"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Monday, January 16, 2012
Thursday, January 12, 2012
မျက်ရည်တပေါက် ကျခဲ့တယ်။
ကျွန်တော် ဘ၀က
ထင်တာနဲ့ တလွဲတွေ တန်ဆာဆင်ထားတယ်။
အကြိမ်ကြိမ် ပျက်ခဲ့တဲ့ ဂတိက
လိမ်ညာခြင်းကို မွေးဖွားစေခဲ့ပြီ။
မှန်တယ်လို့ ထင်တဲ့
အမှားတွေ ဆက်လုပ်နေခြင်းက
ကြင်ဖော်တွေနဲ့လဲ အကြိမ်ကြိမ်လွဲပေါ့။
တကယ်တော့
အားလုံး ကို ပျော်စေချင်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်က
အတ္တ ကိုယ်လုံးနဲ့ ကျွန်တော်ပါဘဲ။
ထိုက်တန်ပါတယ်။
ကျေနပ်ပါတယ်။
မင်းရဲ့  မျက်ကွယ်မှာ
ဒီစာရေးနေရင်းက
ငါလေ....
မျက်ရည်တပေါက် ကျခဲ့တယ်။
ဒီးဒိုး။
၃၀၊၁၂၊၂၀၁၁။
မှတ်သား နာယူ။
လူသားတွေရဲ့  သဘာဝ အခွင့်အရေးများကို ချိုးဖောက်ဖျက်ဆီးခြင်း ခံရရင် ပြည်သူပြည်သားတွေမှာ ပြန်လည် ခုခံနိုင်ခွင့်နဲ့ အစိုးရကို အပြောင်းအလဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒီလို လုပ်ဖို့ တာဝန်လည်း ရှိတယ်။
၂။
အမှားမှား အယွင်းယွင်းနဲ့ တရားမျှတမှု ကင်းမဲ့တဲ့ အင်အားစုကို ဆန့်ကျင်ရာမှာ အတိုက်အခံ ပြုလုပ်ခြင်းဟာ နောက်ဆုံး အားထား စရာနည်းလမ်း ဘဲ ဖြစ်တယ်။
(ဂျွန်ဟောက်)
၃။
အစိုးရသည် ပြည်သူတို့၏ အခွင့်အရေးများကို ချိုးဖောက်လာပါက ပုန်ကန်ထကြွခြင်းသည် ပြည်သူတို့အတွက်
အဆုံးစွန်သော အခွင့်အရေးတရပ် ဖြစ်ရ်ျ မရှောင်လွဲသာသောတာဝန်လည်းဖြစ်သည်။တစုံတယောက်သော သူသည် တိုင်းပြည် အချုပ်အချာ အာဏာ ကို မတရား သိမ်းပိုက်လာပါက လွတ်လပ်သော ပြည်သူတို့က ထိုသူအား သေဒဏ် အပြစ်ပေးသင့်ကြသည်။
(ပြင်သစ် လူ့အခွင့်အရေး ကြောငြာ စာတန်းကြီး)
Wednesday, January 11, 2012
"စစ်" အလိုမရှိ
အထက်ပါ link က ဖတ်ရတဲ့ သတင်းအပေါ် ကျွန်တော် အမြင်ပါ ဗျာ.။
အစိုးရတပ်တွေ အနေနဲ့ KIA တပ်စခန်းအားလုံးကို တိုက်ခိုက်တယ် ဆိုရင်တောင် ၀မ်းမနည်းပါဘူး။
ဒါပေမယ့် ဗန်းမော်-မြစ်ကြီးနား-မံစီ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ KIA မပိုင်ဆိုင်တဲ့ ရွာသူရွာသားတွေရဲ့ အိုးအိမ်တွေကို ဘာဖြစ်လို့ ဖျက်လိုဖျက်ဆီးလုပ်တာပါလဲဗျာ.။
