Tuesday, March 12, 2013

ခေတ်သစ် အင်္ဂုလိမာလ...(သို့) မြန်မာ့ ရဲ။

အမှန်တော့ အင်္ဂုလိမာလ အကြောင်း စေ့စေ့စပ်စပ် မသိရိုးအမှန်ပါ။
ဒါပေမယ့် ကြားဖူးနားဝ ရှိတာတော့ အမှန်ပါဘဲ။
အင်္ဂုလိမာလ ဟာ တတ်လိုသိလိုတဲ့ လိုအင်တွေကြောင့် သဘောရိုးမမှန်တဲ့ ဆရာနဲ့တွေတော့ မဖြစ်သင့်တာတွေ ဖြစ်
အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ခဲ့တယ်။
နောက်ဆုံးတော့ မိမိကို မွေးဖွား သန့်စင်ခဲ့တဲ့ မာတာ မိခင်ကိုတောင် လိုအပ်တဲ့ လက်ညိုးဖြတ်ဖို့ လုပ်ခဲ့တာဟာ မိမိရဲ့ လိုအင်ပြည့်ဖို့ ဆရာမိုက်ရဲ့ စကားကို အမှန်ထင်ပြီး မိုက်မဲခဲ့တာပါဘဲ။
ဒါပေမယ့် အင်္ဂုလိမာလ က ဘုရားရှင်နဲ့ တွေ့လို့ ကျွတ်တန်းဝင်ခဲ့ပါတယ်။
အင်္ဂုလိမာလ အတွက်တော့ ဘယ်လိုမှ အစားထိုးမရတဲ့ မိခင်လက်ညိုး ဖြတ် ချင်ခဲ့ပေမယ့် မြတ်ဘုရားရှင်နဲ့တွေ့တော ကျွတ်တန်းဝင်ခဲ့
တာတော့ အင်္ဂုလိမာလ အတွက် ကံကောင်းတယ်ပြောရမလား။ဒါမှ မဟုတ် ကျွတ်တန်း ၀င် ချိန်တန်လို့ ကျွတ်ခဲ့တာလား ဆိုတာတော့
ညဏ်မမှီလို့ မသိကြောင်းပါဗျာ..၊
သူရဲ့ လိုအင်တွေကြောင့် ဆရာမိုက်ရဲ့ သဘောမမှန်တွေကို ဝေဖန်ပိုင်းခြား မနိုင်အောင် ဖြစ်ခဲ့ရလေခြင်းဆိုပြီးတော သနားစိတ်ပိုမိခဲံပါရဲ့။
နောက် မြတ်ဘုရားရှင်နဲ့ တွေမှ မြတ်ဘုရးရှင်ရဲ့ အဆုံးမအကိုနာယူပြီး ရဟန်းဝတ်၊ ၀ိပဿာတရားကျင့်ပြီး ရဟန္တာအဖြစ်ရောက်အောင် အားထုတ်နိုင်သွားလို့ နိုင်လို့ ၀မ်းသာပီတိ ဖြစ်ပါတယ်။

အင်္ဂုလိမာလ အကြောင်းတွေပြောနေရတာက ဒီကနေ့ ခေတ်သစ် အင်္ဂုလိမာလ တွေ မအူပင်ဖက်မှာ သောင်းကျန်း နေပြန်လို့ပါဘဲ။
မြန်မာနိုင်ငံ ရဲတွေကို ခေတ်သစ် အင်္ဂုလိမာလ လို့ နာမည်တပ် မှည့်ခေါ်မယ်ဆိုရင် မှားနေမလားဗျာ။
မအူပင်ဖက်မှာ ဖြစ်ပျက်သွားတဲ့ သတင်းစုံကို အားလုံးသိကြတဲ့ အတိုင်းပါဘဲ။
ခေတ်သစ် အင်္ဂုလိမာလ တွေကြတော့ ဟိုအရင်က အင်္ဂုလိမာလ လိုမဟုတ်ပါဘူး။

ခေတ်သစ် အင်္ဂုလိမာလ တွေကြတော့ ကိုယ် တတ်ချင်၊သိချင်တဲ့ လိုအင် ကြောင့် မဟုတ်ပါဘဲ ဆရာစကား(သို့) အမိန့် ကို တသွေ မသိမ်း နာခံ လုပ်ဆောင်ကြတာလေ။
သဘောရိုးမမှန်တဲ့ အမိန့်တွေကို  လိုက်မလုပ်လို့ ထမင်းငတ်ရင် မင်းကျွေးမှာလား။
ငါတို့ ကလေး မင်းကျောင်းထားပေးမလား။
ငါတို့ မိန်းမ မင်းကျွေးမွေးထားမလား။
ဟုတ်ကဲ့ ကျွန်တော်ဘာတခုမှ မလုပ်ပေးနိုင်ပါဘူး။
ကျွန်တော် က ဘုရားမှ မဟုတ်တာကိုး။
ဘာမှ မလုပ်ပေးနိုင်တာကို မင်း ကိုယ်ထမင်းကိုယ်စား အေးဆေးနေလို့ ပြောကြပေါ့။
ဟိုအရင်က အင်္ဂုလိမာလ ကို ဘာမှ မလုပ်ပေးနိုင်ဘဲ အသနားပိုခဲ့ သလို ခေတ်သစ် အင်္ဂုလိမာလကို လည်း အသနားပိုပါတယ်။
ဒါပေမယ့် ဟိုအရင် အင်္ဂုလိမာလ က မြတ်ဘုရားရှင်နဲ့တွေလို့ ရဟန္တာ ဖြစ်လို့ ၀မ်းသာပီတိ ဖြစ်ရပေမယ့် ခေတ်သစ် အင်္ဂုလိမာလ တွေကိုတော့ ပိုပြီးတောင် အသနားပိုမိပါတယ်။
ဘာလို့လဲဆိုတော့ သေချာပါတယ် ခေတ်သစ် အင်္ဂုလိမာလ တွေက မြတ်ဘုရားရှင်နဲ့ တွေဖို့ အကြောင်း လုံးဝ မရှိဆိုတဲ့ အသိကြောင့်ပါ။

ငါ့မိသားစုအတွက် ဘာမဆိုလုပ်မယ် ဆိုတာတော့ ကောင်းပါတယ်။
ဒါမှလည်း ဖခင်ကောင်းပီသ ပေမပေါ့။
ဒါပေမယ့် ဆရာကောင်းတော့ ဆင်ခြင်သိညဏ်နဲ့ ရွေးချယ်ရမှာပါ။
ခုတော့ ခေတ်သစ် သဘောရိုးမမှန်တဲ့ ဒိဋ္ဌိ တက္ကဒွန်း ဆရာကြီးတွေ အောက်မှ ခစားနေကြတော့ ခေတ်သစ် အင်္ဂုလိမာလ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။
ဒိဋ္ဌိ တက္ကဒွန်း ဆရာကြီးတွေရဲ့ လက်ဝေခံ တပည့်တွေက လည်း ထမင်းရှင် လယ်သမားတွေကို ဒီလိုရိုက် ပြီးရင် ဒီလိုပြန်ပင့်တင်
ခေါင်းတွေ့ ခေါင်းရိုက်၊ခြေထောက်တွေ့ ခြေထောက်ရိုက် ဘယ်နားရာရိုက်ပါလို့ သေချာ သရုပ်ပြပါလို့ မှာကြားလိုက်ပါရဲ့လေ။
ဟိုအရင် အင်္ဂုလိမာလ ရဲ့ ဆရာကြီးက တော့ လက်ညှိုးဘဲ ဖြတ်ခိုင်းတာပေါ့။
ဒီနေခေတ်မှာတော့ ဘာလို့ မသတ်မှတ်ထားတော့ပါဘူး။အကုန်ရိုက် အကုန်ဖြတ်....ဘုရားဘုရား....၂၁ရာစုမှာ သနားကြင်နာခြင်း
ကင်းတဲ့ နှစ်တွေလို့ တင်စားရမလိုဖြစ်နေခဲ့ပါကော။

တကယ်တော့ ဟိုအရင် အင်္ဂုလိမာက ပညာတတ်လို သိလိုဇောနဲ့အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိတာပါ။
ဒီကနေ့တော့ စားဝတ်နေရေး အသက်ရှင်သန်နေရေး အတွက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခွင့် မရှိတော့တာပါ။
နောက်ဒီကနေ့ ဒိဋ္ဌိ တက္ကဒွန်း ဆရာကြီးတွေကလည်း ဆရာစစ် ဆရာမှန် သဘောမရိုးတာ အမှန်ဆိုတာ ကို ချပြနေစရာ မလိုပါဘူး။

အင်္ဂုလိမာလ က နောက်ဆုံး လက်ညှိုး တချောင်းလိုမှ မာတာမိခင်ရဲ့ လက်ညိုးကို ဖြတ်ဖို့ ကြိုးစားရင်းက မြတ်ဘုရားရှင်နဲ့တွေ့ခဲ့တယ်။
ခေတ်သစ် အင်္ဂုလိမာလတွေက တော့ အမေအရွယ် ဘေးက ရပ်ကြည့်နေတဲ့ မိန်းမနှစ်ယောက်ကို ကျော်ဖြတ်သွားပြီးမှ  နောက်လိုက်တွေက တွန်းထိုး ရိုက်ပြီးတဲ့ နောက် မြတ်ဘုရားရှင်နဲ့ မတွေ့ဘဲ အရှူံးနဲ့ရင်ဆိုင် နောက်ဆုတ်ပြန်ပြေးကြတာများ ကြည့်လို့တောင် မကောင်းပါဘူးဗျာ။
ခေတ်သစ် အင်္ဂုလိမာလ တွေကို ချွတ်ဖို့ မြတ်ဘုရား အမြန် ပွင့်ဖို့ ဆုတောင်းပါရဲ့..။

ခေတ်သစ် ဒိဋ္ဌိ တက္ကဒွန်း ဆရာကြီးတွေ ကလည်း လွန်လှပါပြီ။
သင်္ကန်းဝတ် ဘုန်းကြီးကို လည်း ရဟန်းတုလို့ ခေတ်သစ် အင်္ဂုလိမာလတွေကို သင်ကြားပေးကြ။
ဓါးမဦးခုတ် လယ်လုပ်တဲ့ သူတွေကိုလည်း ကျေးဇူးရှင်မမည် ရိုက်ချင်သလို ရိုက်နိုင်သည်လို့ အမိန့်ပေးကြ။
တောထဲမှာ အစိမ်းရောင်ဝတ် မြင်ရင် သူပုန်လို့ မှတ်ယူခိုင်းကြ။
စာရေး တံကူ ကိုင်တာမြင်ရင် ငါဆရာကို အသရေဖျက်မဲ့ သူလို့ ပြောဆိုထားခဲ့ကြလေပြီ။
ဗမာလူမျိုး ဗုဒ္ဒဘာသာ မှာ အလွန်ကို ကျေးဇူးသိ သနားကြင်နာ တတ်တဲ့ ဆရာ၊ဆရာတွေကို ဘဲ တွေ့ခဲ့ဖူးတော့ ခုချိန်မှာ အထူးအဆန်းကိုဖြစ်လို့ပါ။
ကိုရင်တပါးကို တွေ့ရင်တောင် အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုရင် စည်းထားတဲ့ သင်္ကန်းကို ဘဲ ကြည်ညိုပြီး လေးစားရမှာပါ။
အမေအရွယ် တွေ့ရင်တောင် ၀မ်းနဲ့လွယ်မွေးတဲ့ အမေ မဟုတ်ပေမယ့် အမေ အမေ ဆိုခေါ်ပြီး ၀တ်ကြိးဝတ်ငယ် ပြုစုကြတာ မဟုတ်လား။

ခုတော့ကိုယ့် ရဲ့ စားဝတ်နေရေး၊မိသားစု ဆိုတဲ့ ၀န်ထုပ်ကြီးအတွက် အထက်အမိန့် ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘဲ
ဘုန်းကြီးကို လည်း စည်းထားတဲ့ သင်္ကန်းကို မမြင်နိုင်အောင် အမိုက်တွေကဖုံး...လို့ ဘုန်းကြီး တုလို့ ဆိုလိုဆို...။
အမေ အရွယ်ကိုလည်း အမေ ဆိုတာ မသိတော့ အမေက မွေးတာမဟုတ်ဘဲ ဥကဘဲ ပေါက်သလို စုံလုံးကန်းလို့ တွန်းလိုတွန်း၊ရိုက်လိုရိုက်...နဲ့။
နောက်ဆုံးရလဒ်ကတော့ မြတ်ဘုရားရှင်နဲ့ မတွေ့ပါဘဲ။ အပျက်ပျက်နဲ့ ကစဉ်ကလျား ထွက်ပြေးရပေ ပပေါ့။


