Friday, October 1, 2010

လာခြင်းကောင်းပါစေ ဧရာဝတီ။

ကျောက်ဆောင် ကျောက်ခက်

ပေါများခြင်းနဲ့

မြစ်ကျောင်း ကွေ့ကောက်

တောင်ဆင်း ထောက်လို့

မာန်ဟုန်ပြင်းပြင်း

စီးကားဆင်းတော့

လူတွေသမုတ်

ခေါ်ဆိုလေတယ်

”အင်မိုင်ခ” တဲ့။



ညင်သာစီးဆင်း

ကြည်လင်တဲ့ရေ

အေးမြခြင်းနဲ့

ငြိမ်းချမ်းခြင်းတွေ

ယူဆောင်လာမယ့်

အတိတ်နမိတ်

လူတွေသမုတ်

ခေါ်ဆိုလေတယ်

”မိုင်ခ” တဲ့လေ.။


”မိုင်ခ” နဲ့ ”အင်မိုင်ခ”

ဆုံကာစီးလို့

တို့မြန်ပြည်ရဲ့

သူရဲကောင်းကြီး

ဧရာဝတီ

စီးဆင်းခဲ့တာ

ရာဇ၀င်သိ

သမိုင်းရှိတယ်။


ဧရာဝတီ ထဲမှာ

မြန်ပြည်သမိုင်းရှိတယ်။

လှပတဲ့ “ကရိန်နော်”ရှိတယ်။

အံ့သြဖွယ် မြစ်ကျဉ်းတွေရှိတယ်။

သမိုင်းဝင် တံတားတွေရှိတယ်။

ပုဂံရဲ့ ရာဇ၀င် သူနဲ့မှ ပြည်စုံမယ်။

ပုဂံရဲ့ အလှ သူနဲ့မှ တင့်တယ်။

သူရဲကောင်း ၀ိညာန်တွေရှိတယ်။

မျိုးဆက်သစ်တွေ သူပေါ်မှာမှီတယ်။

မန်းမြို့ရဲ့ကျုံး သူပါမှပြည့်ဝမယ်။

လွန်ရှားပါးတဲ့ ရေချိုလပိုင်တွေရှိတယ်။

အမှီပြုတဲ့ သန်းပေါင်းများစွာ လူတွေရှိတယ်။

မြန်ပြည်ရဲ့ ဆန်အိုး သူရှိမှ တည်နိုင်မယ်။


“အင်မိုင်ခ” ရဲ စွမ်းအားကို ယုံကြည်တယ်။

ငြိမ်းချမ်းရေး ယူဆောင်ပေးမယ့် “မိုင်ခ” ကို ယုံကြည်တယ်။

ဧရာဝတီ ငြိမ်းချမ်း၊လွတ်လပ်စွာ စီးဆင်းနိုင်ပါစေ။

ချစ်သော ဧရာဝတီ။



ဒီးဒိုး။
၂၀၊၀၉၊၂၀၁၀။

No comments:

Post a Comment