Monday, September 24, 2012

လန်ဘရားဒေါ ရေသူမ (labrador mermaid)သို့ တောင်းပန်ခြင်း (၂)။


နယ်မြေကို ကျုးကျော်လာသူကို
အကြိမ်ကြိမ်နှိမ်နှင်းလို့
တာဝန်ကျေမှုနဲ့အတူ
သမိုင်းတွင်ခဲ့ တဲ့
လန်ဘရာဒေါ ခံတပ်
အမြောက်ကြီးဘေးမှာ
မင်းနဲ့ငါ အတူနေထိုင်ဖို့အရေးတူ ဆွေးနွေး
အဖြေရှာမရခဲ့ဘူးနော်။

တနေ့သော သာယာတဲ့ ကောင်းကင်အောက်
တူနေလို့ မ၀ခဲ့ကြတဲ့ တို့နှစ်ယောက်
လှပတဲ့ နေ၀င်ဆည်းဆာကိုကြည့်ရင်း
ကြည်လင်လှပတဲ့ မျက်နှာပေါ်
ငါ့အနမ်းတွေ သည်းထန်တဲ့ မိုးစက်တွေလို ရွာချရင်း
ဝင်သွားတဲ့ နေမင်းကြီးနဲ့ အတူ
လန်ဘရာဒေါ ရေသူမလေး
ရေတိမ်မှာ နစ်ခဲ့ပြီ။

တရွာ သားရဲ့ အချစ်ကို ကိုးစား
ပုံအပ်ခဲ့ ဘ၀အတွက်
အားမငယ်ဘူး
ပြောခဲ့တဲ့ စကားအတွက်
အားတက်လို့ မင်းအတွက် အရာရာပြင်ဆင်ရင်းပေါ့။

အချိန်တန်လို့ မင်းအဖော်
ရေခြင်္သေ့ နဲ့ ရွေလင်းပိုင် တို့ ခေါ်ဆိုချိန်မှာ
ရေသူမ ရဲ့ စိတ်လေး ဒွိဟနဲ့
မတူညီခြင်းအပေါ် သံသယရှိနေခဲ့ပြီလား။

မင်းပျော်နေတဲ့ ရွေပင်လယ်ထဲမှာ
မင်းအဖော်တွေ ခေါ်ချိန်
သွားလိုက်ပါလား လို့ ဆိုမိတော့
မင်းကို ပစ်သွားမလား မင်းတွေးခဲ့ပြီနော်။

ခွဲချိန်တန် လို့ ခွဲခဲ့ကြတော့
ရေသူမလေးရေ မင်းရဲ့မျက်ရည်
ဒီနေ့ထိ ရှိနေသေးတာ
ပင်လယ်ကြီးက သက်သေပေါ့။
မင်းငိုကြွေးလိုက်တိုင်း ပင်လယ်ရေတွေ
တိုးတိုးလာ တာ လူတိုင်းသိပါတယ်
ရေသူမလေး ရယ်။


လန်ဘရာဒေါ ရေသူမလေးရေ
တူပြန်ဆုံမယ့်နေ့ ကိုမျော်လင့်ရင်း
လွန်ခဲ့တဲ့ အတိတ် ရင်နာစရာ အဖြစ်တွေက
တပြည်သားကို ယုံကြည်ခဲ့တဲ့ မင်းအပြစ်မဟုတ်ပါဘူး။

လန်ဘရာဒေါ ကမ်းဘေးတနေရာ
ဝမ်းနည်းကျေကွဲခြင်းတွေ ထွေးပိုက်လို့
အနောက်ယွန်းယွန်း ဆီ ရွက်လွင့်သွားသူ
ပြန်မလာနိုင်တော့ တဲ့ သူကို မျော်နေဆဲလား
ရေသူမလေးရေ...။

တောင်းပန်ပါတယ်
လန်ဘရာဒေါ ရေသူမလေးရေ
ပြန်မလာနိုင်တော့ မယ်သူ
အခွင့်အရေး ယူနိုင်လွန်းခဲ့သူ
အတ္တကြီးကြီး အနိုင်ယူခဲ့သူကို
သတိရ လွမ်းဆွတ်ခြင်းနဲ့
စောင့်မျော်နေမယ့် အစား
မင်းအဖော်တွေနဲ့ ရေထဲ ပျော်ပျော် ကစားနေပါတော့။

