အလွမ်းတွေသာ ချိုမြိန်မယ်ဆိုရင်
မနက်ဖြန်တွေ ကို ကြိုဆိုနေချင်တယ်..။
ချစ်ပါတယ် ဆိုတဲ့ စကား ကို တစ်ဒေါ်လာ ပေးရမယ်ဆိုရင်
ချစ်တယ် ချစ်တယ်လို့ အလွယ်တကူ ပြောကြမှာ မဟုတ်တော့ဘူး။
၂၁ ရာစုမှ အရှက် ထက် အချစ်က တန်ဖိုးမရှိတော့သလိုဘဲ။
အရှက်ကွဲခံ ပါမယ် ရှေ့မဆက်ပါရစေနဲ့တော့ ဆိုတာမျိုးပေါ့။
အချစ်က ခါးသီးလွန်းနေလို့ နေမှာပေါ့။
တကယ် မချစ်ခဲ့တာကိုများ ဘ၀တစ်ခုလုံး ပေးအပ်ခဲ့ပြီး
တကယ်ချစ်ခဲ့တာကို သက်သေပြမလို့တဲ့။
ဘ၀ တစ်ခုက အချစ်တစ်ခုလောက်အရေးမကြီးလို့လား။
အေးလေ တချို့အတွက်တော့ ဘ၀တွေ အများကြီးရှိလို့နေမှာပေါ့။
ဘုရား ဘုရား လောကကြီးမှာ မသိသေးတာတွေများလှချည်လား။
ရှေ့ဆက်ပြီး ဘာမှ သိခွင့်မပေးပါနဲ့တော့။
ဂန္ဒီ ရဲ့ စကား မျက်လုံးတလုံး အတွက် မျက်လုံး တလုံး ပေးဆပ်ကြေးဆိုရင်
တကမ္ဘာလုံး တဖက်လပ်တွေ ဖြစ်ကုန်မှာပေါ့တဲ့။
ဒါပေမယ့် ဒီနေ့ခေတ်မှာ မျက်လုံးတုတွေ တပ်ထားတဲ့ သူများတယ်။
ဖြစ်ပြီးရင် ပျက်သွားကြတာဘဲတဲ့
ပျက်ပြီးသွားတာကိုဘဲ တသသနဲ့ လွမ်းဆွတ်ရင်း
ပျက်ပြီးသွားတာကိုမှ ပြန်အသက်သွင်းချင်းနေတာ ငါပေါ့။
သူ့ဘ၀နဲ့ သူပျော်နေတာကို ပျော်နေရဲ့လား စိုးရိမ်နေတာ ငါပေါ့။
အိမ်မက်တွေမှာ နှိပ်စက်တိုင်း အိပ်မပျော်တဲ့ ငါ့ရဲ့ညတွေ
မနက်ဖြန်တွေ ကို ကြိုဆိုနေချင်တယ်..။
ချစ်ပါတယ် ဆိုတဲ့ စကား ကို တစ်ဒေါ်လာ ပေးရမယ်ဆိုရင်
ချစ်တယ် ချစ်တယ်လို့ အလွယ်တကူ ပြောကြမှာ မဟုတ်တော့ဘူး။
၂၁ ရာစုမှ အရှက် ထက် အချစ်က တန်ဖိုးမရှိတော့သလိုဘဲ။
အရှက်ကွဲခံ ပါမယ် ရှေ့မဆက်ပါရစေနဲ့တော့ ဆိုတာမျိုးပေါ့။
အချစ်က ခါးသီးလွန်းနေလို့ နေမှာပေါ့။
တကယ် မချစ်ခဲ့တာကိုများ ဘ၀တစ်ခုလုံး ပေးအပ်ခဲ့ပြီး
တကယ်ချစ်ခဲ့တာကို သက်သေပြမလို့တဲ့။
ဘ၀ တစ်ခုက အချစ်တစ်ခုလောက်အရေးမကြီးလို့လာ
အေးလေ တချို့အတွက်တော့ ဘ၀တွေ အများကြီးရှိလို့နေမှာပေါ့။
ဘုရား ဘုရား လောကကြီးမှာ မသိသေးတာတွေများလှချည်လား။