ရွာသူ၊ရွာသားတွေဟာ ဘာကြောင့် သေဆုံးနေရပါလဲဗျာ.။
အများသတင်း တွေထဲမှာတော့ အစိုးရတပ်တွေကြောင့် ဆိုတာ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရတာအသေအချာပါဘဲ။နောက် လို်င်ဇာကို သွားတဲ့ လမ်းတလျောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတာဖုံးဖိ လို့ မရအောင် အများပြည်သူတွေ သိနေကြတာပါဘဲ။
လိုင်ဇာကို မသိမ်းဘူးဆိုရင်တောင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်လွင်ပါတယ်။ လိုင်ဇာကို သိမ်းပိုက်တာမက လို့ ဘာဘဲ ဖြစ်ဖြစ် အစိုးရတပ် သွားမယ့်လမ်းမှာရော၊KIA တွေ စောင့်နေမယ့် လမ်းတွေမှာ အများပြည်သူတွေရဲ့  အသက်၊သွေး၊ချွေး၊အိုး၊အိမ်တွေ လမ်းခင်းပေးထားရတယ် ဆိုတာမမေ့စေချင်ပါဘူး။
"ALL WAR ARE DIRTY" ဆိုတဲ့ စကားကြားဖူးပါတယ်။ နှစ်ဖက်စလုံးက ဘယ်သူဘဲမှန်မှန် စစ်ပွဲဖြစ်ပြီဆိုကတည်း က ညစ်ပတ် တော့တာပါဘဲ။ပြည်သူတွေသာ မြေဇာပင်ဖြစ်ရတော့တာပါဘဲ။
ပြောလည်း မပြောချင်ပါဘူး။အစိုးရရော KIA ပါ ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာတော့ စွတ်စွဲချက်တွေဘဲနေမှာပါ။
.လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်လို့ ကတော့ KIA ထက် အစိုးရကပိုပါတယ်။အထူးရှင်းပြနေစရာ မလိုဘူးလို့ထင်ပါတယ်။
ကလေး စစ်သားများ KIAမှာ ရှိနေတယ် ဆိုတာလဲ မှန်ချင်လည်း မှန်မှာပါဘဲ။
အစိုးရ တပ်တွင်းမှာတော့ ပြောမဆုံးပေါင်း တောသုံးတောင် ဆိုသလိုပေါ့...။ကလေး ကအစ၊"@# "ကအဆုံး သိပါတယ်။လူတိုင်းသိပါတယ်။
မိုင်းထောင်ခြင်းနဲ့ ပတ်သက်လို့ကတော့ KIAနယ်မြေမှာ ရန်သူရဲ့  လာလမ်းမှန်သမျှကို မိုင်းထောင်ရမှာဘဲ၊တံတားတွေကို ဖျက်ဆီးပစ်ရမှာဘဲ။..ဒါလဲ စစ်ရေးအရပေါ့။ဒါနဲ့ပတ်သက်လို့ ကတော့ KIA ကတာဝန်ယူရပါလိမ့်မယ်။
(ဥပမာ)တကယ်လို့ ဒီကနေ့ KIA က မြစ်ကြီးနား မြို့  ကို ချီတက် သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီ လာနေပြီ ဆိုရင် အစိုးရတပ်တွေ အနေနဲ့ KIA လာနိုင်တဲ့ လမ်းမှန်သမျှ ကို မိုင်းထောင်ထားမှာ၊လမ်း၊တံတားတွေ ဖျက်ဆီးထားမှာ အမှန်ပါဘဲ.။ ဒီအတွက် အစိုးရတပ်တွေက တာဝန်ယူရမှာပါဘဲ။ ဒါပေမယ့် ကိုယ်လုပ်ပြီးတော့