ခေတ်ကြီးကို က ပျက်ခေတ်...
ဒိဋ္ဌိ တက္ကဒွန်း ဆရာကြီးတွေ လည်း ချုပ်ငြိမ်းစေချင်ပါတယ်..........။
ခေတ်သစ် အင်္ဂုလိမာလ တွေလည်း မြတ်ဘုရားနဲ့အမြန်တွေ့စေချင်ပါတယ်...။
ကမ္ဘာမြေကြီး ငြိမ်းချမ်း သာယာလှပအောင် မြတ်ဘုရား အရိမေတ္တရ ကို အမြန်ပွင့်စေချင်တော့တာပါဘဲလေ။
ဇတ်တူသားတွေ စားကြတဲ့ ဓလေ့ မြန်ပြည်မှာ ဆက်ပြီ မကြီးထွားစေချင်တော့တာ အမှန်ပါ။

ဒီးဒိုး။၀၂၊၀၃၊၂၀၁၂။၁၅၁၈နာရီ။

Saturday, March 9, 2013

မြေလွတ် မြေရိုင်း တဲ့လား..။

တနေ့ က ရွာက သူငယ်ချင်းဆီ ဖုန်းဆက်ပြီး သာကြောင်းမာကြောင်းလေး မေးခဲ့ပါတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပြီးတော့ လက်ရှိ အကြောင်းလေးကို စကားစမြည် ပြောကြရင်းက ရွာမှာ လက်ရှိဖြစ်နေတဲ့ အကြောင်းလေး တစ်ခုကို သိခဲ့ရတယ်။
စစ်တပ် က ဗိုလ်မှူးတယောက် က ရွာကိုလာပြီး ပြောတယ်တဲ့ ကေအိုင်အေ ကို ရွာထဲ အလာမခံ နဲ့ ဆိုတဲ့ အကြောင်းနဲ့ တကယ်လို့ ရွာအနီးနားတ၀ိုက်မှာ ကေအိုင်အေ ကို တွေ့တယ် ဆိုရင် ဒီရွာကို နိုင်ငံတော်ပိုင် မြေလွတ်၊မြေရိုင်းပေါ် မှာ တည်ဆောက်ထားတဲ့ ရွာဆိုပြီး ရွာကိုပြောင်းပလိုက်မယ် ဆိုဘဲ။
တောင်ပေါ်သား တွေမှာ တော့ ဗိုလ်မှူး အဆင့်မပြောနဲ့ တပ်ကြပ်လောက်ကိုတောင် တော်တော်သိ တော်တော်တတ် လို့ ထင်ကြတာ။
ကျွန်တော်လည်း ဟိုအရင်က အဲလိုဘဲ ထင်တာပါ။ ခုတော့ ၀န်ကြီး အဆင့်တောင် စဉ်းစား ဆင်ခြင် ညဏ် မရှိသော၊ ပရမ်းပတာ စကားပြော ခြိမ်းခြောက်တတ်သော၊အမိန့် ကို ဝေဖန်မပိုင်းခြားနိုင်သော စစ်သား လို့ဘဲ မှတ်တော့တယ်။အဲလိုပြောလို့ စစ်သား အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။

ဒါနဲ့ သူငယ်ချင်း မိန်းမ ကတော့ တငိုငို တရီရီနဲ့ပေါ့။
ငါတို့က ကချင်ဖြစ်လို့ ဒီလို မတရား အနိုင်ကျင့် ခံရတာ...ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။
ကျွန်တော်လည်း ဘုရားသခင်ဆီမှာ ဆုတောင်းပြီး နေရအောင် ဘုရားသခင်သာ အားလုံးကို တတ်နိုင်တယ် အားပေးနှစ်သိမ့်ပေးခဲ့မိတယ်။

တကယ်တော့ စစ်အာဏာရှင် လက်အောက်နဲ့ ခုအရောင်ပြောင်း အစိုးရ လက်ထက်မှာ နဂို ဗီစ အာဏာပြမယ်၊ခြိမ်းခြောက်မယ်၊
ဥပဒေအရ လို့ ပြောမယ်၊ အမိန့်အရလို့ ပြောပြီး မသိနားမလည် သူကော သိနားလည် သူကိုပါမတရားလုပ်တာဟာ အမြစ်စွဲနေဆဲပါ။
အဲဒီ ရက်စက်ကြမ်းကြုတ်မှု အောက်မှာ ကချင်တမျိုးတည်း ခံနေရတာ မဟုတ် ဘူးလို့ ကျွန်တော့် သူငယ်ချင်း မိသားစုကို သိစေချင်လိုက်တာ။
သူတို့မှာလဲ တနေ့နေ့ ၀မ်းစားရှာနဲ့ အသက်မသေဖို့ ရုန်းကန်နေရတော့ ဘယ်မှာ ဘာဖြစ် မသိရှာကြဘူး။
ဘယ်သိနိုင်ပါ့မလဲ သူတို့မှာ အဲဒီအကြောင်း ကို စိတ်ဝင်စားဖို့ အချိန်လဲ ရှိရှာမယ် မထင်ပါဘူး။


တကယ် တော့ ဒီအာဏာရှင် စနစ် အောက်မှာ တိုင်းရင်းသား အားလုံး၊ဘာသာကြီး အားလုံးဟာ နှိပ်စက်မှု အမျိုးမျိုးကို အနည်းအများ ခံစားကြရတာပါ။
ကချင်လူမျိုးမှ မဟုတ်ပါဘူး ဗမာလူမျိုးနဲ့ ဗုဒ္ဒဘာသာ လည်း ခွဲခြား ဆက်ဆံခြင်းအောက် ခံနေကြရတာပါဘဲ။
ဗမာလူမျိုး ဘုန်းတော်ကြီးတွေတောင် သူတို့ ထိရင် မလွယ်အောင် ရက်ရက်စက်စက် ဆက်ဆံ ခဲ့ကြတာပါဘဲ။

ဘယ်လို ကမ္ဘာကျော် တက္ကသိုလ် ကျောင်းတော်ကြီးက ဘွဲ့တွေရပြီး ဗိုလ်မှူး အဆင့်တာဝန်ကို ထမ်းဆောင်တာလဲတော့ မသိဘူး
ဘယ်အရာကို ဘယ်လိုခေါ်ဝေါ် သမုတ်တယ် ဆိုတာတောင်မသိရှာဘူး။
မြန်မာနိုင်ငံ မှာနေ ကချင်ပြည်နယ်မှာ တာဝန်ကျပေမယ့် ကချင်လူမျိုးတွေရဲ့ထုံးတမ်း စဉ်လာကို လားလားမျှမသိတဲ့ အရိုင်းအစိုင်းတွေ နယ်တွေမှာ လာစုနေတာတော့ အမှန်ပါဘဲ။
ဘယ်ပညာတတ်၊ယဉ်ကျေးနားလည်တဲ့ တဦးတယောက်မှာ နယ်ကို မရောက်တာ ဟိုးအရင် ကတည်းက အစိုးရ ၀န်ထမ်းလောကမှာ ရှိပြီးသား။
မြန်ပြည်မြို့တော်တွေမှာ အကျင့်ပျက်၊ကလန်ကဆန် လုပ်တဲ့ ၀န်ထမ်းဆို အလုပ်က မထုတ်ဘဲ နယ်ပို့ လုပ်တာ လုပ်ရိုးလုပ်စဉ်ဘဲမဟုတ်လား။

မြေလွတ်ဆိုတာ လူတွေ မနေထိုင်တဲ့ နေရာ ကို မြေလွတ်လို့ ခေါ်တယ်။
မြေရိုင်းဆိုတာ စိုက်ပျိုးထား ခြင်း မရှိတဲ့ မြေကို မြေရိုင်းလို့ ခေါ်ပါရဲ့။
ကချင်လူမျိုးတွေက ရွာတည်ပြီးနေထိုင်ကြတယ် ဆိုမှတော့ မြေလွတ်လို့ခေါ်မလား။
ကချင်လူမျိုးတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို မြေရိုင်းလို့ခေါ်မလား။
မနေ့တနေ့ ကမှ ထုတ်ပြန်တဲ့ ဥပဒေအရ ဂရမ် မရှိလို့၊ပုံစံ ၁၅ မရှိလို့ အဲဒီ နေရာတွေကို မြေလွတ်မြေရိုင်းလို့ ခေါ်သလား။
အဲဒီမြေမှာ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ အစဉ်အဆင် ခေါင်းချခဲ့တဲ့ နေရာပါ။
ဂရမ်တို့ ပုံစံ ၁၅ တို့ ဆိုတာ ဘယ်နေမှန်း မသိတဲ့ အချိန်က စလို့ အဲဒီမြေပေါ်မှာ ကျွန်တော်တို့ နေထိုင်ခဲ့ကြတာပါ။

နည်းနည်းတော့ စဉ်းစားဖို့ ကောင်းပါတယ်။ ဂရမ်တို့၊ပုံစံ ၁၅ လား ဘာလား နိုင်ငံတော်က ထုတ်ပြန်တယ် ဆိုရင်လည်း တနိုင်ငံလုံးမှာ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်ခဲ့ကြတာတွေကို သတ်မှတ်ချက် တွေ ထုတ်ပေးပါလား။
ခုတော့ စိတ်မထင်တာနဲ့ ဥပဒေနဲ့ ကိုင်ပေါက်၊ အထက် အမိန့် နဲ့ လုပ်ချင်တိုင်းလုပ်ကြမလို့လား။
ဂရမ်တို့ ပုံစံ တို့ မရှိရင် မြေလွတ်၊မြေရိုင်း ဖြစ်နေတယ် ဆိုရင်တော့ တော်တော် အံ့သြစရာပါဘဲ။

တောင်ပေါ်ဒေသမှာတော့ ရှင်းပါတယ်..။ဒီမြေ၊ဒီလယ် ကို ဘယ်သူ ပိုင်တယ် ဆိုတာကို ဘေး မျိုးဆက်လောက်က စပြီး ဒီမြေ၊ဒီလယ် အကြောင်းပြောပြကြရတယ်။ နောက်ပိုပြီးခိုင်လုံအောင် ဒီမြေရဲ့ ဘယ်နားမှာတော့ ဖြစ် ငါတို့ ဘေးက ဘာအပင် စိုက်ထားတယ်။ဘယ်နားမှာတော့ ဘာကျောက်တုံး မြုပ်ထားတယ်၊ ဘယ်အပင်ကြီးကို ဘယ်နေရာလောက်မှာ ဘယ်နှချက်ခုတ်ထားတယ် စသည်ဖြစ်ပြောပြရတယ်။အားလုံးမှန်တယ် ဆိုရင် ဒီမြေကို သူပိုင်တာပါဘဲ။ ဘယ်သူမှ လိုချင်တပ်မက်ပြီး ဖင်ပိတ်ငြင်းပြီးတော့ ငါဟာလို့ အော်မနေပါဘူး။

ဒီလိုပါဘဲ လူမနေတဲ့ ကချင်တောင်ပေါ်တွေမှာတောင် လူရောက်ခဲ့တဲ့ဆိုတဲ့ အကြောင်း မြေရိုင်းမဟုတ်တဲ့ အကြောင်း သစ်ပင်တွေက ပြောပြနိုင်တယ်။ဥပမာ သစ်ပင်မှာ လူတွေ စိုက်မှ ပေါက်တဲ့ အပင်ဆိုတာရှိတယ်။တောထဲမှာ သူအလိုလို ပေါက်တဲ့ အပင်ဆိုတာ က သပ်သပ်ပေါ့။တောထဲမှာ တွေ့တိုင်း သူဟာသူပေါက်နေတာ နိုင်ငံတော်ပိုင်တယ် ဆိုရင် မှားနေအုန်းမှာပါ။
ဘိုး၊ဘေးတွေ တောလိုက်ထွက်တဲ့ အခါ တိုင်း ရောက်တဲ့နေရာမှာ အမှတ်အသားတခု ခု ထားခဲ့ရှိတယ်။
အဲလို အမှတ်အသား ကို တခြားတယောက်ယောက် ကတွေ့လို့ ကတော့ ဒီနေရာမှာ ပိုင်တဲ့ သူေ၇ာက်ခဲ့တဲ့သူရှိပြီဆိုပြီးတော့ အဲဒီနေရာမှာ ဘယ်တော့မှ ပိုင်စိုး ပိုင်နှင်း မလုပ်တာ ကချင်တွေရဲ့ ရိုးရာပါ။

