားလား”
“အစ်ကို ဆီ ညီမ လာတာလေ”
“ညီမ ၏ဒီဆံပင် ပုံစံနဲ့ လိုက်လား” လို့ အဆက်မပြတ်ပြောရင်းက သူမ ခေါင်းလေးကို ခါရမ်းလိုက်တယ်။
”စကတ်ဝတ်ရင် လှတယ်ဆိုလို့ စကတ်ဝတ်လာတာလေ”
”လှတယ် မဟုတ်လား ဟင်”
“ဖိနပ် ကကော ညီမနဲ့ လိုက်တယ် မဟုတ်လား” ဆိုပြီးတော့ သူမခြေထောက်ကို ရှေ့ထုတ်ပြီးပြလိုက်သေးတယ်။
”အင်း” ရင်ထဲက အလှဆုံးပါဘဲဗျာလို့ ချီးမွမ်းချင်ပေမယ့် ပါးစပ်က အင်း တလုံးဘဲ ထွက်လာတယ်။
“ကြည့် အဖြေကလည်း အသက်မပါလိုက်တာ”
“အဲလိုမျိုး နေတာ မကြိုက်ပါဘူး ဆိုမှ”
”ပြန်တော့မယ်ကွာ”
ပြောပြောဆိုဆို ဘဲ ဘေးမှာဝင်ထိုင်လိုက်ပြန်တယ်။
သူမရဲ့ ရေပက်မ၀င်နိုင်တဲ့ စကားလုံးတွေကြားမှာ သူမ မသိအောင် ပင့်သက်ကို ရှိုက်သွင်းမိတယ်။
သူမ က
အစ်ကို ၏ဒီဘက်လှည့် ဆိုပြီးတော့ ကျွန်တော် ဆံပင်တွေကို ဘေးခွဲ ခွဲသပ်ပေးရင်း
“အစ်ကိုက ၏ဒီလိုဆိုရင်တော့ လူလိမာလေးနဲ့တူတယ်” ပြောရင်း ရီနေတယ်။
ကျွန်တော် က တချက် ပြုံးပြလိုက်တယ်။
သူမ လည်း ကန်ရေပြင်ဖက်ကို ကြည့်နေတယ်။
ကျွန်တော် တွေ့လိုက်တယ်။သူမ မျက်နှာ အမူအရာ နဲ့ မျက်လုံးအရောင် ပြောင်းသွားတာကိုလေ။
သိတယ်လေ..။ဒီနေရာတွေက သူမ မစိမ်းခဲ့တဲ့နေရာတွေဘဲ။
သူမလည်း လွမ်းခြင်းတွေ မပယ်ဖျက်နိုင်တဲ့ လူသားတယောက်ဘဲမဟုတ်လား။
ကျွန်တော့်ရင်ခွင်ထဲ မှီနေရင်း သူမ မျက်လုံးတွေ မှိတ်ထားတယ်။
ခဏကြာတော့ မျက်လုံးပြန်ဖွင့်ရင်း ကန်ရေပြင်ကို သူမ ငေးကြည့်နေပြန်တယ်။
ပြီးတော့
“အစ်ကို သိလား”
“ညီမတို့ အဲ၏ဒီနေရာမှာ ထိုင်ခဲ့ဖူးတယ်”
ညီမတို့ ဆိုတဲ့နေရာမှာ တယောက်က သူမကိုယ်တိုင်ဖြစ်ပြီး ကျန်တယောက်က ကျွန်တော် မဟုတ်တာ
သေချာတယ်။
ကျွန်တော်တွက်တော့ ချစ်နေ၊ပိုင်ဆိုင်ခွင့်ရနေခိုက် ခဏလေးမှာ ထားခဲ့မယ့် အချိန်လေးကို ဘဲစောင့်နေရင်း
ချစ်နေခဲ့မိတယ်။
သူမ အတွက်တော့ ချစ်နေ၊နီးနေရတဲ့ အခိုက်အတန့်လေးမှာ အတိတ်ဟောင်းတွေကို လွမ်းဆွတ်ဖို့
အကြောင်းတွေသာ ဖြစ်နေခဲ့ပြီလား။
ခန္ဒာကိုယ်ချင်းနီးကပ်စွာ ရှိနေခဲ့ပေမယ့် စိတ်ခံစားချက်တွေ မတူညီစွာ ကန်ရေပြင်ကို ကြည့်ငေးရင်း
ကန်ဘောင်ပေါ်မှာ ထိုင်နေခဲ့ကြတယ်။
ဒါပေမယ့်...အဲဒီ မတူညီခြင်းတွေကို ဘဲ ညီမျှသွားအောင် ကြိုးစားခဲ့ကြတယ်။
ပြီးမှ....
