"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Saturday, December 31, 2011
အမှန်တရား.
ငါ့မျက်စိ က အကောင်းကြီးပါ
စေတနာနဲ့ ပါဝါ မျက်မှန် မင်းတတ်ပေးမှ
ငါ့ အမြင်အာရုံတွေေ၀၀ါးသွားပေါ့...။
ငါ့လက်တွေ က အကောင်းကြီးပါ
စေတနာနဲ့ လက်အိတ် မင်းဝတ်ပေးမှ
ငါ့ လက်က ကလောင် ဘယ်လို သွေးပါ့။
ငါ့ခြေထောက်က အကောင်းကြီးပါ
စေတနာနဲ့ မင်းဘီးတတ်ပေးမှ
ငါ လိုရာကို မရောက်တော့ဘူး...။
၂။
ငါ့ရဲ့ ပါးစပ် ကို ပိတ်ခိုင်းတာလား
ငါ့မျက်လုံး က အဓိပ္ပါယ်ကို
မင်တို့ ကြည့်ရုံနဲ့ သိနိုင်မှာလား။
ငါ့ရဲ့ မျက်လုံးတွေကို ပိတ်ခိုင်းတာလား
ငါ့ စိတ်တွေ(တွေး)တဲ့ အဓိပ္ပါယ်ကို
မင်းတို့ မှန်းဆရုံနဲ့ သိနိုင်ပါ့မလား.....။
ငါ့ရဲ့ ခန္ဒာ ကို အလုံပိတ်ထဲထည့်
ငါ့ခံယူချက်တွေကို ဖြိုခွင်းလိုက်
နောက်ဆုံး
ငါ့ဝိညာဉ် ကို အဆုံးသတ်ပေးမှာလား....။
ငါတို့ရဲ့ အရိုးတွေထ တွန်လိမ့်မယ်......။
ဒီးဒိုး။
၂၅၊၁၂၊၂၀၁၁။
(၀၀:၃၆)
Saturday, December 24, 2011
ရင်ထဲ ခရစ္စမတ်။
၁။ ဟိုအရင်.....
အေးလွန်းတဲ့ တိတ်ဆိတ်တဲ့ည
ခရစ္စမတ်တေးကို သီဆိုလို့
ကယ်တင်ရှင် မွေးဖွားကြောင်း
သတင်းကောင်း ပါးမယ်
တို့တောင်ပေါ် မြေအနှံ့.............။
ဒီနေ့တော့......
အေးလွန်းတဲ့ တိတ်ဆိတ်ည
ခရစ္စမတ်တေးကို ရင်ထဲမှာဆို
အနိုင့်ကျင့်စော်ကားသူ ဇွတ်တင်းဝင်မလာအောင်
သတိစိတ် ကျပ်မတ်ထားတယ်
တို့တောင်ပေါ် မြေအနှံ့.......................။
အိန္ဒိယက ချိတ်...
တရုတ်က ပိတ်............
တဖက်က အပြတ်နှိမ်မယ် စိတ်(နဲ့)
ခရစ္စ ဘိုးဘိုးကြီးလာမယ့် လမ်း
ဘယ်လမ်းက လဲ..........................။
မမျော်တော့ပါဘူး...
မျော်လင့်ချက်တော့ မကုန်ဘူး..
ခရစ္စဘိုးဘိုးကြီး သယ်လာမယ့်
ငြိမ်းချမ်းရေး ဂျိုးရုပ် လက်ဆောင်
ကျည်ဆံတွေ ကြားမှာ
အရုပ်ကျိုးပြတ်မှာ စိုးပါတယ်...။
ကောင်းကင်က လင်းလက်တဲ့ကြယ်
ဗက်လင်ဟင် ဆီလမ်းမပြဘူး...။
တို့အားလုံးရဲ့ စိတ်တွေနိုးကြား
တို့သေနတ်တွေ မောင်းတင်ထား..
တို့လွတ်မြောက်ရာလမ်း
လင်းလက်ကြယ်က လမ်းပြလိမ့်မယ်.....။
၂။ ဟိုအရင်......
ဒီအချိန်ဆို အေးလွန်းတဲ့ ဆောင်းကို အံတု
မီးပုံဘေးမှာ ထောင်ကာ ကကြမယ်
ကယ်တင်ရှင်မွေးဖွါးကြောင်း
သီချင်းသစ်ကို ဟစ်လို့ပေါ့...........။
ဒီနေ့တော့.........
အေးလွန်းတဲ့ ဆောင်းကို သည်းခံ
ရမ်းပစ်တဲ့ ကျည်ဆံ တို့ ထံမလာအောင် တိတ်ဆိတ်
တို့ရင်ထဲမှာတော့ ထောင်ကာက
တယောက်ကို တယောက် သတင်းကောင်းမျှမယ်
မနောမြေ ငြိမ်းချမ်းစေကြောင်း.....။
ထကြပါတော့
စကြပါတော့
တို့မြေ ငြိမ်းချမ်းစေကြောင်း
သူငယ်တော် ယေရူ ထံ တာင်းဆုချွေလို့
တို့လက်တွေ ခိုင်ခိုင်တွဲ
တို့ရဲ့ ထွက်လမ်းကို လှမ်းကြရအောင်.....။
ဘယ်လိုဘဲ ဖြစ်နေနေ
သံစုံတီးဝိုင်း choir နဲ့ မဟုတ်
ဂီတာမပါ ဗုံသံကင်းမဲ့
လွန်တိတ်ဆိတ်လို့......