ကျွန်တော်တို့ က ပြည်ထောင်စုလို့ ခေါ်တဲ့ မြန်မာနိုင်ငံတွင်းမှာနေတာဖြစ်တယ်။
မြန်မာနိုင်ငံအတွင်း မှာနေလို့ မြန်မာနိုင်ငံ ဥပဒေကို လေးစားလိုက်နာရမှာလည်း ဖြစ်တယ်။
အဲဒီ ဥပဒေကို လည်း တနိုင်ငံလုံး စိုးမိုးအောင်နဲ့ စာ၇ွက်စာတမ်းတွေကို လည်း ရအောင် ထုတ်ပေးစေလိုပါတယ်။
ဥပဒေဆိုတာ ကြီးက ပြည်သူလူထုကို ဘာဆို ဘာမှ မလုပ်ပေးနိုင်ပေမယ့် မသိနားမလည် တဲ့ သူတွေကို ထိခိုက်နှစ်နာအောင် လုပ်တဲ့ ဥပဒေ မဖြစ်သင့်ဘူး။
သိနားလည်တဲ့ သူတွေကိုလည်း နားလှည့် ပါးရိုက် မလုပ်သင့်ပါဘူး။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးက မြေလွတ်မြေရိုင်းရှိမယ် မထင်ပါဘူး။
အဲဒီ မြေတွေကို ဥပဒေအရ ပိုင်ဆိုင်ကြောင်းတွေ ထုတ်ပေးနိုင်အောင် ကြိုးစားပြီး သတ်မှတ်တဲ့ အခွန်ကောက်ပေါ့။
ကိုယ် လိုအပ်တဲ့ အချိန်မှ အကြောင်းအမျိုးမျိုးပြ ဇွတ် သိမ်းယူတာမျိုး လုံးဝမဖြစ်သင့်ပါဘူး။
ကိုယ်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ သူ ကိုယ့်နိုင်ငံသားတွေလုပ်ပါစေပေါ့။
တကယ်တော့ ဒီမြေ ဒီရေတွေဟာ  ကိုယ်ပိုင်တခုမှ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ အနာဂတ် လူငယ်တွေရဲ့ အရင်းအမြစ်ဘဲဖြစ်တယ်။
ကိုယ်သားသမီး တွေကို ချစ်တယ် ဆိုရင် ဒီမြေ၊ဒီရေကို ချစ်ရမှာပါ။
ဒီမြေဒီရေတွေ ကို ဥပဒေ အတွင်းကနေ တိုင်းတပါးသားတွေ မပိုင်ဆိုင်သွားအောင် တန်ဖိုးထားကြရမှာပါ။
ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ လူမျိုးတွေ အားလုံး မြေလွတ် မြေရိုင်းတွေပေါ်မှာဘဲ အိမ်ယာ တည်နေကြရအုန်းမှာပါ။
ဘယ်အချိန်မှာ ဘယ်လူမျိုးတွေက ဒီမြေကို ငါတို့ဝယ်ထားပြီးပြီ မင်းတို့ နေရာရွေ့ကြ ဆိုတဲ့ အချိန်ရောက်လာအုန်းမှာလား..။
မင်းတို့ တည်တဲ့နေရာတွေက မြေလွတ် မြေရိုင်းပေါ်မှာ လို့ ဆိုမယ့် သူရှိလာအုန်းမှာလား။

ဒီးဒိုး။၀၂၊၀၃၊၂၀၁၂။၁၃၂၂နာရီ


အိပ်ယာ


လူဆိုတာ မွေးလာကတည်းက အတန်းအစား မရွေး အိပ်ဖို့နေရာလေး တစ်ခုတော့ရှိမြဲဘဲ မဟုတ်လား။
ရွေလင်ဗန်းနဲ့ အချင်းဆေးပြီး မွေးလာတဲ့ သူတွေလည်း ကောင်းပေ့ဆိုတဲ့ မွေ့ယာနဲ့ ဘဲမွေးစောင်တွေ စုံလို့ လောကစည်းစိမ်ကို အိပ်ယာပေါ်မှာ ခံစားနိုင်ကြမှာပါဘဲ။
အိပ်ယာပေါ်မှာ မိစုံ ဖစုံနဲ့ လောက နိဗ္ပာန် ကို ခံစားနိုင်သူတွေအတွက်လည်း မုတိတာပွား စရာဘဲ။
ဒီလိုနဲ့ဘဲ ဆင်းရဲမွဲတေမှုကို ခါးစည်းခံလို့  အဖေ့ရဲ့ ပုဆိုး အစုတ်မပြောနဲ့ အမေ့ရဲ့ ထမီ အပိုင်းလေးနဲ့ လောက အိပ်ယာထဲ လဲလျောင်းခဲ့တဲ့ ကလေးငယ်လေးတွေလည်း ဒုနဲ့ဒေးဘဲလေ.။
ရာသီဥတု က နှိပ်စက်လို့ အမေ့ရင်ခွင်ထဲ တိုးတိုးပြီး အချမ်းများပြေမလား။ အဖေ့ကို လွမ်းတဲ့ စိတ်ဖြေပျောက်နိုင်မလား လို့ စောင့်ရင်းက မိုးလင်းခဲ လှတာ အိပ်ယာထဲမှာဘဲလေ.။

အသက်ကလေး ရလာတော့ တကိုယ်စာ အိပ်ယာလေးကို မရ ရအောင်ဖန်းတီးလို့ ညညဆို မပျော်လည်း အိပ်၊ ပျော်လည်း အိပ် ညပေါင်းများစွာပေါ့။
လောကဒဏ်ရဲ့ ဆုံးမချက်တွေ မခံမရပ်နိုင် ဖြစ်လို့ အောင့်အီး ကြိတ်မှိတ်မျို သိပ်လို့ ညည တွေကို ကျော်ဖြတ်ခဲ့တာလဲ အိပ်ယာထဲမှာဘဲ။
နေ့နေ့ဆို မိုးပေါ်ပျံလွင့်မတတ် မာနတွေ တင်လို့ တခါတလေ ညညဆို လူမသိအောင် တိတ်တိတ် မျက်ရည်စို့ခဲ့ရတာလည်း အိပ်ယာထဲမှာဘဲ.။
စိတ်ဓါတ်တွေ ခြေဖ၀ါးအောက် ရောက်တော့ စိတ်ပျက် လက်ပျက်နဲ့ မနက်ဖြန်ကို ရင်ဆိုင်ဖို့ အားအင်းတွေ ဖြည့်တင်း ခဲ့ရတာလဲ အိပ်ယာထဲမှဘဲ.။
အပျော်တွေ လွန်လို့ လူမှန်းမသိ ဇရက်မင်း စည်းစိမ် ရဲ့ ဟိုဘက်ကမ်းကို လွန်တဲ့ အထိ ယစ်မူးတော့လည်း အိပ်ယာထဲမှာဘဲ.။
ချစ်သူက ပစ်သွားတော့ အသဲတွေ ဟက်တက်ကွဲ လူရှေ့မှာ မကျရဲတဲ့ မျက်ရည် ညည ဆို ရွဲရွဲ စိုအောင် ကျခဲ့တာလည်း အိပ်ယာထဲမှာဘဲ.။

ဒီလိုနဲ့ ကြယ်၃ ပွင့် အဆင့် အမြင့်ဆုံး အိပ်ယာ ကနေ လမ်းဘေး ကားမှတ်တိုင် အိပ်ခဲ့ရတဲ့ အိပ်ယာပေါင်း မနည်းတော့ဘူးလေ..။
ဒါပေမယ့် အဲဒီ အိပ်ယာတွေမှာ ရင်ထဲမှာ အထိမိဆုံး၊ အနာကျင်ရဆုံး၊စိတ်ထဲမှာ မမေ့နိုင်ဆုံး အိပ်ယာလေ ကတော့ ၂၄၊၁၂၊၂၀၁၂ မှာ အိပ်ခဲ့ရတဲ့ အိပ်ယာလေးပါဘဲ။
ကွတ်ခိုင်မြို့ ကို ၀င်တယ် ဆိုရင်ဘဲ တအိမ်ဝင် တအိမ်ထွက်နဲ့ သူငယ်ချင်းတွေကို လိုက်နုတ်ဆက်တယ်။
နားရွက်တွေ ပြတ်ကျလုမတတ် အေးခဲတဲ့ ကွတ်ခိုင်မြို့မှာ တညတာကို ကျော်ဖြတ်ဖို့ အားလုံး က အိပ်ယာပြင်ထားမယ် လာအိပ်ပါလို့ အထပ်ထပ်မှာကြတာ အိမ်တိုင်းစေ့ပါဘဲ။
ဒါလည်း ချစ်စရာကောင်းတဲ့ ကချင်လူမျိုးတို့ရဲ့ ဖော်ရွေမှုဘဲလေ။
ကွတ်ခိုင် ဘုရားကျောင်းကို ၀င်တယ် ဆိုရင်ဘဲ..မိမိ နေရပ် အိုးအိမ်နဲ့ အိပ်ယာကို စွန့်ခွာလို့ ဘုရားကျောင်း ရင်ငွေ့ ကို လုံခြုံ လိုငြား လာခိုလုံနေကြတဲ့ သွေးချင်းတွေကို တွေ့ရတယ်။
ရင်ထဲမှာ ဆို့တက်လာခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အလိုတော်ဆိုတာ ငြင်းဆန်ဖို့မှ မဟုတ်ဘဲ။ ၀န်ခံဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ခွန်အားတောင်းခံဖို့ဘဲ မဟုတ်လား..။
ဘုရားကျောင်းဝင်းထဲက ၀ါးတွေနဲ့ ရအောင်တည်ဆောက် ထားတဲ့ မြေစိုက် တန်းလျားရှည်ရှည်မှာ အမိုးဘဲ ပါပြီး အကာမပါဘူး..။
ဒါပေမယ့် ဒါဟာ သူတို့တတွေ အတွက် အလုံခြုံဆုံးသောနေရာလေး ဖြစ်နေခဲ့ပြီ။

ဒီလိုနဲ့ ညက မှောင်သထက်မှောင်...အေးချက်ကတော့ ခိုက်ခိုက်တောင် မတုန်နိုင်တော့ဘူး။
မွေးထားတဲ့ မီးဖိုကို မျက်နှာမူပြီး နွေးအောင် မီးလုံပြန်တော့ ၀တ်ထားတဲ့ အနွေးထည်က နောက်ကျောကို မနွေးထွေးနိုင်ဘူး။
ဒီလိုနဲ့ မီးဖိုရှိရာကို မျက်နှာမှုလိုက်၊ နောက်ပြန်လှည့်လိုက်နဲ့ ကွတ်ခိုင်မြို့ရဲ့ အေးခဲမှုဒဏ်ကို ကျော်ဖြတ်နေခဲ့တယ်။
ဒီညတော့ မအိပ်တော့ဘူးလို့ စဉ်စားနေလိုက်တယ်။ သူငယ်ချင်းတွေနဲ့လည်း ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောမဆုံးဘောင် တောသုံးတောင်ပေါ့ဗျာ.။

မနက် ၁နာရီလောက်ကျတော့ မင်းအတွက် အိပ်ယာပြင်ထားတယ်လို့ လာပြောတယ်။
ကျွန်တော် ကလည်း ဟာ မလုပ်ပါနဲ့ ငါ မအိပ်တော့ဘူ ပြာပြာသလဲ ငြင်းလိုက်မိတယ်။
ဒါပေမယ့် သူက ငါတို့နဲ့ တညတော့ အိပ်သွားပါကွာ တဲ့။ သူမျက်လုံးတွေက အမှန်လိုလာတဲ့ ပုံစံ နဲ့ဆိုတော့..။
ကျွန်တော်ကလည်း မဟုတ်ပါဘူး ငါ ဒီမှာဘဲ မိုးလင်းတဲ့ အထိနေသွားမှာပါ။ အိပ်တော့ မအိပ်တော့ ဘူးလို့ ပြောမိသေးတယ်။
အေးခဲ နေတဲ့ ရာသီဥတုအောက်မှာ အကာအကွယ် မရှိဘဲ ၆ နာရီလောက်ကို ဘယ်လိုကျော်ဖြတ်မယ် ဆိုတာကို အပြေးအလွားစဉ်းစား နေမိတယ်။
ဒီလိုလုပ်ကွာ ခရစ္စမတ်ညဘဲကွာ အချမ်းပြေအောင် ငါတို့ ထောင်ကာ ကကြရအောင်လေ လို့ တောင်းဆိုမိတော့ သူက ကဖို့ မပြောနဲ့ အသံတောင် ထွက်လို့မရဘုးတဲ့။
ဘာဆိုင်လဲကွာ လို့ ညီးငြူ မိနေတာ ကတော့ ကျွန်တော်ပါဘဲ။
မနက် ၃ နာရီလောက်တော့ စကားပြောနေတဲ့ လူတွေ အလျိုလျို ထွက်ခွာသွားကြတယ်..။
သူတို့တွေ ဘယ်သွားကြတယ် ဆိုတာတော့ ကျွန်တော် အမှန်မသိတာပါ။
နောက်ဆုံး သူလည်း ငါသွားတော့မယ်ကွာ ဆိုပြီးထွက်သွားခဲ့တယ်..။
ကျွန်တော်လည်း မီးဖိုဘေးက သူခင်းထားပေးတဲ့ အိပ်ယာဘေးမှာ တယောက်တည်း ကျန်နေခဲ့တယ်။
အိပ်ယာ ၀င်ခါနီး အိပ်ယာလေးကို အမှတ်တရ မှတ်တမ်း တင်ထားခဲ့တယ်။

