Friday, October 8, 2010

ကမ္ဘာကြီးလုံးနေတာ မှန်တယ်

ခရီးထွက်ခဲ့တာ တောင်အရပ်

ရောက်လာတော့ မြောက်အရပ်။


အရာရာမှာ သံသယတွေနဲ့

မြောက်ဝင်ရိုးစွန်းမှာ ရေခဲတာ

ငါ့ကြောင့် မဟုတ်ဘူး။


တိုက်ဆိုင်လိုက်တာများ

လက်ထဲမှာ သွေးစွန်းဒါးနဲ့

ငါမဟုတ်ဘူးလို့ ငြင်းလည်း အပိုဘဲလေ။


ပစ်မှတ်ကို တည့်တည်ထိတာ ငါ့ရဲ့ မြှားဘဲ

ဒါပေမယ့်

လောကကြီးက မြှားပစ်သူသာဖြစ်စေ

ပထမ ရတာ ငါမဟုတ်စေရဘူး။


ဘယ်လိုဘဲဖြစ်ဖြစ်

ပြုလုပ်သူ

အစပျိုး သူဟာ

ငါဘဲဖြစ်ချင်တယ်။



ဒီးဒိုး။
၂၁၊၀၉၊၂၀၁၀။

No comments:

Post a Comment