“ဆောရီးနော် အစ်ကို”
“ညီမက စတာပါ”
“ချစ်လို့ စတာ” ၏ဒါနဲ့
“အစ်ကို ညီမတို့ အတူနေကြရင် ဘယ်လိုအိမ်နဲ့ နေမလဲဟင်”
“ကျွန်တော်ကတော့ ပျဉ်ထောင်အိမ်ကြီးကြီးကို ကြိုက်တယ်ဗျ”
“ဟာ အစ်ကို ကလည်း စကားပြောရင် ကျွန်တော် ကျွန်တော် ဆိုပြီးမပြောပါနဲ့ဆို”
“အိမ်ကြီးကြီးတော့ မလုပ်ပါနဲ့ ညီမ သန့်ရှင်းရေး မလုပ်နိုင်ဘူး”
“ဒါနဲ့ အိပ်ရာခင်းက ဘာအရောင်ကြိုက်လဲ”
“ကျွန်တော် အဲ....အဖြူရောင်ကြိုက်တယ်”
“အစ်ကိုကလည်း ညီမက အရုပ်လေးတွေပါတာဘဲ ကြိုက်တယ်..၏ဒါပေမယ့် တခါတလေလည်း အဖြူရောင်
သုံးတာပေါ့နော့်”
“အတူနေရင် နှစ်ယောက်တည်းဘဲ နေမယ်နော်”
“ဟုတ်ပါပြီ..ဟုတ်ပါပြီ”
“သိလား အစ်ကို”
“အမေက ညီမတို့ ကိုသဘောတူမှာ မဟုတ်ဘူး”
“အင်း”
“ညီမတော့ စိတ်ညစ်တာဘဲ”
ဆိုပြီးတော့ ဆုပ်ထားတဲ့ ကျွန်တော်လက်ကို ကိုင်ကြည့်ပြီး
“လက်သည်းတွေလည်း ရှည်နေပြီနော်”
“အင်း”
“အစ်ကို လက်တွေကလည်းအေးစက်နေတာဘဲ”......ဆိုရင်းက
အသိညဏ်တို့ ခနာကိုယ်ထဲ ၀င်ရောက်လာတယ်။
မျက်လုံးကို အားယူပြီးဖွင့်ကြည့်တော့ လေအေးပေးစက် က ၂၀၏ဒီဂရီ စင်တီဂရိတ်မှာ။
ရုပ်မြင်သံကြားပေါ် တင်ထားတဲ့ နာရီ က နံနက်၂နာရီ၁၁မိနစ် ကိုပြရင်း အချက်မှန်မှန်နဲ့ ခရီးဆက်နေလေရဲ့။
စောင်နဲ့ ကင်းလွတ်နေတဲ့လက်တဖက် တော့ အေးစက်ထုံကျင်နေတယ်။
အဲ၏ဒီ အေးစက်နေတဲ့ လက်ထဲမှာတော့ သူမ ၏ဓါတ်ပုံလေး ငြိမ်သက်စွာ။
မသိစိတ်ကနေ ဖုန်းကို လှမ်းယူ ပြီး နှိပ်လိုက်တယ် နံပါတ်တစ်ခု.၀၀၆၅............။
ဖုန်းကအကြောင်းပြန်လာတယ်(The M1 customer your calling is currently unaviable try again later)။
စိတ်က ချက်ချင်းဘဲ သူမဆီရောက်သွားတယ်။
ဒီအချိန်ဆို ဟိုမှာ ၇နာရီ၂၀မိနစ် အလုပ်သွားချိန်။
အမ်အာတီ ပေါ်မှာလား.....။လမ်းလျောက်နေမလား...ကျွန်တော်ကို များ သတိရနေမလား....။....လား။
မေ့လိုက်ချင်တဲ့ အတိတ်တွေလဲ အိပ်မက်တွေမက်တိုင်း အသစ်ဖြစ်ဆဲ။
မလိုချင်တဲ့ အလွမ်းတွေ ရင်ထဲရောက်ရောက်လာဆဲ။
သူမနှင့်ပတ်သက်သမျှ နာကျင်မှုတွေ မရှိတော့ပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း တမ်းတလွမ်းဆွတ်မိပါရဲ့။
ကျွန်တော့်တွက်တော့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်တာ။
ချစ်နေရရုံလေး၊တမ်းတနေရရုံလေး၊စောင့်စားနေရရုံလေး၊ရင်ထဲမှာ နွေးနွေးလေး နဲ့ အိမ်မက် မက်တဲ့ တွယ်ရာမဲ့
ဲ့
ည တွေမှာ သူမ ကျွန်တော့်ကို သတိရနေမယ်လို့သာ...............။
ချစ်ခြင်းများစွာဖြင့်
ဒီးဒိုး။
၂၈၊၀၉၊၂၀၁၀။