ရှေ့ဆက်ပြီး ဘာမှ သိခွင့်မပေးပါနဲ့တော့။
ဂန္ဒီ ရဲ့ စကား မျက်လုံးတလုံး အတွက် မျက်လုံး တလုံး ပေးဆပ်ကြေးဆိုရင်
တကမ္ဘာလုံး တဖက်လပ်တွေ ဖြစ်ကုန်မှာပေါ့တဲ့။
ဒါပေမယ့် ဒီနေ့ခေတ်မှာ မျက်လုံးတုတွေ တပ်ထားတဲ့ သူများတယ်။
ဖြစ်ပြီးရင် ပျက်သွားကြတာဘဲတဲ့
ပျက်ပြီးသွားတာကိုဘဲ တသသနဲ့ လွမ်းဆွတ်ရင်း
ပျက်ပြီးသွားတာကိုမှ ပြန်အသက်သွင်းချင်းနေတာ ငါပေါ့။
သူ့ဘ၀နဲ့ သူပျော်နေတာကို ပျော်နေရဲ့လား စိုးရိမ်နေတာ ငါပေါ့။
အိမ်မက်တွေမှာ နှိပ်စက်တိုင်း အိပ်မပျော်တဲ့ ငါ့ရဲ့ညတွေ
ဘယ်လို ကုန်ဆုံးသွားရမှန်း မသိတာ အမှန်ပါဘဲ။
မင်းနားလည်တဲ့ အချစ်ရဲ့ အကြောင်းနဲ့
ငါနားလည်တဲ့ အချစ်ရဲ့ အကြောင်း ဘယ်လိုကွဲပြားတယ်
တကယ်မသိတာပါ။
အချစ်အကြောင်းနဲ့ ဘ၀ အကြောင်းရောထွေးသွားတဲ့အခါ
ငါဟာ ချိမ်းပြီး မရွာတဲ့ မိုးလို ဖြစ်နေလား
တနေရာရာ မှာတော့ ရွာမှာသေချာပါတယ်။
မင်းကို ယုံကြည်လို့ ဘ၀တခုလုံး ပေးအပ်မယ် ဆိုတဲ့အခါမှ
ပုတ်ထုတ်ခံလိုက်ရတဲ့ ငါ့ရဲ့ ဘ၀ ဘယ်က အစ ပြန်ကောက်ရမယ်..။
သိရင်တော့ မင်းပြောလိုက်တော့။
တကယ်တော့ မင်းရဲ့ ပျော်ရွင်မှုအတွက် တခြားဘ၀ ကိုတော့
မကစားသင့်ဘူးထင်ပါရဲ့..။
ဒါပေမယ့် မင်း အနိုင်လိုချင်ရင် ငါပေးမှာက အရှုံးဘဲ
မင်းကျေနပ်မှ ယူပါ။
တကယ်တော့ တစိမ်းတွေဖြစ်သွားပြီးဆိုရင်
ငါတို့ တယောက်နဲ့ တယောက် ငဲ့ညှာစရာ မလိုတော့ဘူးထင်ရဲ့။
မင်းပျော်လို့ ဟီးဟီး ဟားတိုက်ချိန်မှာ တပါးသူ ငိုနေရမယ်ဆိုရင်..
တပါးသူ ဟားဟား ဟီးတိုက်ချိန်မှာ မင်း ဟီးဟီးဟား တိုက်နိုင်ဖို့ ပြင်ထားပေါ့။
ဒါမှ လောကကြီးက မျှတလေမှာပေါ့..။
မင်းနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း ပါးလာရအောင် ငါ့မာနတွေက ဖိနပ်တရံ ဖြစ်နေပြီလား။
ချစ်မိပါတယ် ဆိုတာ က တိုက်စားလို့ သွားရအောင် အချစ်ဆိုတာ ကော်ပတ်တစ်ခုလား။
ဆက်ရန်...။
ဒီးဒိုး။(၇၊၉၊၂၀၁၂) ည ၉:၁၀။

No comments:
Post a Comment