သူများကို လက်ညှိးထိုး တဲ့အလုပ် မလုပ်ရင်တော့ အစိုးရအတွက်ရော KIA အတွက် ကျွန်တော်တို့ ဂုဏ်ယူနေမှာပါ။
အမှန်တော့ KIA ကို ထိုးစစ် ဆင်ရတဲ့ အကြောင်းအရင်း အထက်ပါအကြောင်းကြောင့် မဟုတ်တာ INTERNET
ပေါ်မှာ သေချာ သိချင်တယ်ဆိုရင်တော့ BLOG တွေကို ရွေးမဖတ်ဘဲ BLOG အားလုံးကိုဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
"သမ္မတကြီးကိုယ်တိုင် ကမ္ဘာသိကြေငြာထားတဲ့ အမိန့်တွေကို ကျော်လွန်ပြီး စစ်တပ်က လိုင်ဇာမြို့  ကို ချီတက်စစ်ဆင် တိုက်ခိုက်မယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားကို ယုံကြည်ပြီး အမှုအမှတ်မဲ့ နေလိုက်လို့ ကတော့ လိုင်ဇာမြို့ ဟာ နောက်နေ့ ဘယ်လိုဖြစ်နေမယ်ဆိုတာ ကျွန်တော်ထက် ပိုအတွေ့ အကြုံ ရှိတဲ့ သူတွေ သိမှာပါ။
"စစ်သွေးကြွနေတဲ့ KIA စစ်သည် တချို "့ဆိုတဲ့ စကားဟာ ရင့်သီးလွန်းပါတယ်။စစ်သွေးကြွတယ် ဆိုတာဘာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာပါလဲ။အစိုးရ စစ်တပ် သမိုင်းမှာ အခု စစ်ပွဲတွေလောက် ဆုံးရှံး ခဲ့တာ မရှိခဲလို့ KIA ကို စစ်သွေးကြွတယ်လို့ ဆိုလိုတာပါလား။ စကားတစ်ခွန်းကြားဖူးတယ်။
စစ်ပွဲ တစ်ပွဲရဲ့ အောင်မြင်မှုက လက်နက် အင်အား အပေါ်မှာထက် စိတ်ဓါတ်အင်အား ပေါ် ပိုပြီးတည်တယ်။ စစ်ဆိုတာ ရိုင်ဖယ်သေနတ်တွေ၊ ကျည်ဆန်တွေ၊ အမြောက်တွေနဲ့ လေယာဉ်ပျံတွေ ရှိရုံနဲ့ အဖြစ်သေးဘူး။
" အရေးနိမ့် ရှုံးနိမ့်တဲ့ လက်နက်ကိုင်တပ်ဟာ သူတို့မှာ ယုံကြည်ချက်ကင်းမဲ့နေလို့လဲ ဖြစ်တယ်...။(ကတ်စရို)
န်တော်အနေနဲ့ကတော့ အစိုးရတပ်တွေဟာ ဒီစစ်ပွဲကို မတိုက်ချင်ဘဲ တိုက်ရတယ်။အမိန့် မလွန်ဆန်နိုင်ဘဲ တိုက်ရတယ်..သနားစရာကောင်းတဲ့ အစိုးရ စစ်သားတွေဟာ မလွန်ဆန်နိုင်လို့ တိုက်ရကျွတာ ဖြစ်ပြီး ဘာ ယုံကြည်ချက်မှ မရှိဘဲ ယုံကြည်ချက်ကင်းမဲ့နေလို့ ကျဆုံးမှု များရခြင်းသာဖြစ်တယ်။
KIA အနေနဲ့တော့ သူနယ်မြေကို ကာကွယ်ရမယ်၊ ဆိုတဲ့ စိတ်၊ယုံကြည်ချက်နဲ့ သူ့နယ်မြေမှာတိုက်တဲ့ အတွက်
ကျဆုံးမှု နည်းတာပါ။