မင်းခံစား တဲ့ ၀မ်းနည်းကျေကွဲခြင်းဟာ
လန်ဘရာဒေါ တောင်သခင်မင်း ကျိန်စာတွေလား။

မတူညီခြင်းတွေကို အတင်း တူ ညှိလို့
မျက်မှန်တော်ရှတဲ့ တောင်မင်း သခင်ပေါ်
ငါတောင်းပန်မယ်။
ဖြစ်ပျက်ခဲ့သမျှ အသိညဏ်ရှိလှတဲ့
ငါ့အပြစ်ကြောင့်
ချစ်သော လန်ဘရာဒေါ ရေသူမလေး
အပြစ်လွတ်စေကြောင်းပေါ့။

နောင်တချိန် အခွင့်ကြုံလို့
လန်ဘရာဒေါ ကမ်းခြေ ကပ်ခွင့်ရရင်ဖြင့်
ချစ်သော လန်ဘရာဒေါ ရေသူမလေးရေ
မင်းဝမ်းသာတော့
မင်းရင် ငြိမ်းစေမယ့် အချစ်
မင်းအပြစ်ကို ခံမယ့် ငါ့အဖြစ်
အရာရာ မင်းကိုစား ငါသာ ဖြစ်ရစေမယ်
လန်ဘရာဒေါ ရေသူမလေးရေ။

ဒီးဒိုး။ ၁၃၊၀၉၊၂၀၁၂။ ည၇၃၅

Thursday, September 13, 2012

လန်ဘရားဒေါ ရေသူမ (labrador mermaid)သို့ တောင်းပန်ခြင်း (၁)။



ရာဇ၀င်မှာ လန်ဘရားဒေါ ခံတပ်
ခုခံအား ကောင်းကောင်းနဲ့
ကျူးကျော်သူ ကိုတွန်းလှန်ခဲ့ဖူးတယ်။

သူ့ရဲ့ဂုဏ်ရောင်
ပိုထွန်းပြောင်ဖို့
သမိုင်းရဲ့ ခြေရာတချို့
ဒီနေ့ထိရှိနေသေးတယ်။

အဲဒီ ရာဇ၀င်တွင်တဲ့
လန်ဘရာဒေါ ခံတပ်တောင်ပေါ်မှာ
၂၁ရာစုရဲ့ အချစ် သမိုင်းတခု
ရာဇ၀င် မတွင်လောက်ပေမယ့်
သက်ဆိုင်သူ တော့ သိနေလိမ့်မယ်။

တပြည်တရွာ က အချစ်နဲ့
ဘ၀တွေ ခြားနေပေမယ့်
မြင်မြင်ချင်း ချစ်ခဲ့ကြတာ
ဘ၀တွေ ကိုပါမေ့လို့ပေါ့။

အချိန်တန်လို့ ဘ၀မှန်တွေကို သိတော့
ဖြတ်မရတဲ့ သံယောဇဉ် ကြိုးရစ်နှောင်ခဲ့ပြီ
ဘ၀တွေ ကို ဂရု မစိုက်ဘဲ တူနေဖို့ကျတော့
နင်ကလည်း ကုန်းပေါ် တက်လို့ မဖြစ်
ငါကလည်း ရေထဲ ဆင်းလို့ မရနဲ့
ချစ်သူရယ်။

ကံဇတ်ဆရာရဲ့ အလိုကျ
ဆုံးဖြတ်ခဲ့ကျပေမယ့်
တရက်မတွေ့ ရင် မနေတတ်အောင်
နေထိုင်လာရင်းက
အချိန်ရဲ့ ရစ်နှောင်ခြင်းအောက်
တို့နှစ်ယောက် ပိုခိုင်မာ ခဲ့တယ်။

လန်ဘရာဒေါ ကမ်းခြေမှာ
ခြေရာခြင်းထပ် လျောက်လှမ်းကြရင်း
မင်းနေတဲ့ ကမ္ဘာကြီးအကြောင်း
ပြောပြခဲ့ဖူးတယ်။
ရင်ခွင်မှာ တင်းကျပ်စွာ
နွေးထွေးထားရင်းက
အသက် ရူရပ်တန့်မလို ဖြစ်တဲ့ အခါ
မင်းနေရပ်ဆီ ပြန်သွားတိုင်း
ငါလေ ပြန်လာပါ့မလား
တွေးသံသယတွေနဲ့
ငိုကြွေးနေခဲ့ဖူးတယ်။

လန်ဘရာဒေါ တောင်ပေါ် ကနေ
ဟိုးအဝေး ပင်လယ်ဆီကို
နေ၀င်ချိန်အလှ လှမ်းမျှော်ကြည့်ခဲ့ပေမယ့်
တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
မမြင်ခဲ့ကြ ဘူးအောင်
အပျော်တွေ ဖုံးလွမ်းခဲ့ တဲ့
ညနေဆည်းဆာ လည်းရှိခဲ့ဖူးတယ်။