ကောက်ရိုး မွေ့ယာမှာ ပီနန်အိတ်(မြွေအရေခွံအိတ်) ခင်းလို့ တိမ်းရှောင်ပြေး နေရတဲ့ ဟင်းလင်ပြင် စခန်းမှာ လုံခြုံမှုဆိုတာ ဂျိုနဲ့လားဗျာ..။
ဘဲမွေးစောင်ဆိုတာ အဲ camp မှာ ရှာမှရှားပါဘဲ။ ဒါပေမယ့် ကျွန်တော့်အတွက် သူတို့ပြင်ဆင်ပေးခဲ့တယ်။
အဲဒီည ဘယ်ကိုမှ ပြန်မအိပ်တော့ပါဘူး....။
သူတို့လေးတွေနဲ့ အတူတူ မဟုတ်တောင် တနေရာ တ၀န်းတည်းမှာဘဲ အိပ်ခဲ့တယ်။
အဲဒီ ခရစ္စမတ်ည မှာ ရင်ထဲမှာ ၀မ်းသာစရာတွေ ဟာ မအိပ်စက်ရခြင်းအောက် ပျောက်ကွယ်ခဲ့တယ်။
အပ်သေးသေးလေးနဲ့ ထိုးသလို လက်ဖျားတွေ စစ်စစ်ကိုက် နာကျင်နေပေမယ့် နှလုံးသားထဲက နာကျင်ကိုက်ခဲမှုက ပိုတယ်။
အေးခဲတဲ့ လေ တိုးဝင်လို့ အပြင်မှာ အေးစက်နာကျင်မှုတွေ ပိုသလို စိတ်ရဲ့ နာကျင်မှုတွေက ပိုတယ်။
အံ့သွားခဲကြိတ်ပြီး ဇွတ်ကြိတ်မှတ်အိပ်ရသလို တုန့်ပြန်မှုအတွက် စိတ်စောနေမိသလားဘဲ။
မပြည့်မစုံပေမယ့် ဒီလိုအိပ်ခဲ့ရတဲ့ ကျွန်တော့်ဘ၀အတွက် ဒီအိပ်ယာကို ပြင်ဆင်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်။
သူတို့တတွေနဲ့ မနီးတဲ့ နေရာမှာ နေထိုင် အိပ်စက်နေရာပေမယ့်...။
ရင်တထိတ်ထိတ် နဲ့ အိပ်ခဲ့ရတဲ့ အိပ်ယာ...
စိုးရိမ်စိတ်ထက် နာကျည်းမှုတွေနဲ့ အိပ်ခဲ့ရတဲ့ အိပ်ယာ...
ဘယ်တော့မှ မမေ့နိုင်တဲ့ အိပ်ယာ...
ငါ့ဝိညာဉ် ကို ထားခဲ့ပေးတယ်......။။
သိပ်မကြာခင် ငါတို့လည်း မင်းတို့လိုဘဲ အေးတူ ပူအမျှ ခံစားဖို့ ပြန်လာခဲ့အုန်းမယ်...။

ဒီးဒိုး။၇၊၁၊၂၀၁၃။၀၀၁၂နာရီ။

ngai yup na matu yup ra hpe hkan lajan ya ai galai na hpyen yan ni hpe grai chye ju dum ai..



Saturday, March 2, 2013

ကျွန်တော့်အတွက် တော့ အချစ်ဆိုသည်မှာ...။


ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ မိမိစိတ်ထဲ က သူ ကိုယ့်ကို ချစ်နေပါလား ဆိုတဲ့ အသိလေးတစ်ခုပေါ့။

အဲလိုပါဘဲ ရင်ထဲမှာ သူမနဲ့ ပတ်သက်လို့ တမျိုးတမည် ခံစားပြီး ကိုယ်ကို ကိုယ် ယုံကြည်ခြင်းတွေ ပိုလာတယ်..အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေ တိုးလာတယ်။
ဒါဟာလည်း အချစ်ပေါ့။

အချစ်ဆိုတာ ခံစားလို့ ရတယ်။

သူ ကိုယ့်ကို ချစ်နေလား မချစ်ဘူးလားဆိုတာ ခံစားလို့ရတယ်။

အဲဒီ ခံစားမှုကို စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။

ဒါပေမယ့် တကယ်ချစ်လား မချစ်ဘူးလားဆိုတာ ကိုတော့ တကယ်ချစ်ခဲ့ဖူးသူတိုင်း ခံစားလို့ရတယ်။

သူကိုယ့်ကို တကယ် ချစ်လားမချစ်ဘူးလား ဆိုတာကို မိမိ ကိုယ်တိုင် ခံစား သိရှိနိုင်သလို...............မိမိကိုယ်တိုင် သူ့ ကို တကယ်ချစ်လား မချစ်ဘူးလား ဆိုတာကို ခံစားသိရှိနိုင်ပါတယ်။


တခါတလေမှာ ကို ယ်သူ့ကို အချိန်တိုင်း သတိရနေလို့ message ဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ်ခေါ်နေတတ်တယ်။

အဲဒီအချိန်မှာ ဟိုဘက် က စာမပြန်တာဘဲ ဖြစ်ဖြစ်၊ ဖုန်းမကိုင်တာဘဲ ဖြစ်ဖြစ် ရှိခဲ့လို့ ကိုယ်စိတ်ထဲမှာ သူက ငါချစ်သလောက်မချစ်ပါဘူးဆိုတဲ့ အတွေးမျိုးဝင်လာခဲ့ ရင် ဒါ အချစ် မဟုတ်တော့ဘူးလို့ ယူဆ တယ်။

အဲဒါက အတ္တနဲ့ တဏာ ဆန်သွားပြီး။

ကိုယ်ပေးဆပ်လိုက်တဲ့ အရာအတွက် တခုခု ကို ပြန်လိုချင်နေလို့ 'ငါချစ်သလို မချစ်ပါဘူး'၊"ငါပြုမူ သလို ဘာမှ တုန့်ပြန်မလားဘူး" ဆိုတဲ့ စိတ်ခံစားမှုမျိုး ခံစားရတာပေါ့။

အချစ်မှာ အဲလိုမျိုး တုန့်ပြန်မှု၊လိုလားမှုတွေ မရှိဘူး။

သူ့ကို ချစ်တယ် ဆိုတာ သူ့ကိုဘဲ ချစ်နေတာကို ဆိုတာပေါ့။

စိတ်ထဲမှာ ပညာ တွေကွာဟနေလို့၊ ဂုဏ်ရှိန်တွေ၊ဘာသာတွေ ခြားနေလို့ ဆိုတဲ့ အတွေးမျိုး။

နောက် သံသယ တခုခု...

သူကို ချစ်မိရင် ငါ့ကို ထားသွားမှာလား။

သူငါ့အပေါ် သစ္စာရှိပါ့မလား။

သူငါ့ အပေါ် အလိုလိုက် အကြိုက်ဆောင်ပေးပါ့မလား။ စတဲ့ အတွေးတွေရှိနေခဲ့ ရင် ဒါ ဟာ ချစ်တာမဟုတ်တော့ဘူး။

အချစ်မှာ အပေးမရှိ သလို၊ ရယူတယ် ဆိုတာလဲ မရှိပါဘူး။

အချစ်ဆိုတာ အပေး၊အယူ ကင်းပြီး ဖြူစင် သန့်ရှင်းလွန်းတယ်။

တကယ်လို့ အဲလိုတခြားခံစားမှုတွေ ပါလာရင် အချစ်မဟုတ်တော့ဘူး။

ပေးဆပ်ခြင်းတွေ၊ရယူ ပိုင်ဆိုင်ခြင်းတွေပါလာရင်၊ဒါတွေက သူ့အတွက် အနစ်နာခံမှု၊မိမိအတွက် လိုချင်တပ်မက် မှု တခုဘဲ ဖြစ်တယ်။ အချစ်မဟုတ်ဘူး.။

နောက် အချစ်မှာ သံသယတွေ မပါဘူး။ ယုံကြည်နေမှု သက်သက်ဘဲ ဖြစ်တယ်။

တခါတလေ ကိုယ်ချစ်တဲ့ သူက တခြားတယောက်နဲ့ သာမာန် တွဲသွား တွဲလာ လုပ်နေတာ ကိုမြင်ခဲ့ရင် ဒါဟာ အမြင် မလွဲဘဲ သူငါ့အပေါ် ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အသိလေးက အချစ်ဘဲပေါ့။

နောက် အချစ်မှာ ဖြူစင်လွန်းတဲ့ စာရွက်လေး တရွက်ပါဘဲ။

ဒါပေမယ့် လူဆိုတာ အတ္တလေးတွေနဲ့ ရှိနေတော့ လိုချင်မှုလေးတွေရှိတတ်တယ်။
ကိုယ်ပိုင်တဲ့ စာရွက်ဖြူဖြူလေးပေါ်မှာ တစုံတယောက်က တခုခု လာပြီးရေးခြစ်ချင်တယ်။
အဲလို လာပြီးရေးခြစ်မှ သူငါ့ကို ဂရုစိုက်ပါလား။ သူငါ့ကို အနစ်နာခံပါလား ဆိုတဲ့ ခံစားမှု ကို အချစ်လို့ ထင်နေတယ်။
အမှန်တော့ အဟုတ်ပါဘူး။
အချစ်က သူဖက်က ဘယ်လိုဘဲ တုန့်ပြန်သည်ဖြစ်စေ၊ မတုန့်ပြန်သည် ဖြစ်စေ သူအတွက် ဆိုတဲ့ အသိလေးဘဲရှိတယ်။
အချစ်ဆို အားလုံးထက် လွတ်လပ်တဲ့ နေရာလေးတခုတခုမှာ တည်ရှိနေတယ်။
အဲဒီနေရာလေးမှာ အမြဲတည်ရှိနေတယ်။
အဲ အချစ် မစစ်တော့ရင်တော့
အတွေးလေးတွေ ၀င်လာတတ်ပြီ။
ငါသူကို အခွင့်အရေး ပေးတာတောင် မယူတတ်ဘူး။
ဒါမှမဟုတ် ငါဒီလောက်သူ့အတွက် လုပ်ပေးနေတာတောင် သူငါ့ကို တုန့်ပြန်မှု မပေးဘူး။ စသည့် အတွေးတွေ ၀င်လာပြီ။
အမှန်တော့ အဲဒါက တစ်ခုကို လိုချင်လို့ တခုပေးတာပါ။ တကယ် အချစ်မဟုတ်ဘူး။
ဒါကို အချစ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတတ်ကြတယ်။

ကျွန်တော့်အတွက် ကတော့ သူနဲ့ ကျွန်တော်ရဲ့ ရှေ့ရေးကိုတွေးမယ်။အဲလို တွေးနေရရုံလေးနဲ့ တင် ရင်ထဲမှာ နွေးနွေးလေးခံစားမယ်။ အဲလို နွေးနွေးလေး ခံစားနေရတာကိုက အချစ်ပေါ့။
ကျွန်တော်တွေးနေတဲ့ အချိန်မှာ သူမ ကျွန်တော် အကြောင်း တွေးနေလိမ့်မယ်လို့ လဲ မယုံကြည့်ပါဘူး။
ကျွန်တော့်အကြောင်းမတွေးနေလည်း သူမကို အပြစ်မတင်ပါဘူး။
ကျွန်တော်တို့ တတွေဟာ ဘ၀ တခု တည်ဆောက်ဖို့ တယောက်ကို တယောက် သတိရနေခြင်းတွေကို စွန့်လွတ်ပစ် နေတာဟာ
တယောက်အပေါ် တယောက် ဖောက်လွဲ ဖောက်ပြန်တာထက်တော့ ကြည်နူးစရာကောင်းပါတယ်။

လူတယောက်ဟာ အလုပ်နှစ်ခုကို ဘယ်လိုမှ တချိန်တည်း မလုပ်နိုင်ဘူး။
လုပ်ခဲ့ပြီး ဆိုရင်လည်း လွဲချော်မှုလေးတွေ ရှိလာတော့မယ်။
ဘ၀ တခု တည်ဆောက်ဖို့ အလုပ်တွေကို ကြိုးစား လုပ်ကြတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ကြုံနိုင်တယ်။
ဒီလိုအချိန်မျိုးမှာ တယောက်နဲ့ တယောက် အချိန်မပေးနိုင်တဲ့ အဖြစ်တွေ ရှိနေနိုင်မှာဘဲ။
ဒါကို ဟိုအရင်လို မဟုတ်တော့ဘူး ဆိုပြီး ပေါက်ကွဲ နေခဲ့မယ် ဆိုရင် ပေါက်ကွဲသူက သာ ရှုံးမှာပါ။
တကယ်တော့ ဘယ်သူမဆို ဟိုအရင်အချိန်လို ဘယ်သူက ဘယ်သူကို ဂရုတစိုက်ရှိနိုင်မှာလဲ။
တပါးသူကို မပြောပါနဲ့ မိမိ ကိုယ် မိမိတောင် မနေ့ က ပျော်အောင် နေခဲ့ သလို ဒီနေ့ ပျော်နေနိုင်ရဲ့လား လို့ ပြန်ဆန်းစစ်ကြည့် သင့်ပါတယ်။
တကယ်ဘဲ သူအချိန်မပေး နိုင်ခဲ့ရင် သူတခုခု အတွက် အချိန်ယူနေရလို့ မတွေ့နိုင်တာ ဆိုတဲ့ အတွေးမျိုး ကလည်း သိပ်ကိုလှပ တဲ့ အချစ်ဘဲပေါ့။