(ဥပမာ) KIA ကသာ အမိန့် မလွန်နိုင်ပါဘဲ ယုံကြည်ချက်ကင်းမဲ့လျက် အစိုးရတပ်တွေရှိရာ မြို့ကြီး ပြကြီးကို တက်တိုက်ခိုက်မယ်ဆိုရင် KIA လည်းမလွဲ မရှောင်သာ အောင်နိုင်ခဲ့ ရင်တောင် ပေးဆပ်ရခြင်းတွေများနေလိမ့်မယ်။
နောက် စစ်သွေးကြွတယ်ဆိုတာ သာမန် ယောက်ကျား တယောက်ဟာ သေနတ်တလက်ကိုင် ပြီး စစ်ပွဲကို သွားပြီးဆို ကတည်းက စစ်သွေးကြွနေတာပါဘဲ။ အဲဒီထက် ပိုပြီး စစ်ဖြစ်ပြီ ကိုယ့်ကိုင်တဲ့ သေနတ်က အသံမည်းပြီဟေ့ ဆိုရင် ပိုလို့တောင် စိတ်အားတက်လာတာပါဘဲ။အဲ ကိုယ်သေနတ် အသံမထွက်လို့ကတော့ ကြောက်စိတ်တွေ ကြီးစိုးနေမှာဘဲ။
သေနတ်ကိုင်လိုက်တိုင်း စစ်သွေးကြွတယ် လို့ မသုံးနှုန်းစေချင်ပါဘူး..။အားလုံးကို ထိခိုက်ကုန်မှာစိုးလို့ပါ။
သေနတ်ကိုင်တယ်ဆိုတာလဲ အကြောင်းအမျိုးမျိုးရှိမှာဘဲ။အစွန်ဆုံး ပြောရရင် "ငြိမ်းချမ်းရေးအတွက် တို့ သေနတ်တွေကို ကိုင်ထားကြစို့" ဆိုတဲ့ စကားကြားဖူးပါတယ်။မြန်မာ ပြည်သူ ပြည်သားတွေ လေးစားချစ်ခင် ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ သေနတ် ကိုင် လမ်းစဉ် ကို တည်ထောင်ခဲ့တာပါဘဲ။ကျောင်းသားတွေ ကျောင်းထွက်ပြီး တောထဲဝင် သေနတ်ကိုင်တာ စစ်သွေးကြွနေတယ် လို့ ပြောရမှာလားဗျာ။ သေနတ်ကို သေနတ် ချင်း ရင်ဆိုင်ဖို့ သေနတ်ကိုင်တာကတော့ အပ်တို တချောင်းတောင် မရှိသူကို သေနတ် နဲ့ ရင်ဆိုင်တဲ့ သူတွေထက် ပိုရဲ ရင့် တရားမျှတပါတယ် လို့ ဘဲ ထင်ပါတယ်။
အမှန်တော့ ဒီစစ်ပွဲဟာ အားလုံးသိတဲ့ အတိုင်း အစိုးရ က စတိုက်လို့ ဖြစ်ရ တယ်ဆိုတာ အားလုံး အသိပါ။
တကယ်လို့ KIA က စစ်သွေးကြွနေပြီး အစိုးရ ကို လိုက်တိုက်ခိုက်နေတယ် ဆိုရင် ကချင် ပြည်သူတွေဟာ
KIA ကို စစ်သွေးကြွတွေလို့ ပြောဖို့ ဆွံ့ အနေမှာ မဟုတ်ပါဘူး။ရေးသားဖော်ပြဖို့ လက်တိုနေမှာ မဟုတ်ပါဘူး။
အဲဒီလိုပါဘဲ အစိုးရက မမှန်မကန်၊မတရား လုပ်တာတွေကို ခေါင်းငုံခံ နေနေမယ့် ထဲမှာလည်း ကချင်ပြည်သူတွေပါမှာမဟုတ်ပါဘူး။
နောက်ဆုံး အနေနဲ့ တော့ အမူအကျင့်လေး တစ်ခု အကြောင်းပြောပြချင်တာပါဘဲ။
ခွေးဆိုတာ သူကို ရန်မူတဲ့သူတိုင်းကို ဟောင်ပြီးတော့ တုန့်ပြန်တတ်တယ်။ပိုပြီးတော့ အဲဒီခွေးကို ခဲနဲ့ ပေါက်ရင်
