Sunday, April 24, 2011

ယောကျာ်း မျက်ရည်

ယုံပါ
တသက်လုံးအတွက် အမုန်းမရှိဘူး။

တကယ်လည်း
ချစ်ဖို့ မလိုပါဘူး။
ကြင်နာခြင်း ရင်ငွေ့သက်သက်မှာ
တသက်သာ ခိုဝင်နားဖို့
ပြင်ဆင်ခဲ့သူပါ။

အဆင်မပြေတဲ့ အခိုက်အတန့်လေးမှာ
တကယ် သွားလိုက်ပြီလား....
ဒါဟာ သံသယဘဲပေါ့...။

နေ၀င်လို့မိုးချုပ်
တံခါးတွေ လုံးလုံးပိတ်ပေမယ့်
နံနက် လင်းတိုင် ရောက်ရင်
ပြန်ရောက်လာမလားလို့......
ငါလေ နေမထွက်ခင်
အိပ်ရာက ထ တတ်နေတာ
အကျင့်တစ်ခုလို ဖြစ်နေခဲ့ပေါ့။

ငါ့အိပ်မက်တွေ ရပ်တန့်ခဲ့ပြီ
ငါ့မျှော်လင့်ချက် သစ်ပင်ရှင်သန်နေဆဲပေါ့။

မိုးတွေချူန်းလေတိုင်း
ငိုသံများလား....။
ပါးပြင်ပေါ် က မျက်ရည်
ဒါမဟုတ်ဘူး မိုးရည်တွေပါ
ဘယ်သူမှ မသိပေမယ့်
နှလုံးသားကိုတော့ ညာလို့ မရဘူးလေ။

“ချစ်တယ်” ဆိုတဲ့ စကားမှာ
သာစေ နာစေ ဆိုတဲ့ အပ္ပါယ် မပါဘူး။
နာစေတော့လို့ ရည်ညွန်းရင်လည်း
ဘယ်သူမှ မသိတဲ့နေရာ..
ယောကျာ်းတို့ မျက်ရည်
ရင်ထဲမှာဘဲ ကျတယ် တဲ့လေ.....။


ဒီးဒိုး။
၁၁၊၀၄၊၂၀၁၁

တဏှာ

ငါ့ အခန်းကျဉ်းလေးထဲမှာ
လေးပေ မီးချောင်းထွန်းညှိထားပေးမယ့်
ငါဘာမှ မမြင်ရပါလား။
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
အခန်းကျဉ်းလေးကိုလည်း မစွန့် နိုင်ပြန်ဘူး
ငါ့အတွက်တော့ တစ်ခုတည်းသော နားခိုရာမို့ပါ။

ငါ့ခေါင်းအုံး ငယ်လေး
အိပ်စက်ခြင်းတွေ မယူဆောင်ပေးနိုင်ဘူး။
နူးညံ့တဲ့ အထိအတွေ့နဲ့ စောင်လေး
နှလုံးသားကို မနွေးထွေး စေနိုင်ဘူး။
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
ခေါင်းအုံးနဲ့ စောင်ငယ်လေး မစွန့် နိုင်ပြန်ဘူး
ငါ့အတွက်တော့ တစ်ခုတည်းသော အိပ်စက်ရာမို့ပါ။

ငါ့ရဲ့ စာအုပ်ငယ်လေး
ခံစားချက်တွေကို မစာနာနိုင်ဘူး။
လူတွေသိအောင် မကြေငြာနိုင်တဲ့ ဝေဒနာ
စာအုပ်ငယ်လေး မင်းတယောက်သာ အနားမှာ
မယုံနိုင်ဘူး အဖြစ်အပျက်တွေ
စာအုပ်ငယ်လေးကို လည်း မစွန့်နိုင်ပြန်ဘူး
ငါ့အတွက်တော့ ဝေမျှခံစား နေရာလေးတစ်ခုမို့ပါ။


ဒီးဒိုး။

ယွန်း....