အချစ်ဆိုတာ သူအတွက်လို့ မရည်စူးပေမယ့် သူ့အတွက် ဘဲ အရာရာကို လုပ်ဆောင်ပေးနေမိတယ်။
အဲလို လုပ်ဆောင်ပေးနေရလို့လည်း ပင်ပန်းနွမ်းနယ်ခြင်း မရှိဘူး။
နောက် ကိုယ်လုပ်ဆောင်ပေးခဲ့ ရတဲ့ အတွက်လည်း ဘာတုန့်ပြန်မှုကို မှလိုချင်ခံစားနေမှာ မဟုတ်ဘူး။
နောက်ဆုံး ကုန်ကုန် သူက သတိမထား မိခဲ့ရင်တောင် သူ့အပေါ် နားလည်ပေး နိုင်တာ အချစ်ပေါ့။

အဲလိုပါဘဲ အချစ်ဆိုတာ သူဆီက လုပ်ဆောင်မှုတိုင်း အတွက် အသိအမှတ်ပြုနေမှာပါ။
အဲဒီလို ကိုယ်အတွက် လုပ်ဆောင်မှုလေး တွေ ဆိတ်သုန်းခဲ့ရင်လည်း နားလည်းမှုလေးနဲ့ ကျေနပ်နေမှာပါ။အဲဒါ အချစ်ပါ။

ငါကတော့ သူအတွက် လုပ်ပေးလိုက်ရတာ သူက ငါ့ကို ဘာမှ မတုန့်ပြန်ဘူး ဆိုတဲ့ အတွေးမျိုး..။
သူအရင်လို မဟုတ်တော့ဘူး ဆိုပြီး အပြစ်တွေ ဖို့နေတာက အချစ်မဟုတ်ဘူး။
နောက်ဆုံး အချိန်မှာ ကိုယ့်ကို လက်တွဲဖြုတ်ခဲ့ ရင်တောင် သူရွေးခဲ့တဲ့ သူလမ်းအတွက် ကျေနပ်ပျော်ရွင်နေပြီဆိုရင် ဒါဟာ တကယ် အချစ်စစ်ပါ့။

တကယ်တော့ အချစ်ဆိုတာ အပေး မဟုတ်သလို ရယူခြင်းလည်း မဟုတ်ဘူး။
အချစ်ဆိုတာ သူ့အကြောင်းလေးတွေ ပတ်သက် သမျှ တွေးနေယုံလေးနဲ့တင် စိတ်ကျေနပ် ပျော်၇ွင်နေတာကို အချစ်လို့ တင်စားချင်ပါတယ်။
သူ့ကို ရှေ့မှာထား သူ့ရဲ့ လိုအင်တွေ ဖြည့်ပေးနေရရင်တော့ အတိုင်းထက် အလွန်ပေါ့လေ...။

ဒီးဒိုး။
၁၁၊၁၂၊၁၂။ည၁၀:၂၀။



Wednesday, December 5, 2012

ကချင်လူငယ်အားလုံးအတွက် ခရစ်စမတ် လက်ဆောင်


စင်ကာပူရဲ့ တနေ့ နေ့ခင်းမှာ လူငယ်တွေရဲ့ ပုံမှန်ဘုရားကျောင်း  ဘုရားရှိခိုး အစီအစဉ်ကို ရောက်ခဲ့တယ်။
ကျွန်တော်လည်း အချိန်မှီ ဆိုရုံလေးရောက်ခဲ့ တာပါ။
အများစုကတော့ မရောက်သေးတာကိုတော့ လူငယ်တွေ ထိုင်ဖို့ ချထားတဲ့ ထိုင်ခုံလေးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
အစီအစဉ်မူးကလည်း သတ်မှတ်ထားတဲ့ အချိန်ရောက်လာပြီဖြစ်တဲ့ အတွက် အစီအစဉ်ကို စလို်က်တယ်။
ဒီလိုနဲ့ အစီအစဉ် စပြီး ဆယ့်ငါး မိနှစ်၊ မိနှစ် နှစ်ဆယ်လောက်မှ လူငယ်တွေ တယောက်တပေါက်နဲ့ ၀င်လာကြတယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ သူတပါးနိုင်ငံမှာ လာပြီး အလုပ်လုပ်စားနေကြတဲ့ သူတွေဘဲဆိုတော့
ဒီလိုအစီအစဉ်တွေကို နောက်ကျလာနိုင်တယ်ဆိုတာလဲ လေးစားရမှာပါ။

ဒီလိုနဲ့ အခန်းအနား အစီအစဉ်ပြီးတော့ လူငယ်ခေါင်းဆောင်ကနေ လူငယ်တွေ အတတ်နိုင်ဆုံး အချိန်မှီလာဖို့ ဆော်သြပါတယ်။
တတ်နိုင်ရင် ဖြစ်နိုင်ရင် သတ်မှတ်ထားတဲ့ အချိန်အတွင်းရောက်အောင် လာဖို့ ပြောတာပါ။
ဒါမှ မဟုတ်ရင်တော့ လူငယ်တွေကို လူကြီးတွေက စောင့်နေရကြောင်း လူကြီးတွေကို အားနာဖို့၊လေးစားဖို့ လိုကြောင်းပြောပါတယ်။
ကျွန်တော်လည်း ဖြစ်သင့်တဲ့ ကိစ္စ၊ပြောသင့်တဲ့ ကိစ္စလို့ ဘဲ မြင်ပါတယ်။
ဒီလိုနဲ့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ကောင်လေးတယောက်ကနေ (Jing hpaw ni a nayi gaba ai)လို့ပြောလိုက်တော့ စိတ်ထဲမှာ နည်းနည်းတော့ ဖုသွားတယ်။
တခြားဘေးက လူတွေက လည်း လှည့်ကြည့်ပြီး ပြုံးစိစိပေါ့။
ကျွန်တော် သူကို ကြည့်လိုက်တော့ သူကပြုံးစိစိ လုပ်နေတယ်။
ကျွန်တော် ဘာမှတော့ မပြောမိပါဘူး။
ဒီလိုစကား က လူအများကြားမှာတောင် ပြောဖို့မကောင်းဘူးလို့ မှတ်ယူထားလို့ပါ။
ဒါနဲ့ဘဲ လူငယ်ခေါင်းဆောင်က အချိန်နဲ့ ပတ်သက်ပြီး ဆက်ပြောတော့ အဲဒီလူငယ် ကဘဲ (Jing hpaw ni gaw jing o'clock goi) ဆိုတာကို ထပ်ပြောပြန်ရော..။
ကျွန်တော်လည်း ဒီနားဆက်ထိုင်လို့ မဖြစ်တော့ဘူး ဆိုပြီး ထွက်လာခဲ့လိုက်တယ်။

အဲဒီ(Jing hpaw ni a nayi gaba ai) ကို ငယ်ငယ်တုန်းက တောင်ပေါ်မှာတုန်းက ခဏခဏကြားဖူးပါရဲ့။
ဒါပေမယ့် အဲဒီ စကားကို အပျော်အပျက်ပြောတယ်လို့ဘဲ ထင်မှတ်ခဲ့တယ်။
ဒီကနေ့တော့ ကျွန်တော်တို့ ရဲ့ ကချင် လူနေမှု အသိုင်းအ၀ိုင်းမှာ တကယ်ဖြစ်ပေါ်နေတယ် ဆိုတာ သတိထားမိသူတိုင်း သိကြမှာပါ။

သူပြောတဲ့ ကချင်တွေရဲ့နာရီ ဘယ်လောက်ဘဲ ကြီးကြီး စက္ကန့် ၆၀ မှာ တမိနစ် ရှိရမှာဖြစ်ပြီး မိနစ် ၆၀ မှာ တနာရီ ဖြစ်ရမှာဖြစ်ပါတယ်။
ဒါမှလည်း ကျွန်တော်တို့ဟာ နိုင်ငံတကာမှာ ၀င်ဆန့် သွားလာနို်င်မှာဖြစ်ပါတယ်။
ကချင်တွေဟာ ဒီကနေ့ နိုင်ငံတကာကို သွားလာလှုပ်ရှားနေကြပြီ။
ဒီတော့ နိုင်ငံတကာ စံချိန်၊စံညွန်းကို အမီလိုက်ဖို့လိုအပ်ပါတယ်။
ကချင်တွေရဲ့ နာရီကြီးတယ် ဆိုတာကို အပြုအမူနဲ့ မပြောပါနဲ့တော့ စကားအဖြစ်နဲ့တောင် ယူဆောင်လာဖို့ မသင့်တော့ပါဘူး။
ဒီကနေ့ တိုးတက်တဲ့ နိုင်ငံ တိုင်းမှာ အချိန်ကိုလေးစားကြရတယ်။
ဘယ်လောက်ထိ လေးစားကြရသလဲဆိုရင် သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီးလည်း မရောက်ရဘူး။
စောပြီးရောက်ခဲ့ရင် ချိန်းထားတဲ့ သူရဲ့ တန်ဖိုး နစ်နာလို့ပါ။
ဒီလိုပါဘဲ နောက်ကျခဲ့ ရင် နှစ်ဦးစလုံး နှစ်နာလို့ဘဲ ဖြစ်တယ်။
ဒီတော့ ကာ အချိန်တိကျမှု(on time)ဟာ အလွန်အရေးကြီးပါတယ်။
နောက်ပြီးတော့ အချိန်တိကျမှု(on time) ဟာ ခရစ်ယာန်တွေရဲ့ သွင်ပြင်လက္ခဏာ တခုဖြစ်တယ်။
ဘာဖြစ်လို့ အချိန်တိကျခြင်း(on time)ဟာ ခရစ်ယာန်တွေရဲ့ သွင်ပြင်လက္ခဏာတခု ဖြစ်တာလဲ လို့ ပြောနိုင်တာလည်းဆိုတာ ကို သိချင်နေကြလိမ့်မယ်။

ကမ္ဘာဦးကျမ်းကို စစခြင်းဖတ်ကြည့်လိုက်တယ် ဆိုရင်ဘဲ ကျွန်တော်တို့ ဘုရားသခင်ဟာ
ပထမနေ့မှာ အလင်းနဲ့ အမှောင်၊ ဒုတိယနေ့မှာ ညဦးနဲ့ နံနက်၊တတိယနေ့...စတ္ထုနေ့ စသည့်ဖြစ် ဖြစ် အချိန်တိကျ မှုတွေနဲ့ လောကကြီးကို ဖန်ဆင်းခဲ့တာဖြစ်တယ်။
အဲဒီလိုဘဲ ကချင်တွေရဲ့ နာရီကြီး က ကြီးနေလို့ ကချင်တွေအတွက် အလင်းနဲ့ အမှောင်၊ညဦးနဲ့ နံက်ကို နောက်ကျဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။

ထို့ထက်ပိုပြီး ကြည့်မယ်ဆိုရင်တော့ မကြာခင်မှာ ခရစ္စမတ်ပွဲကြီးကရောက်လာတော့မယ်။
အဲဒီခရစ်တော် ယေဂှု့ မွေးဖွား မယ် ဆိုတဲ့ အတိတ်နမိတ်ကို လည်း ဘယ်အချိန်မှာ ဘယ်နေရာမှာ ဆိုပြီ
တိကျသေချာလွန်းတဲ့ အချိန်နေရာတွေကို ညွန်ပြခဲ့တယ်။
ဘုရားသခင် က ကချင်တွေရဲ့ နာရီကြီးက ကြီးနေလို့ ဆိုပြီး ကချင်တွေအတွက် နောက်ကျပြီးမှ မွေးဖွားလာမှာ မဟုတ်သလို သူမွေးဖွားမယ့် အချိန်အခါသမယ မှာ ကချင်တွေကို သူ့ဘေးမှာရှိနေ စေချင်မှာ အမှန်ပါဘဲ။
ဒီတော့ကာ ကျွန်တော်တို့တတွေ(Jing hpaw ni a nayi gaba ai)ဆိုတဲ့ စကားကို ပစ်ပယ်ကြရအောင်။
ကျွန်တော်တို့တတွေဟာ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်တဲ့ အတွက် အချိန်တိကျခြင်း(on time) ကို လိုက်နာကြရအောင်။
ခရစ်တော်ဟာ ကျွန်တော်တို့ အားလုံး အတွက် တိကျသေချာတဲ့ အချိန်နဲ့ ဂတိစကားတွေရှိတယ်။
ခရစ်တော်ရဲ့ အချိန်ရောက်နေပေမယ့် ကျွန်တော်တို့ နာရီကြီးနေလို့  ကယ်တင်ခြင်းတွေနဲ့ လွဲသွားမှာကို ခရစ်တော် ကလည်း လိုလားမှာ မဟုတ်ပါဘူး။