ဒီးဒိုး။၁၁၊၀၉၊၂၀၁၂။ ည ၁၁ ၃၇

Tuesday, September 11, 2012

ပြောချင်စမ်းရဲ့။



မြူခိုး တိမ်ငွေ့ ဖုန်းနိုင်ပါရဲ့
ခုတော့ ယမ်းငွေ့တွေ တဝေေ၀။

အိမ်ကြီး အိမ်ကောင်းတွေ ရှိနိုင်ပါရဲ့
ခုတော့ သစ်ရွက်ကာ ချုံ သာသာမှာ နေနေ။

လယ်ရာ စပါးပေါများနိုင်ပါရဲ့
ခုတော့ ငတ်ပြတ်လို့ တပေပေ။

သစ်ပင် ၀ါးရိပ် အေးချမ်းပါရဲ့
ခုတော့ တောလုံး ပြောင် ခပ်ရှင်းရှင်း။

ကျောက်စိမ်းတုံး ဖင်ခုထိုင်နိုင်ပါရဲ့
ခုတော့ ခါးဝတ် ပင် အနိုင်နိုင်။

ညဏ်ပညာ ထက်ပါရဲ့
ခုတော့ ပညာမဲ့ကာ တမှိုင်မှိုင်။

အိုးစည် ဗုံးမောင်း အသံ လွင်နိုင်ပါရဲ့
ခုတော့ တိတ်ဆိတ်ကာ ငိုင်ငီုင်။

မရှိတာထက် မသိတာခက်တယ်။
ဟေး.....ဟေ့
သေနတ်တွေ ခါးချိတ်လို့
ယူနီဖောင်းတွေနဲ့ လူ(မ)ကြီးတွေ
ခင်များတို့ အတ္တကို နည်းနည်းလျော့ကြ။

ဒီးဒိုး။
၉၊၉၊၂၀၁၂။  ည ၇:၄၅

Sunday, September 9, 2012




hkum tsan..

matsan dum ai ngu ngai hpe hkum tsun u law
sinat ntsen
ah myuk ntsen
bawm ntsen
hkrap ngu ntsen
kaw si ntsen
nye myi pwi kaw na

nye ah myit mada shara
simsa hkru du
pyan hkawm mat na tsan la nngai.

Brangdi(Nbapa)
7/9/2012/


မနှစ်သိမ့်ပါနဲ့


သနားလိုက်တာ လို့ ငါ့ကို မနှစ်သိမ့်ပါနဲ့
သေနတ်သံတွေ
အမြောက်သံတွေ
ဗုန်းသံတွေ
ငိုငြီးသံတွေ
ဆာလောင်မှုတွေ
မျက်ရည်တွေ ကြားက

မျှော်လင့်ချက်ငှက်လေး ကြားပြီး
ထပြန်သွားမှာ စိုးလို့ပါလေ...။

ဒီးဒီုး။(၇၊၉၊၂၀၁၂) ည ၉:၂၉။

ရောက်တတ် ရာရာ

Wednesday, September 5, 2012

ခွင့်(သို့)ချစ်သူသိစေ


ဆန္ဒတွေ အများကြီး မဟုတ်ရပါဘူး ချစ်သူရယ်
ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့သာဆိုရင်
မင်းရဲ့မျက်နှာလေး မြင်ခွင့်ရချင်ယုံလေးပါ။

မျှော်လင့်ချက်တွေလည်း အများကြီး မရှိပါဘူး ချစ်သူရယ်
တကယ်လို့ ငါ့အတွက် မနက်ဖြန် မရှိတော့ဘူးဆိုရင်
မင်းကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့ ချင်ယုံလေးပါ။

ပေးဆပ်ခြင်းတွေလည်း အများကြီး မဟုတ်ရပါဘူး
တကယ်ဘဲ မတွေ့ကြတော့ဘူးဆိုရင်
မင်းမပြည့်ခဲ့တဲ့ လိုအင် တခုလောက်ဘဲဖြည့်ဆည်းပေးချင်ယုံလေးပါ။

အတ္တ ခပ်ကြီးကြီး မရှိပါဘူး ချစ်သူရယ်
အမှန်တကယ်ဘဲ နောင်ဘ၀သာ ရှိမယ်ဆိုရင်
မင်းရဲ့ ရင်နှစ်သည်းညှာအဖြစ် မင်းထံမှာ သန္ဒေတည်ပါစေလို့သာ။

ဒီးဒိုး။
၃၊၉၊၂၀၁၂။(ည ၈း၄၆)

Tuesday, August 28, 2012

အိမ်မက်ဆိုးမှ နိုးထခြင်း။


စောစောထ တဲ့ ငှက်ဟာ ပိုးကောင် များများ စားရတယ်တဲ့။
ဒါ ဆိုရင် စောစော ထ တဲ့ ပိုးကောင် ကျတော့ ကောဗျာ.........