ရှေ့ ယွန်းယွန်း ဆီကလား..။

နောက် ယွန်းယွန်း ဆီကများ....။

ပုဂံ က ယွန်းလား..။

ရွှေဘို က ယွန်းလား......။

ယွန်းဝတီ လား....။

ယွန်းနတီ လား...။

ရိုးရှင်းတဲ့ အသံ နဲ့

သော့ခတ် ချိတ်ပိတ်တဲ့ နှလုံးသားကို

မဖွင့်မှန်း သိပေမယ့်

မင်းအတွက် အလိုလို ပွင့်နေတဲ့

နှလုံးသားထဲ

နာကျင်မှု မရှိအောင်တော့

ဝင်ပြီး ပြန်ထွက်ပါ

လေလှိုင်း ထဲ က ယွန်း....။



ဒီးဒိုး။

ရှေ့ဆက်ခွင့်။

ကြင်သူရေ...

ပျော်မယ်ဆို

ယုံကြည်စွာသာလှမ်းခဲ့

နွေကန္ကာ ခရီးကြမ်းမှာ

နှလုံးသားကို ထီးလုပ်မိုးလို့

မင်းတကိုယ်စာ အေးချမ်းရပါစေမယ်.................။


ကြင်သူရေ....

ပျော်တယ်ဆို

သံသယတစ်ခုလောက် ပစ်သွင်း

အပြစ်တွေအမျိုးမျိုးပြလို့

ရိုင်းဆိုင်းစွာ မောင်းထုတ်ဖို့မလို

လက်ပြနုတ်ဆက်တာနဲ့

တို့ တယောက်တည်း သွားမှာပါကွယ်...။


ကြင်သူရေ.............

ပျော်မယ် ဆို လာခဲ့တော့။

ပျော်တယ်ဆို နေခဲ့တော့။

ဆုံးဖြတ်ပိုင်ခွင့်က မင်းဆီမှာသာ

တို့တွက်တော့ မျှော်လင့်ရင်း

အိမ်မက်လေးကို ဆက်မက်ခွင့်ပေးပါ။


ဒီးဒိုး။

............................

Sunday, March 27, 2011

ခွင့်


ကြွေလေတဲ့ပန်း


ထိုပန်းခရေ


မြေ၀ယ်ဆင်းသက်


သင်းပျံထုံသော်


လိုချင်သူပေါများ


ယုယမြတ်နိုး


ကောက်ယူ သိမ်းဆည်း ကြပြန်တယ်။


အများထဲ က


အကျွန် ကျွန်ုပ်


လိုချင်သော်ငြား


အေးစက် လက်အစုံ


ဟင်းလင်း ဘ၀ထဲ


ပန်းခရေ လေး


ရနံ့ ပျက်ပျယ်


စိုးရိမ် ကြောင့်ကျ


နွမ်းလျှစိတ်နဲ့


ကောက်ယူခွင့်တောင် ရုပ်သိမ်းခဲ့ပါသည်။




ဒီးဒိုး၊ ၂၇၊၀၃၊၂၀၁၁။

နေ့စဉ်။


ငါသွေးတဲ့ ကလောင်



အစွမ်းမထက်



မပြတ်တာမို့



တခါတလေ



ဒါးတုံးကိုင်ကာ



ဝင်ကာ ကြမ်းချင်တယ်။



သို့သော် ငါသည်



ဒါးရေးမကြွယ်



ကြမ်းဖက်မလို



ငြိမ်းချမ်းစေဖို့



ကြိမ်ထောင်းသောင်းမက



ကလောင်ကိုင်ကာ



ဆက်သာသွေးမည်



ချစ်သော ကမ္ဘာမြေ ချမ်းမြေ့ စေသတည်း။



ဒီးဒိုး။



ည ၂၃:၁၅



၂၅၊၃၊၂၀၁၁ (ကြာသာပဒေး)

Monday, March 14, 2011