ဒီလိုပါဘဲ ခရစ်တော်ဟာ ကျွန်တော်တို့ အတွက် အသက်ကို စွန့်လို့ ချစ်တော်မူတယ်။
ဒါကိုလည်း ခရစ်ယာန်တိုင်းက သိတယ်။
ခရစ်တော်ဟာ လက်ဝါးကားတိုင်ပေါ်မှာ အသေခံပြီး သုံးရက်မြောက်တဲ့နေမှာ ရှင်ပြန်ထမြောက်တယ်။
သိပ်ကို တိကျတဲ့ အချိန်နဲ့ ဂတိစကားတွေပါ။
ခရစ်တော်ရဲ့ ဂတိ စကားတော်တွေ တည်တဲ့ နေကျရင် (Jing hpaw ni gaw jing o'clock goi)ဆိုတဲ့ စကားလေး ကြောင့် ခရစ်တော်ကို မတွေ့လိုက်ရဘဲ လွဲနေအုန်းမယ်။

ခရစ်တော် ကတော့(Jing hpaw ni nJing shi na) ဆိုပြီး မရှင်ပြန်ထမြောက်ရာ မှာ မဟုတ်ဘူး။
(Jing hpaw ni gaw jing o'clock goi)ဆိုတဲ့ ကျွန်တော်တို့တတွေ သာလျင် ယေရှု့ခရစ်တော်နဲ့ လွဲသွားစရာအကြောင်းရှိပါတယ်။
(Jing hpaw ni gaw jing o'clock goi) ဆိုတဲ့ စကားလေးနဲ့ အဲဒီစကားအတိုင်း ကျင့်ကြံနေထိုင်ကြတဲ့ ကျွန်တော်တို့ တတွေသာလျင် ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။

(Jing hpaw ni a nayi gaba ai)(Jing hpaw ni gaw jing o'clock goi)စကားကို မပြောဘဲ နေကြမယ်။
ဒီထက်ပိုပြီတော့ အဲဒီစကားအတိုင်း မကျင့်ကြံ မနေထိုင်ဘဲ နေကြမယ်။
ကျွန်တော်တို့ တတွေဟာ ကချင်လူမျိုး ခရစ်တော်ရဲ့ နောက်လိုက်တွေဖြစ်တယ်။
ယေရူ့ခရစ်တော်ဟာ ကချင်လူမျိုးတွေကို ဘယ်လောက်ချစ်တယ်ဆို တာ အားလုံးအသိဖြစ်တယ်။
ဒီတော့ ယေရူ့ခရစ်တော် ချစ်တဲ့ ကချင်လူမျိုးတွေဟာ ယေရူ့ ခရစ်တော်လို အချိန်တိကျမှုနဲ့ စေ့စပ်သေချာခြင်းတွေကို ပြုမူ လုပ်ဆောင်ကြရအောင်...။

လာမယ့် ခရစ်တော် မွေးနေ့ ချမ်းအေးတဲ့ ဒီဇင်ဘာ ၂၄ရက် ည သန်းခေါင်ယံ (၀၀:၀၀)နာရီမှာ ယေရှု့ခရစ်တော်ကို ကြိုဆိုဖို့ ဘုရားကျောင်းကို နောက်မကျဘဲ အရောက်လှမ်းလာကြပါလို့ ဖိတ်ခေါ်ပါတယ်။


ဒီးဒိုး။
၅၊၁၂၊၂၀၁၂။ည၀၈:၄၄။

gadai hpe tsun ma yu ai gaw nre law...dai ga hkaw hpe na ga na, dai gahkaw hpe nra na ka dat ai she re law.

Wednesday, November 28, 2012

သက်တန့်လေးလို....။


ကျွန်တော် ဘုရားကျောင်း သွားရာလမ်းရဲ့ အဆောက်အဦးတစ်ခုရဲ့ ခြံဝန်းမှာ "Happy Christmas" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရတယ်။
အမှတ်တမဲ့ပါဘဲ ကားပေါ်ကလှမ်းတွေ့တာပါ။ ခေါင်းထဲမှာလည်း ဒီအဆောက်အဦးက ခရစ်ယာန် အသင်း တသင်းရဲ့ အဆောက်အဦးဖြစ်လိမ့်မယ်လို့ ယုံကြည်နေမိတယ်။
ဒီလိုနဲ့ ကာလတခုကိုကျော်ဖြတ်လာတော့ အဲဒီဆိုင်းဘုတ်ကို မတွေ့ရတော့ဘူး။
ခရစ္စမတ်လည်း ကျော်သွားပြီကိုး..။

အချိန်ကာလတွေ တိုက်စားသွားပြီး တဲ့နောက် တနေ့သော တနင်္ဂနွေ ကျွန်တော်ဘုရားကျောင်းသွားတဲ့ အခိုက် အဲဒီအဆောက်အဦးရဲ့ အရင် "Happy Christmas" ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရဲ့ နေရာမှာ"Salamat Hari Raya" ဆိုတဲ့ စာသားက အစားထိုး ၀င်ရောက်နေပြန်ရော..။
"Salamat Hari Raya" ဆိုတာ မွတ်စလင်တွေရဲ့ ပွဲတော်ရက်ဖြစ်လိမ့်မယ်..။
အဲဒါနဲ့ဘဲ အဲဒီအဆောက်အဦးကို ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ်။
ဒါနဲ့ဘဲ ဒီအဆောက်အဦးဟာ ခရစ္စယာန် အသင်း တသင်းက ပိုင်ဆိုင်တာ မဟုတ်ဘူးဆိုတာကို စိတ်ထဲမှာထင်နေမိတော့တယ်။

ဒီလိုနဲ့ အမှုမဲ့ အမှတ်မဲ့ပါ နေလာလိုက်တာ အချိန်တွေတော်တော်ကြာလာတယ်။
သိပ်မကြာသေးတဲ့ နေတနေ့မှာ အတိအကျ ပြောရရင်တော့ လွန်ခဲ့တဲ့ အပတ်ကပေါ့။
ကျွန်တော် ဘုရားရားကျောင်း သွားတော့ မြင်နေကျ ဆိုင်းဘုတ်ကို ကြည့်မိတော့ "Happy Deepavali" ဆိုတာကြီးကို တင်ထားတာတွေ့ရပြန်ရော။
ဒီလိုနဲ့ဘဲ ကျွန်တော်လည်း အတော်လေး စိတ်ဝင်စားသွားတယ်။ အဲဒီအဆောက်အဦး ဟာ ဘယ်လို အဆောက်အဦးလဲပေါ့။
ဒီည ဘုရားကျောင်းက ပြန်လာရင် ဒီအဆောက်အဦးနား သွားကြည့်မယ်လို့ တေးမှတ်ထားလိုက်တယ်။
ဘုရားကျောင်းပြီးတော့ ဘုရားကျောင်းကနေ လမ်းလျောက်ပြီး အဲဒီအဆောက်အဦး ရှိရာကို လမ်းလျောက်လာလိုက်တယ်။
အနားရောက်မှ သေချာကြည့်တော့ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းဖြစ်နေတယ်။
နောက် မြန်မာ အစီအစဉ်တွေနဲ့ သင်တန်းပေးဖို့ ကြေငြာထားတာလည်း တွေ့ခဲ့ရတယ်။

နောက် ဆိုင်းဘုတ်မှာရေးထားတာက "Happy Deepavali" မဟုတ်ဘဲ "Happy Deepavali to all our Hindu friends" လို့ဖြစ်တယ်။
ဒီလိုနဲ့ အဲဒီဆိုင်းဘုတ်ကို ဓါတ်ပုံ ရိုက်ယူလာမိတယ်။
ဟိုအရင် ကျွန်တော် ကားပေါ်က နေမြင်လိုက်ရတာလည်း "Happy Christmas" မဟုတ်ဘဲ "ံHappy Christmas to all our Christian Friends" လို့ဖြစ်လိမ့်မယ်။
ဒီလိုဘဲ "Salamat Hari Raya to all our Muslim Friends"လို့ နုတ်ဆက်ထားမှာ သေချာပါတယ်..။

ညရောက်တော့ အဲဒီ ဓါတ်ပုံလေးကို ကြည့်ပြီး အဲဒီဘုန်းကြီးကျောင်း အကြောင်းစဉ်းစားနေမိတယ်။
နောက်တော့ သူငယ်ချင်းတယောက် ဆီကို ဖုန်းဆက်ပြီး မေးတော့ အဲဒီကျောင်းက ဘုန်းကြီးက မြန်မာပြည် တောင်ကြီးဘက်က တဲ့ဗျ။
အဲဒီ ဘုန်းကြီးကျောင်းကို စင်ကာပူမှာ တောင်ကြီးကျောင်းလို့လည်း ခေါ်ကြတယ်တဲ့။
ကျွန်တော် ပိုလို့တောင် အံ့အားသင့်သွားတယ်။
ကျွန်တော် မြန်မာပြည် တော်တော်များများ ရောက်ဖူးပေမယ့် ဘယ်ဘုန်းကြီးကျောင်းမှာမှ အဲလို တခြားဘာသာ ပွဲရက်တွေကို ဆိုင်းဘုတ်တင်တာ မတွေ့ဖူးဘူးလေ။
ဘယ်ဘုန်းကြီးကျောင်းမှ မဟုတ်ပါဘူး။ဘယ် ခရစ်ယာန်ကျောင်း၊ဘယ် ဗလီ၊ ဘယ်ဘယ် ဟိန္ဒူကျောင်း၊ဘယ် ဘုံကျောင်းမှာမှ ကို မတွေ့ဖူးတာ။
ကျွန်တော်က ဘဲ အရောက်အပေါက်နည်းလို့လားတော့ မသိပါ။ကျွန်တော် အရောက်အပေါက်နည်း လို့ မတွေ့ဖူးတာ ဆိုရင်တော့ ကျွန်တော့်အပြစ်ပါဘဲ။
ဒါပေမယ့် ကျွန်တော့်အတွက်တော့ အထူးအဆန်းဖြစ်နေ သလို အဲဒီလို သဘောထား ပြီးတော့ ဘာသာခြားတွေကို လေးစားကြောင်း၊အလေးထား ကြောင်းပြသတဲ့ အဲဒီ ဘုန်းကြီးကျောင်းကို တသက်နဲ့ တကိုယ် ခုမှတွေ့ဖူးတာပါဘဲ။
အဲဒီ ဘုန်းကြီးကို လည်း သွားတွေ့ဖို့ စိတ်ဆုံးဖြတ်မိတယ်။

ဒီလိုနဲ့ဘဲ မငြိမ်းမချမ်းနဲ့ အကျယ်ကျယ်ဖြစ်နေတဲ့ မြန်ပြည်ကြီးအကြောင်းကလည်း ခေါင်းထဲဝင်လာပါလေရော..။
မြန်ပြည်ကြီးမှာ ဘာကြောင့် အပြီးနိုင် မစီးနိုင် တဦးနဲ့ တဦး ပစ်ကြ၊ခတ်ကြ။
သူလက်ညှိုးထိုး၊ကိုယ်လက်ညှိုးထိုးနဲ့ မဆိုင်တဲ့ လူတွေလည်း မအေးမချမ်းနဲ့ ကျီးလန့်စာ စားနေရကြတယ်။
ပြောနေကြတာပါဘဲ ငြိမ်းချမ်းရေး ငြမ်းချမ်းရေး..။
ငါကတော့ ဘယ်လောက် သဘောထားကြီးတာ.....။
သူကတော့ ဘယ်လောက် တင်းမာတယ်..။
ဒါကတော့ ငါ့မြေ....ဒါကတော့ ငါရေ နဲ့ မပြီးနိုင် မစဲနိုင်အောင်ပါဘဲ......။
ဒါတွေနဲ့ အထက်က ဘုန်းကြီးကျောင်းက ဆိုင်းဘုတ်နဲ့ ဘာဆိုင်လို့တုန်းလို့ မေးချင်နေကြလိမ့်မယ်။
ဆိုင်တာမှ ဟိုဖက်ကမ်းတောင် လွန်ရောလား.....။

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လို့ ဇွတ်အော်နေပြီး အပစ်တွေရပ်ရင် ငြိမ်းချမ်းပြီလား..။
ငါ့အိမ်ငါနေ၊ မင်းအိမ် မင်းနေဆိုပြီးနေကြ ရင်ရော ငြိမ်းချမ်းတော့မှာလား..။
ကျွန်တော်ကတော့ မထင်....။