ဒီတော့ ကိုယ်ဟာ ငှက်ဖြစ်နေလား၊ ပိုးကောင်လား သေချာစဉ်းစား ဗျာ..။

ကျွန်တော့်ရဲ့ စာသား က ဒီထက်မပို ပါ။ 
စောစောထတဲ့ ငှက်က အစာ ပိုများများ စားရမယ်။
ကျွန်တော် စဉ်းစားမိတာကလည်း စောစောထ တဲ့ ပိုးကောင်ဟာ ငှက်ရဲ့ စားသောက်ခြင်းကို ခံရလိမ့်မယ်။
ကိုယ်က ငှက်ဖြစ်နေတဲ့ အချိန်မှာ စောစောထ ပြီး ပိုးကောင် များများရှာဖွေစားသောက်ပေါ့။
တကယ်လို့ ကိုယ်က ပိုးကောင်လေးဖြစ်နေတဲ့ အချိန်မှာ စောစောထ ရင်တော့ ငှက်ရဲ့ စားသောက်ခြင်းကို
ခံရမယ် လို့ ဘဲ တွေးထင်ခဲ့တယ်။
ဒါကတော့ ကျွန်တော်လို သာမန်လူ အတွေးပေါ့ဗျာ..။
နောက် ကိုယ်ကိုတိုင်ခံစား နေရတာကိုက အားငယ်နေတဲ့ သူဖြစ်နေတော့ ပိုးကောင်ဘ၀ ဘက်ကနေ ပြီး ခံရမယ့် ဘက်ကနေ ဘဲ စဉ်းစားနေမိတယ်..။
ဒီထက်ပိုပြီးတော့လည်း ပိုမစဉ်းစား တတ်တော့တာလဲ ပါတာပေါ့ဗျာ။
ဒီလို အတိတ်ရဲ့ ငှက်ဆိုးရန်က လွတ်ဖို့ မစဉ်းစားတတ်တော့တာလဲ ပါတယ်။
ဒီတော့လည်း ဒီဘ၀နဲ့ဘဲ လုံးချာလည် လိုက်နေတော့တာပါဘဲ။

ဒီနေ့တော့ အိမ်မက် က လန့်နိုးလာတဲ့ လူတယောက်လို့ပါဘဲ..။
ဒါကလည်း ကျွန်တော်ရေးထားတဲ့ အထက်ပါ စာသားလေးကို သာမန် အတွေးကနေဖောက်ထွက် 
စာလေး တကြောင်းကို ညီလေးတယောက် က comment ပေးသွားလို့ ပါ။
သူရေးပေးသွားတဲ့ စသားက
"စောစောထတဲ့ ပိုးကောင်ကတော့ ငှက်ရန်က လွတ်ပြီပေါ့ဗျာ ... ဟီး"
အဲဒီ စာသားလေးကို ဖတ်ကြည့်လိုက်တော့ အိမ်မက်ဆိုးကနေ လန့်နိုးလာသလိုပါဘဲ။
ကျွန်တော် အလန့်တကြားနဲ့ စာသားလေးကို အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ်။
ပြီးတော့ အရမ်းလည်း အံ့သြသွားတယ်။
ကျွန်တော်က ဘာဖြစ်လို့ အဲဒီညီလေး ပြောသလိုမစဉ်းစား မိတာလဲ။
ကျွန်တော့် ဘ၀ ကို အတိတ်ငှက်ဆိုး ရန်က လွတ်အောင် မစဉ်းစားမိတာလဲ။
ကျွန်တော်က ပိုးကောင်ဘ၀ မှာ စောစောထလိုက်တိုင်း ငှက်ရဲ့ စားသောက်ခြင်းကို ခံရမယ်လို့ ဘာကြောင့် ထင်နေရတာလဲ။
ကိုယ့်ကိုယ် ကို ပိုးကောင်ကလေး ဘ၀ ကနေလွတ်မြောက်ရာ လမ်းစ ကိုရှာမတွေ့ဘဲ သိမ်ငယ်နေရတာလဲ။
သူကလည်း ငှက် ကိုယ်ကလည်း ပိုးကောင် ပါဘဲ။ အသက်ရှင်နေထိုင် တာခြင်းတူပါရဲ့။
ဒါပေမယ့် ကိုယ့်ရဲ့ အမှားတွေ ကြောင့် ဒီလိုဘ၀ က လွတ်အောင်ဘာလို့ မရုန်းထွက်နိုင်ရမှာလဲ။ 
 