ခွေးက သူ့ဆီကို ရောက်လာတဲ့ ခဲကို လိုက်ပြီးကိုက်ခဲ တတ်တယ်။ ခွေးဟာ သူ့ကို ရန်မူတဲ့ ရန်သူအရင်းကို မသတ်ဖြတ်ဘဲ သူဆီရောက်လာတဲ့ ခဲကို လိုက်လိုက် ကိုက်ခဲနေလို့ ရန်မစဲဘဲ ရှိနေတတ်တယ် တဲ့။
နောက် ခြင်္သေ့ ကတော့ ရန်သူက သူဆီပစ်လိုက်တဲ့ မြှားကို ဘယ်တော့မှ လိုက်မကိုက်ခဲဘူး။မူရင်း ရန်သူအစစ်
ိကိုသာ ကိုက်ခဲ သတ်ပစ်လေ့ရှိလို့ ရန်ငြိမ်းတယ် တဲ့။
အစိုးရရော KIA ပါ မူရင်း ရန်သူကို ရှာတွေ့ပြီးရှင်းပစ် နိုင်ပါစေ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ် ကို လှပအောင် ဆောင်ရွက်နိုင်ပါစေဗျာ.။ခြင်္သေ့ တကောင်ရဲ့  အမူအကျင့်ရပါစေဗျာ.။
၁၁
၊၀၁၊၂၀၁၂။
Saturday, December 31, 2011
ယုံကြည်ချက်ကင်းမဲ့နေလို့
" အရေးနိမ့် ရှုံးနိမ့်တဲ့ လက်နက်ကိုင်တပ်ဟာ သူတို့မှာ ယုံကြည်ချက်ကင်းမဲ့နေလို့လဲ ဖြစ်တယ်...။(ကတ်စရို)
ပြည်သူလူထု က သူုတို့ ဟာ အတင်းအကျပ် စေခိုင်းခြင်း ခံရပြီး အတင်းအကျပ် နာခံနေရတယ်ဆိုတာကို သိမြင်လာတာဟာ ကောင်းတဲ့ လက္ခဏာ ဘဲ။ ဒီက တဆင့် သူတို့ အပေါ် ကျရောက်နေတဲ့ ထမ်းပိုးကို ခါချနိုင်တယ် ခါလဲခါချ ခဲ့တယ်ဆိုရင် ဒါဟာ ပိုပြီးကောင်းမွန်တဲ့ လက္ခဏာ ဘဲ။ ဘာဖြစ်လို့်လဲဆိုတော့ သူတို့ဆီက လုယူသွားတဲ့ အခွင့်အရေးကို အသုံးပြုပြီး လွတ်လပ်ခွင့်ကို ပြန်ရယူနိုင်ကြလို့ ဘဲဖြစ်တယ်.။ (ရှုးဆိုး)
အမှန်တရား.
ငါ့မျက်စိ က အကောင်းကြီးပါ
စေတနာနဲ့ ပါဝါ မျက်မှန် မင်းတတ်ပေးမှ
ငါ့ အမြင်အာရုံတွေေ၀၀ါးသွားပေါ့...။
ငါ့လက်တွေ က အကောင်းကြီးပါ
စေတနာနဲ့ လက်အိတ် မင်းဝတ်ပေးမှ
ငါ့ လက်က ကလောင် ဘယ်လို သွေးပါ့။
ငါ့ခြေထောက်က အကောင်းကြီးပါ
စေတနာနဲ့ မင်းဘီးတတ်ပေးမှ
ငါ လိုရာကို မရောက်တော့ဘူး...။
၂။
ငါ့ရဲ့ ပါးစပ် ကို ပိတ်ခိုင်းတာလား
ငါ့မျက်လုံး က အဓိပ္ပါယ်ကို
မင်တို့ ကြည့်ရုံနဲ့ သိနိုင်မှာလား။
ငါ့ရဲ့ မျက်လုံးတွေကို ပိတ်ခိုင်းတာလား
ငါ့ စိတ်တွေ(တွေး)တဲ့ အဓိပ္ပါယ်ကို
မင်းတို့ မှန်းဆရုံနဲ့ သိနိုင်ပါ့မလား.....။
ငါ့ရဲ့ ခန္ဒာ ကို အလုံပိတ်ထဲထည့်
ငါ့ခံယူချက်တွေကို ဖြိုခွင်းလိုက်
နောက်ဆုံး
ငါ့ဝိညာဉ် ကို အဆုံးသတ်ပေးမှာလား....။
ငါတို့ရဲ့ အရိုးတွေထ တွန်လိမ့်မယ်......။
ဒီးဒိုး။
၂၅၊၁၂၊၂၀၁၁။
(၀၀:၃၆)