ငြိမ်းချမ်းရေး ရဲ့ အဓိက အုတ်မြစ်ဖြစ်တဲ့ တဦးပေါ် တဦးလေးစားမှု၊ အလေးထားမှု ကို အရင်လုပ်ကြရမယ်။
တဦးရဲ့ ဘာသာကို တဦးက လေးစား၊အလေးထားလို့ လေးစားကြောင်း အလေးထားကြောင်း အပြုအမူလေးကို အရင်ပြကြပါအုန်း။
အိမ်ရှင်နဲ့ ဧည့်သည် အိမ်ကောင်းလို့ ဧည့်လာတာ အိမ်ရှင်က ဧည်သည် ကို ဧည့်ဝတ်ကျေပါအုန်း လေးစားပါအုန်း။
ငါက အိမ်ရှင် ဆိုပြီး မာန်မာန တက်နေမယ့်အစား ဧည်သည်ကို ငဲ့ညာပါအုန်း။
ဧည်သည်ကလည်း နေလာတာကြာတော့ လူပါးမ၀ဘဲ အိမ်ရှင် ကိုမစော်ကားပါနဲ့လေ။
နေလာတာကြာတော့ သူကျေးဇူးကို သိလို့ အလိုက်သိသိနေပေးကြပါအုန်း။
စီးပွားရေး သမားတွေကလည်း ဘယ်သူသေသေ ငါ့စီးပွားရေး ရရင်ပြီးရော ဆိုတဲ့ စိတ်ကိုလျော့ကြအုန်း။
တို့စီးပွားရှာလိုက်လို့ ဒီဒေသ ကရတဲ့ ပိုက်ဆံတွေနဲ့ ဒီဒေသ အကျိုးရှိဖို့ ပြုခဲ့ကြအုန်း။

အဲဒီ စင်ကာပူမှာရှိတဲ့ တောင်ကြီး ကျောင်းတိုက်က ဘုန်းတော်ကြီးလို တခြားဘာသာတွေကို လေးစားကြောင်း၊အလေးထားကြောင်း ပြသကြပါအုန်း။
ပါးစပ်ကငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဆိုပြီး ဇွတ်မအော်ကြပါနဲ့အုန်း နားခါးလို့ပါ။
ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်၊ပန္တက် ဖြစ်တဲ့ တဦးအပေါ် တဦးလေးစားမှု အလေးထားမှုကို အရင်ပြကြပါအုန်း.။
တဦးကို တဦး အလေးထား လေးစားတာဟာ အဲဒီလူ အဲဒီ အဖွဲ့အစည်းကို ကြောက်လို့မဟုတ်ဘူး၊စိတ်ဝင်စားလို့ မဟုတ်ဘူး ဆိုတာကို ကိုယ်ရည်ကိုယ်သွေး(Personality)မြင့်မားတဲ့ သူတွေတော့ သိနေလိမ့်မယ်။
တကယ်တော့ ဒါဟာ အသေးအဖွဲလေးပါဘဲ၊ဒါပေမယ့် ဒါကို လိုက်မလုပ်နိုင်ကြဘဲ ငြိမ်းချမ်းရေး ကြီးကို ဘယ်လိုလုပ်မတုန်း။
တဦးကို တဦး မလေးစားနိုင်၊ တဘာသာနဲ့တဘာသာ အလေးမထားနိုင်မှတော့ ဘာလို့ ငြမ်းချမ်းရေးကြီးကို တောင့်တနေကြတာတုန်း။

သူအရင် ငါအရင် နဲ့  ငြိမ်းချမ်းရေးနဲ့ ဝေးရာဆီကို သာလှမ်းလှမ်းနေကြတော့မှာလား။
ကဲ အချိန်သိပ်မနှောင်းသေးပါဘူး၊ တဖက်သားအပေါ် လေးစားမှုရှိကြောင်း အလေးထားကြောင်း တဦးနဲ့ တဦးပြသ လိုက်ကြရအောင်။
အဲဒီ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ ကဘဲ  တဖက်သားအပေါ် လေးစားမှုရှိကြောင်း၊အလေးထားကြောင်းကိုပြပြီး စကြရအောင်။

အမှန်တော့ ဒီလောကလေးမှာ နေတာ သက်တန့်လေးလိုပေါ့။
သက်တန့်မှာ အရောင်ခုနှစ်မျိုး ၀ါ၊စိမ်း၊နီ၊ပြာ စသည်ဖြစ်ပေါ့..။
အဲဒီ အရောင် ခုနှစ်ရောင်က ရောနှောထားတာ မဟုတ်ဘူး.....။
အဲဒီ အရောင် ခုနှစ်ရောင်က တမျိုးစီ သီးခြားရှိနေတာပါ။
ဒါပေမယ့် အဲဒီ ခုနှစ်ရောင်က အတူတကွပေါင်းစည်း ထားလိုက်တော့ အလွန်လှပတဲ့ သက်တန့်လေးဖြစ်လာတာပါဘဲ။
အဲလိုပါဘဲ ရောနှောလိုက်တာနဲ့ ပေါင်းစည်းတာဟာလည်း ကွဲပြားနေတယ်။
အနီက ငါ့အနီရောင် ပိုများလာအောင် ဆိုပြီး အ၀ါနဲ့ သွားရောလိုက်လို့ကတော့ အ၀ါ လည်း မထွက်သလို အနီလည်း မထွက်ပါဘူး။ ထွက်လာမှာက အစိမ်းရောင်ပါ။
အပြာက လည်း အပြာရာင် တရောင်တည်း နေမယ်ကွာ  ဆိုပြီး နေလိုက်လို့ကတော့ အပြာရောင်မပါတဲ့ သက်တန့်ဟာ ဘယ်လိုမှ ကြည့်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကျွန်တော့် အိမ်မက်ထဲမှာတော့
ကချင်ပြည်မှာ သင်္ကြန်ပွဲ အကြီးအကျယ် ဆင်နွဲမယ်....။
မန္တလေးမြို့မှာ မနောပွဲကမယ်...။
ကယား ကခေါင်ရည်ကို ရန်ကုန်မှာ သောက်မယ်။
ရှမ်း ပဲဘုတ်ကို ရခိုင်မှာစားမယ်။
ချင်းတောင်မှာ မွန်ရိုးရာ ဆောင်းတီးလို့ ကအုန်းမယ်..။
ကရင် ဒုံးယိမ်းကိုတော့ ရှမ်းပြည် မှာ ကကြမယ်။
မြန်ပြည်ရဲ့ ရွေတိဂုံမှာ "Happy X'mass to all our christian friends" လို့ရေးထားတာတွေ့တယ်။
မြန်ပြည်ရဲ့ စိန်ဂျွန် ခရစ်ယာန်ကျောင်းမှာ "Happy Deepavali to all our hindu friends" လို့ ဆိုင်းဘုတ်တင်တာတယ်လို့ မှတ်တယ်။
မြန်ပြည်ရဲ့ နို့ဈေး ဟိန္ဒူ ကျောင်းမှာ " Happy Hari Raya to all our muslim Friends" လို့ ရေးထားပြန်ရော။
မြန်ပြည်ရဲ့ တခြမ်းပဲ့ ဗလီမှာ" Happy Thidinkyut to all our Buddisim Friends" လို့ သူတို့ရဲ့လေးစားမှုကိုပြထားပြန်ရော..။

ကျွန်တော့်ဘ၀ ရဲ့ အိမ်မက်မှာ မြန်ပြည်ဟာ အဲလိုမျိုး ပျော်ရွင်စရာကောင်းတဲ့ ယဉ်ကျေး၊သိမ့်မွေ့ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံလေး ပေါ့ဗျာ..။

ဒီးဒိုး။၂၀၊၁၁၊၂၀၁၂။ည၁၁:၃၆။
(အမေ့ မွေးနေ့ အမှတ်တရ)

Tuesday, October 23, 2012

ဒီမိုကရေစီ ကို မုန်းတယ်။

ကျွန်တော်ရဲ့ အမေစုအပေါ် ယုံကြည် အားကိုစိတ်တွေ များလွန်းနေရ်ျလာတော့ မသိပါ။
အမေစု လုပ်ပေးလျှင်ရနိုင်မည်။အမေစု ပြောလျှင်ဖြစ်နိုင်မည်။
အမေစုသည် ကျွန်တော်တို့ လိုလားတောင့်တနေသော အာဏာရှင်တွေကို ဖြုတ်ချ ဒီမိုကရေစီ ကို တည်ဆောက်နိုင်မည် ဟုထင်မိပါသည်။
ဒါကလည်း ကျွန်တော့်အထင် ကျွန်တော်အမြင်ဖြစ်ပါသည်။
အမှန်တော့ အမေစု သည် အာဏာရှင်ကို တွန်းလှန်ဖြုတ်ချမည် ဟု တခါမှ မပြောဘူးပါ။
ဒီမိုကရေစီ ကို ရအောင်လုပ်ပေးမည် ဟုလည်း တပါဒမှ မဟ ဖူးပါ။
အမေစု သည် ဒီမိုကရေစီ ဆိုတာ ဒါမျိုး ဟု ပြုမူနေထိုင် လုပ်ဆောင်ပြသော မီးရှုးတန်ဆောင် တစင်းသာဖြစ်ပါသည်။
သို့သော် အမေစု၏ ဂုဏ်ရှိန်၊ပါဝါ နှင့် သူမ၏ စွမ်းဆောင်နိုင်ခဲ့သော ဘွဲ့ထူးဂုဏ်ထူးတွေကို ကြည့်ရ်ျ ကျွန်တော်သည် အမေစုအပေါ် အရာရာ စွမ်းဆောင်ပေးနိုင်မည်ဟု ထင်မိခြင်းသည်
ကျွန်တော် အတန်းနှင့်စာလျှင် မမှားနိုင်ပါ။

ဒီမိုကရေစီ တက်လမ်းတဲ့ နေရာမှာ တဆင့်ခြင်းတက်လှမ်းရပေမည်။ မမှားပါ။ အပြောမဟုတ် လက်တွေ့ပြရန်သာလိုပါသည်။
ဒီကနေ့ ဒီမိုကရေစီ တက်လှမ်းနိုင်ဖို့ အရင်ဆုံး အခြေခံ ဥပဒေကိုပြင်ရပေမည်။ ဒါလည်း မှန်ပေသည်။
အခြေခံဥပဒေ ကိုပြင်ဖို့ ဘယ်လိုအချက်တွေ လိုသည်ကို ကျွန်တော်မသိပါ။
သေချာသည်ကတော့ အခြေခံ ဥပေးကို ပြင်ဆင်လိုလျင် လွတ်တော်တွင် အခြေခံ ဥပဒေနှင့် ပတ်သက်ရ်ျ ဆုံးဖြတ်မဲ ပေးရမည် မှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။
ဒီတော့ ဒီလွတ်တော်ထဲရောက်နေသော လွတ်တော်အမတ်အားလုံးသည် စည်းကမ်းအားလုံးကို လိုက်နာရပေမည်။
မလိုက်နာလျှင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ အခွင့်အလမ်း ရှိပေမည် မဟုတ်ပါ။

ဒီတော့ကာ အခြေခံဥပဒေသည် အာဏာရှင် အစိုးရ၏ စိတ်ကြိုက် ရေးဆွဲထားသော ဥပဒေဖြစ်နေပေသည်။
ထို့ထက်ပိုရ်ျ မဲခွဲ ဆုံးဖြတ်ရာတွင်လည်း သူတို့၏ စိတ်ကြိုက် ဆုံးဖြတ်နိုင်ရန် ၂၅ရာခိုင်နုံန်း ကိုလည်း လွတ်တော်ထဲတွင် ထားရှိထားသည်။
အာဏာရှင်တို့၏ ကျူးပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမည် စကားအတိုင်း ရန်သူနှင့် ဆက်ဆံရာတွင် အစိတ်သားတောင်မချန် ရှင်းပစ်ခဲ့ကြသည် ကို ခံစားရခဲ့တဲ့ သူတိုင်း သိပေမည်။
ထိုအာဏာရှင်တို့ သည် ကြောက်ရွံ့ရာတွင် အမိဝမ်းတွင်း သန္ဒေတည်နေသော အစိတ်သားကိုပင်ကြောက်ရွံ့ သည်။
ထို့ထက်မက ထိုအစိတ်သားသည် တနေ့နေ့ တွင် ထိုအစိတ်သား သန္ဒေသားသည် ရှင်သန်ကြီးထွားလာနိုင်သည်ကိုလည်း ကောင်းစွာ သဘောပေါက်ကြပါသည်။
ထို့ကြောင့်
အာဏာရှင်တို့သည် ထိုစကားအတိုင်း အစိတ်သား ဆိုသော သန္ဒေကို အာဏာရှင်တို့ ရှင်ကျန်ဖို့ လွတ်တော်ထဲတွင် သန္ဒေ တည်နေစေခဲ့သည်။
ထို အာဏာရှင် လောင်းလျာ ကို တရားဥပဒေအရ ဘယ်လိုရှင်းထုတ်မလဲ ဆိုတာကိုတော့ ပညာရှင်များ ပိုနားလည်ကြပါလိမ့်မည်။
ကျွန်တော့်အနေနှင့် ဆိုလျင်တော့ ဒီကနေ့ တိုင်းပြည်အရေး ဆောင်ရွက်ရာတွင် တခြားသူများ ဆိုသည် အတိုင်း တဆင့်ခြင်းသွားလျင် အမှားနည်းနိုင်ပါသည်။လက်ခံ ပါသည်။
အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန် မှာ အလွန်နူးညံ့ သိမ်မွေ့နေပေမည်။ထို့ကြောင့် အချိန်ယူရ်ျ လုပ်ဆောင် သည် က အကောင်းဆုံးဖြစ်နိုင်ပါသည်။
သို့သော် ဒီကနေ့ ဖြစ်ပေါ်နေသော ခံစားနေရသော ပြည်သူတွေ၏ မလုံခြုံသောဘ၀ ကို လက်ငင်းဆောင်ရွက်ရန်လိုပါသည်။
လက်ငင်းဖြေရှင်းရန်ရှိနေသော
ရခိုင်ဒေသ ရခိုင်ပြည်သူများ ဘ၀ လုံခြုံရေး
ထောင်သောင်း မက အတိဒုက္ခရောက်နေသော ကချင်ပြည်သူများအတွက် ငြိမ်းချမ်းရေး။
လယ်လုပ်မှ ထမင်းစားရမည် ဖြစ်သော လယ်သမားများ လယ်ယာများ ပြန်လည် ရရှိရေး။
တခြား လက်ငင်း လုပ်ဆောင်ရန် အရေးများစွာတို့ သည် အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လားလားမျှ မသက်ဆိုင်ပါ။
ထိုလက်ငင်း ဆောင်ရွက်စရာကို ပထမဆုံး ဆောင်ရွက်ရ်ျ ဖြေးဖြေးခြင်းဆောင်ရွက်ရမည်ကို ဖြေးဖြေဆောင်ရွက်ပါပါမည်။
ဒါမှမဟုတ်ရင်တော့ တိုင်းပြည်ကြီး ချောက်ထဲကျတော့မှာ ကို လက်ရှိအစိုးရ နှင့် လွတ်တော်အဖွဲ့များ ဆောင်ရွက်ဖြေရှင်းပေးနိုင်ခြင်းမရှိရ်ျ (...)မှ အချိန်မီ ကယ်တင်ရသော အဖြစ်မျိုး ကျရောက်ပြန်ပါအုန်းမည်။