အမှန်တော့ အဲဒီ ညီလေးပြောသလို အစောကြီးထ တတ်တဲ့ ငှက်ထက် ပိုစောအောင်ထ တဲ့ ပိုးကောင်က ငှက်ရန်က လွတ်ရမှာပေါ့။ သိပ်မှန်တယ်။ ဒါဟာ အမှန်တရားဘဲ။
ကျွန်တော်ဟာ ပိုးကောင်ဘ၀မှာ ဘာလို့ ငှက်ထက် ပိုစောအောင် မထ နိုင်ရမှာလဲ။
ဘုရား သခင်က တူညီတဲ့ အစွမ်းအစတွေ ပေးထားတာဘဲ။
ဒီနေရာမှာ ၀ရိယပိုရှိတဲ့ သူက အောင်နိုင်စတမ်းဘဲ။
ဘာလို့ အားငယ်ပြီး သိမ်ငယ်နေရမှာလဲ။

အတိတ်ရဲ့ ငှက်ဆိုးရန်က လွတ်အောင် စောစောထရမယ်။ လုပ်ရမယ်။
ပိုးကောင်ဘ၀မှ ဖြစ်နေပေမယ့်  ၀ိရိယနဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ဘုရားသခင်ရဲ့ လက်တော်ကို ကိုင်ဆွဲလို့ လာမယ့် မနက်ဖြန်တွေမှာ စောစောထ အုန်းမယ်။

ဂီတာဟောင်း လေးနဲ့ သီချင်းအသစ် သစ်တွေကို ဆိုအုန်းမယ်။
လူတိုင်းမှာ အမှားနဲ့ ကင်းနေနိုင်တဲ့ သူတွေရှိနေပြီလား။
ဒီကနေ့ အမှားတွေ တသီကြီးလုပ်ခဲ့ပြီး ဘ၀ ကို အောင်မြင်နိုင်အောင်လုပ်နေတဲ့ သူတွေတပုံကြီး။
အောင်မြင် အောင်လုပ်နိုင်တဲ့ အချိန်ကျရင် ကိုယ်လုပ်ခဲ့တဲ့ အမှား သူ့အလိုလို သိမ်ငယ်သွားမှာဘဲ။
ဒီကနေ့ ငါဟာ မှားခဲ့မိတဲ့ အမှားအတွက် ဖက်တွယ် ငိုကြွေးနေဖို့ မလိုတော့ဘူး။
အဲဒီအမှား တွေကို လွမ်းဆွတ်တမ်းတပြီး သိမ်ငယ်နေဖို့မလိုတော့ဘူး။

ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ၀ိရိယနဲ့ လုပ်ဖို့ လိုနေအုန်းမယ်။
မှန်ပါတယ်။ 
ကျွန်တော်ဟာ အများထက်စာရင် အားနည်းချက်တွေနဲ့  အားအင် ချည့်နဲ့နေတဲ့ သူဘဲ။
ကျွန်တော်ဟာ အဲဒီ အားနည်းချက်တွေနဲ့ အားအင်ချည့်နဲ့နေပေမယ့် အတိတ်ငှက်ဆိုးရဲ့ ရန်က လွတ်ဖို့တော့ ၀ိရိယလေးအား စိုက်ပြီး လွတ်အောင်ရုန်းရ အုန်းမယ်။

စောစောထ တဲ့ ငှက်ဟာ ပိုးကောင် များများ စားရတယ်တဲ့။
ဒါ ဆိုရင် စောစော ထ တဲ့ ပိုးကောင် ကျတော့ ကောဗျာ.........

ဒီတော့ ကိုယ်ဟာ ငှက်ဖြစ်နေလား၊ ပိုးကောင်လား သေချာစဉ်းစား ဗျာ..။

သေချာ ပြန်စဉ်းစားမိတာ ကတော့ ငှက်ထက် ပိုစောစော ထနိုင်တဲ့ ပိုးကောင်က ငှက်ရဲ့ အစာအဖြစ်က လွတ်မြောက်နိုင်ပါတယ်. ။

 
"စောစောထတဲ့ ပိုးကောင်ကတော့ ငှက်ရန်က လွတ်ပြီပေါ့ဗျာ ... ဟီး"  လို့ comment ပေးခဲ့တဲ့ ညီလေး Michael Nhkum ကို အထူးကျေးဇူးတင်ပါကြောင်း။

ဒီးဒိုး။
၂၈၊၀၈၊၂၀၁၂။