Friday, October 1, 2010
လာခြင်းကောင်းပါစေ ဧရာဝတီ။
ကျောက်ဆောင် ကျောက်ခက်
ပေါများခြင်းနဲ့
မြစ်ကျောင်း ကွေ့ကောက်
တောင်ဆင်း ထောက်လို့
မာန်ဟုန်ပြင်းပြင်း
စီးကားဆင်းတော့
လူတွေသမုတ်
ခေါ်ဆိုလေတယ်
”အင်မိုင်ခ” တဲ့။
ညင်သာစီးဆင်း
ကြည်လင်တဲ့ရေ
အေးမြခြင်းနဲ့
ငြိမ်းချမ်းခြင်းတွေ
ယူဆောင်လာမယ့်
အတိတ်နမိတ်
လူတွေသမုတ်
ခေါ်ဆိုလေတယ်
”မိုင်ခ” တဲ့လေ.။
”မိုင်ခ” နဲ့ ”အင်မိုင်ခ”
ဆုံကာစီးလို့
တို့မြန်ပြည်ရဲ့
သူရဲကောင်းကြီး
ဧရာဝတီ
စီးဆင်းခဲ့တာ
ရာဇ၀င်သိ
သမိုင်းရှိတယ်။
ဧရာဝတီ ထဲမှာ
မြန်ပြည်သမိုင်းရှိတယ်။
လှပတဲ့ “ကရိန်နော်”ရှိတယ်။
အံ့သြဖွယ် မြစ်ကျဉ်းတွေရှိတယ်။
သမိုင်းဝင် တံတားတွေရှိတယ်။
ပုဂံရဲ့ ရာဇ၀င် သူနဲ့မှ ပြည်စုံမယ်။
ပုဂံရဲ့ အလှ သူနဲ့မှ တင့်တယ်။
သူရဲကောင်း ၀ိညာန်တွေရှိတယ်။
မျိုးဆက်သစ်တွေ သူပေါ်မှာမှီတယ်။
မန်းမြို့ရဲ့ကျုံး သူပါမှပြည့်ဝမယ်။
လွန်ရှားပါးတဲ့ ရေချိုလပိုင်တွေရှိတယ်။
အမှီပြုတဲ့ သန်းပေါင်းများစွာ လူတွေရှိတယ်။
မြန်ပြည်ရဲ့ ဆန်အိုး သူရှိမှ တည်နိုင်မယ်။
“အင်မိုင်ခ” ရဲ စွမ်းအားကို ယုံကြည်တယ်။
ငြိမ်းချမ်းရေး ယူဆောင်ပေးမယ့် “မိုင်ခ” ကို ယုံကြည်တယ်။
ဧရာဝတီ ငြိမ်းချမ်း၊လွတ်လပ်စွာ စီးဆင်းနိုင်ပါစေ။
ချစ်သော ဧရာဝတီ။
ဒီးဒိုး။
၂၀၊၀၉၊၂၀၁၀။

သို့.။
ကျည်ကာအင်္ကျီ
သံခမောက်နဲ့
စစ်ဖိနပ်စီးလို့
ငြိမ်းချမ်း လုပ်ဖို့
သူသွားမတဲ့။
မောင်းပြန်ရိုင်ဖယ်
သေစေမယ့်သေနတ်
တိုရှည်တွေနဲ့
ဒါးမြှောင်၊လက်ထိတ်
ခါးမှာချိတ်လို့
ငြိမ်းချမ်းရေးဆီ
သူဦးတည်မတဲ့။
ပြင်ထားကြပါ
တို့လက်နက်တွေ
ငြိမ်းချမ်းရေးတွက်
တဖွဖွ အော်ရင်း
ကမ္ဘာမြေအနှံ့
မီးဟုန်းဟုန်း
တောက်လောင်ခဲ့ပြီ။
သွားမယ်ဆိုလဲ
သွားလိုက်ပါ
နားလည်မှုနဲ့
ကိုယ်ချင်းစာတရား
ရင်ထဲ သည်းထဲ
သိမ်းထည့်သွားဖို့
မှာလိုက်ပါရစေ
Peace Maker ရေ။
ဒီးဒိုး။
၁၅၊၀၉၊၂၀၁၀။
သံခမောက်နဲ့
စစ်ဖိနပ်စီးလို့
ငြိမ်းချမ်း လုပ်ဖို့
သူသွားမတဲ့။
မောင်းပြန်ရိုင်ဖယ်
သေစေမယ့်သေနတ်
တိုရှည်တွေနဲ့
ဒါးမြှောင်၊လက်ထိတ်
ခါးမှာချိတ်လို့
ငြိမ်းချမ်းရေးဆီ
သူဦးတည်မတဲ့။
ပြင်ထားကြပါ
တို့လက်နက်တွေ
ငြိမ်းချမ်းရေးတွက်
တဖွဖွ အော်ရင်း
ကမ္ဘာမြေအနှံ့
မီးဟုန်းဟုန်း
တောက်လောင်ခဲ့ပြီ။
သွားမယ်ဆိုလဲ
သွားလိုက်ပါ
နားလည်မှုနဲ့
ကိုယ်ချင်းစာတရား
ရင်ထဲ သည်းထဲ
သိမ်းထည့်သွားဖို့
မှာလိုက်ပါရစေ
Peace Maker ရေ။
ဒီးဒိုး။
၁၅၊၀၉၊၂၀၁၀။
Labels:
ကဗျာ
Subscribe to:
Posts (Atom)