ထိုသို့ပြောရခြင်းမှာ ကျွန်တော်သည် သမ္မတကြီးနှင့် () အပေါ် မယုံမကြည်ဖြစ်လွန်းခြင်း၊သံသယ လွန်ကဲနေခြင်းကြောင့်လည်းမဟုတ်ပါ။
"ဖြစ်နိုင်ချေရှိသည် ဆိုသည်မှာ ဖြစ်သည် နှင့် အတူတူပင် ဖြစ်ပါသည်" ဆိုသော စကားကို လက်ခံသောကြောင့်ဖြစ်ပါသည်။


ရခိုင်ဒေသမှ ရခိုင်ပြည်သူများ ဘယ်နှယောက်သေသေ အခြေခံဥပဒေ ပြင်ဆင်ပြီးမှ တမလွန်ဘ၀ကို ရောက်သော ရခိုင်သွေးခြင်းများ ကို ပြင်လည်  အသက်ရှင်ခွင့်ပေးမှာလား။
အခြေခံ ဥပဒေပြင်ဆင်ရေးကို ယခုချက်ချင်း အလိုမရှိပါ။ရခိုင်တိုင်းရင်းသား ညီကို များ အသက်ရှင်ရေး၊အမျိုးဘာသာ မပပျောက်ကို ခုချက်ချင်းလိုပါသည်။
ကချင်ပြည်သူ ပြည်သားများ အသက်ပေး ဒုက္ခရောက်နေခြင်းများကို အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ စည်းစိမ်ဥစ္စာများစွာကို ပြန်ပေးမှားလား။
အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ယခုမလိုသေးပါ။ကချင် တိုင်းရင်းသားများ အပေါ် ဖောက်ပြားနေသော လူအခွင့်အရေးကို အဆုံးသတ်ပေးဖို့ အလိုရှိပါသည်။
လုပ်စားစရာမရှိတော့ တဲ့ လယ်သမားများရဲ့ဘ၀ ကို အခြေခံဥပဒေ ပြင်ဆင်ပြီးမှ စပါးတောင်လိုပုံစေမှာလား။
အခြေခံ ဥပဒေကို ပြင်ဆင်ရေးကို ယခု ချက်ခြင်းမလိုသေးပါ။လယ်သမားများ ဘ၀ လယ်ယာ လုပ်စားနိုင်ရေးကိုသာ အလိုရှိပါသည်။

ဒီတော့ကာ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ ကို ကျွန်တော်စဉ်းစားကြည့်တော့ အမေစုကလွဲလို့ တခြားတယောက်မှကို မတွေ့တာ။
ဒါကလည်း အမေစုအပေါ် ယုံကြည်နေမိလို့ ဖြစ်မှာပါ။
ကျွန်တော်လည်း သိပါတယ်။ အမေစုဟာ ဘုရားလည်း မဟုတ်ပါဘူး။ အစိုးရလည်း မဟုတ်ပါဘူး....အဲ အစိုးရ မဟုတ်ဘူးလို့ ပြောလို့ မရတော့ဘူး။
အမေစုဟာ လွတ်တော်ထဲမှာ ပါနေတဲ့ အတွက် အစိုးရ တစိတ်တပိုင်းတော့ဖြစ်နေလိမ့်မယ်။
မိသားတစုမှာ သမီးကြီးသည်လည်း မိသားစု ဘ၀လုံခြုံ တိုးတက်ရေးသည်လည်း အရေးပါအရာရောက်ပါသည်။
မိခင်၊ဖခင် တို့၏ တခါတရံ လွဲမှားနေမှုများကို သတိတရ လမ်းညွန် အသိပေးနိုင်ရန်လိုအပ်ပါသည်။
ဒါမှမဟုတ် ထိုသမီးကြီးသည် ထိုမိသား၏ လမ်းကောင်းကို မညွန်ပြနိုင်အောင် မိဘ တို့ က ပိတ်ဆို့ ထားသည် ဆိုပါလျင်တော့ ကျွန်တော် မသိတော့ပါ။
ကျွန်တော်လိုချင်သော မျှော်လင့် သော ခေါင်းဆောင်တယောက်ကို မျှော်လင့်ယုံသာ ရှိပါတောမည်။

ဒီတော့ ဒီကနေ့ အရေးတကြီး(ကျွန်တော့်အတွက်သာ လူပြောများနေသော တခြားပြည်သူတွေအတွက်ပါ)ဖြစ်နေတဲ့ ကိစ္စကို ဘာလို့ မဆွေးနွေး မတိုင်ပင်ကြနေတာလဲ။
တို့မီး ရှို့မီး လုပ်နေတာမဟုတ်ရပါဘူး။ တကယ် လိုချင်လို့ ပြောနေရတာပါ။ ပညာရှိတွေ သတိဖြစ်ခဲ ဆိုတာကို သတိရလို့ ဘယ်သူတွေများ သတိလည်လာ မလဲလို့ ပြောခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်အနေ နဲ့ ကတော့ အမေစု က လွတ်တော်မှာ ရခိုင်ဒေသ အရေးကို အလေးပေး ပြောဆိုမယ်ဆိုရင် အားလုံးက ထောက်ခံ ဆွေးနွေးကြမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ် ကုလားတွေ နယ်မဖြစ်သေးခင်၊ရခိုင်ဒေသမှာ -ွတ်တွေ မကြီးစိုးသေးခင် လွတ်တော်မှာ ဆွေးနွေးသင့်ပါပြီ။
ဒီလိုပါဘဲ ကချင်အရေး၊လယ်သိမ်းပိုက်ခံ လိုက်ရတဲ့ လယ်သမားအရေးတွေ ကို အရေးပေါ် အနေနဲ့ ဘာလို့ မဆွေးနွေးနိုင်တာပါလဲ။

ပုလဲဆိမ်ကမ်းကို ဂျပန်တွေ ဗုန်းကြဲတော့ အမေရိကန် အရေးတကြီး အစည်းဝေးတွေခေါ် ဘယ်လိုတုန့်ပြန်မလဲ တို့ ပြည်သူတွေအတွက်ပေါ့။
အဲဒီ အချိန်မှာ အမေရိကန် နိုင်ငံရဲ့ အခြေခံ ဥပဒေတွေ လည်း ပြင်ဆင်ဖို့ လိုအပ်နေမှာပါ။
ဒါပေမယ့် အဲဒါတွေ အသာထားအုန်း တို့အားလုံး ရဲ့ အရေးပေါ် ဂျပန်ကို ဘယ်လိုတုန့်ပြန်မလဲ ချက်ခြင်းဆွေးနွေးကြပါလိမ့်မယ်။
ဒါကတော့ နှလဘိမ်းတုန်းကျွန်တော်ရဲ့အတွေးပေါ့။

ရခိုင်သားချင်းတွေအရေး၊ညီကိုခြင်းဖြစ်နေတဲ့ ကချင်အရေး၊ကျေးဇူးရှင်လယ်သမား တွေအရေး ကို လစ်လျူရှု့ ပြီး နေကြတာ ဘာ့ကြောင့်လဲ။
ကျွန်တော်သိချင်ရုံကလေးပါ။
ဒါဆိုရင် အဲဒီ ပြည်သူတွေ လိုအပ်နေတဲ့ အရေးတကြီး ဆိုတာ လွတ်တော်အတွက် အရေးတကြီးမဟုတ်လို့လားမသိဘူး။။
အခြေခံဥကဒေ ပြင်ဆင်ဖို့ဘဲ ပြောနေတော့ ကျွန်တော်က သံသယတစ်ခု ၀င်လာတယ်ဗျ။
ဘာလို့ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ဘဲ လို့ ပြောနေတာပါလိမ့်ပေါ့။
ကျွန်တော်ထင်မှတ်လိုက်တာ က ဒီလို.။
အာဏာရှင် တွေက လည်း သူတို့နေရာ လေးကို တည်မြဲဖို့  အခြေခံ ဥပဒေကို သူတို့ အသက်ရှင်ရေး အတွက် အခိုင်အမှာဆွဲထားသည်။
နောက် လွတ်တော်ထဲတွင် လည်း အာဏာရှင် အစိတ်သား သန္ဒေလေးကို ပါ မျိုးစေ့ချထားသည်။
ဒါမှလည်း အာဏာရှင်တွေ ရှင်သန်နိုင်မှာကိုး။

ဒါကို အမေစုနဲ့ ကျန်အဖွဲ့များက လည်း မသိ မဟုတ် သိပါသည်။
ထို့ကြောင့်  မိမိတို့ နေရာ အတွက် အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ သာ တစိုက်မတ်မတ် ပြောဆိုနေပါသည်။

ပြည်သူတွေ ဆန္ဒနှင့် ဘ၀ ကို အလေးမထား။မိမိနေရာရ ရေးကို သာ လုပ်ဆောင်နေပါသည် ဟု ထင်မှတ်မိနေပါတော့သည်။

ဒါကြောင့် အာဏရှင်တွေကလည်း ဒီမိုကရေစီကို အကြောင်းပြ အခြေခံ ဥပဒေအရ မိမိနေရာ ခိုင်မြဲရေးကို လုပ်ဆောင်ပါသည်။
အမေစုနှင့် ကျန်အဖွဲ့တွေက လည်း ဒီမိုကရေစီကို အကြောင်းပြ မိမိနေရာ ရရေးအတွက် အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရေးကို လုပ်ဆောင်နေပါတော့သည်။
ဒီတော့ ဒီမိုကရေစီ အကြောင်းပြခံ ကြီးကို မုန်းတယ်။
ဒါပေမယ့်လည်း နေရာရရေး သာအာရုံခံ စိတ်ဝင်စားတဲ့ သူတွေ အတွက်ကတော့ ဒီမိုကရေစီ မဟုတ်လည်း တခြား အကြောင်းပြစရာတွေရှိနေအုန်းမှာပါ။
ကျွန်တော်လည်း အားအားရှိပြောနေတာတော့ မဟုတ်ပါဘူး။
အမေစုပြောသလိုပေါ့ဗျာ။ အိမ်မှာ ထမင်းချက်နေတဲ့ အိမ်ရှင်မတောင် ထမင်းချက်နေခြင်းဟာ ဒီမိုကရေစီ လုပ်ဆောင်နေခြင်းပါတဲ့။
ကျွန်တော်လည်း ဒီမိုကရေစီ ရေးအတွက် သဲတမုံပေါ့ ဒီစာရေးခြင်းကလေ။

ကျွန်တော်ထင်တာ မှားနိုင်ပါသည်၊ မှန်လည်း မှန်နိုင်ပါသည်။
အချိန်က အဖြေပေးနိုင်ပါသည်။ ပညာရှိတွေက တွေ အချိန်ကို လိုအပ်မည် မထင်ပါ။မှန်သည် မှားသည်ကို သိနိုင်ပါသည်။

ဒီးဒိုး။၁၄၊၁၀၊၂၀၁၂။မွန်းလွဲ ၁:၄၁။