တို့တွေရဲ့ ရင်ထဲမှာ
ဆူညံ လို့ ထောင်ကာ က
သူငယ်တော် ယေရူကို ကြိုဆို
သတင်းကောင်း ကို စိတ်နဲ့ ပြောကြား ရတော့
အားနာလိုက်တာ ၂၀၁၁ ခရစ္စမတ် ရယ်....။
ဒီးဒိုး။
၂၄၊၁၂၊၂၀၁၁။ ၂၂နာရီ...။
www.dedoe.co.cc
Saturday, December 17, 2011
ကြွေလွင့် ကြယ်ပွင့်များ သို့.....
အလင်းလက်ဆုံး အလင်းတွေနဲ့လမ်းပြ
မင်းရဲ့ သေခြင်းကို အဆုံးသတ်ခဲ့ပြီ။
မင်းချစ်တဲ့ တောင်တန်းတွေ မှုံရီ
မင်းမြတ်နိုးတဲ့ စမ်းချောင်းတွေ တုန်ရီ...လို့
မင်းရဲ့ သေခြင်းနဲ့ အနားသတ်
သူတို့လေးတွေရဲ့ ဘ၀ ရှင်သန်စေခဲ့ပြီ......။
မင်းချစ်တဲ့ တောင်ပေါ်မှာ
အာဇာနည် ဗိမာန်တည်မယ်
မမြင်ဝံ့ ရုပ်အလောင်း
ရဲရဲ ၀ံ့ဝံ့ ကြည်လို့
နှလုံးသားထက် သံမှိုစွဲနှက်
စိတ်မှာမမေ့ဘူး။
တို့လက်တွေ လည်း မအေးဘူး။
မင်းလည်း ဘယ်တော့မှ မသေဘူး....။
မင်းအသက်ပေးချစ်တဲ့ တို့အားလုံးရဲ့ မနောမြေ
ဂုဏ်ရောင်ပြောင်တဲ့ စိတ်ဓါတ်
မနောမြေရှိသရွေ့  မင်းမသေဘူး
မနောမြေလည်း မဖောက်ပြန်ဘူး....။
လာမယ့် လာမယ့် နှစ်တွေမှာ
မင်းရှိတဲ့ မနောမြေ အာဇာနည် ဗိမာန်
အလှပဆုံး ကိုးကွယ်စရာဖြစ်
နောင်ခေတ်လူတွေ ရှိလာအုန်းမယ်...။။
ဒီးဒိုး။
၁၇၊၁၂၊၂၀၁၁။
Sunday, November 6, 2011
ကျီးယောင်ဆောင်း သွားတဲ့ ဒေါင်း.....။
စလုံး စလုံး
ကြားဖူးနားဝမှာရှိတာတော့
တို့ မြို့တော် ရန်ကုန်ကို တုလို့
တည်တဲ့မြို့ပါကွာ တဲ့...။
တုလို့တည်တာဘဲဖြစ်ဖြစ်
မင်းရဲ့သန့်ရှင်းသပ်ရပ်မှုကတော့
ခုတို့မြို့တော်နဲ့ ကွာခြားပါရဲ့
ဥယဉ်မြို့တော်လေးဖြစ်နေပေါ့။
ငါလည်းလေ မရောက်ဖူးတဲ့
ဟိုအရင် ရန်ကုန်ကို ရင်ခုန်ရင်း
မင်းလိုဘဲ ဥယဉ်မြို့တော်လို့
နာမည်ကျော်တဲ့ ရန်ကုန်ကို
တွေးဆရင်း.......က
မြန်ပြည် ကို လွမ်းလို့ပေါ့....။
၂။
စလုံး စလုံး
သက်ကြီးစကား ကြားခဲ့ဖူးတာ
တို့ နိုင်ငံ ပညာရေးအားကျလို့
ရန်ကုန်သက္ကသိုလ် ၀င်ခွင့်ရရေး
မင်းတို့ ကြိုးစားခဲ့ဖူးတာတဲ့...။
အားကျလို့ လုပ်ဆောင်
ဒီနေ့ခေတ် ပညာရေး
မြန်ပြည်သား သာမက အာရှတော်တော်များများ
ပညာရည်နို့ သောက်စို့ဖို့
မင်းရင်ခွင် ခိုနားဖို့ ကြိုးစားအလုအယက်
ငါလည်းလေ မကြုံးခဲ့ဖူးတဲ့
ဟိုအရင်ခေတ် မြန်ပြည် ပညာရေးနဲ့
(ခု)ခြောက်ကပ်တဲ့ ရန်ကုန် ပညာရေး
ကျောင်းသား သမ္မကတောင်မရှိတဲ့ သက္ကသိုလ်
တွေးတောရင်း က
မြန်ပြည်ကို လွမ်းပေါ့...။
၃။
သဘာဝ ရင်းမြစ် နတ္တိ
နေရောင်ခြည်နဲ့ လူသားအရင်းအမြစ်သာ
အသုံးပြုလို့ ကမ္ဘာမှာ
စလုံးဟေ့ လို့ နေရာယူခဲ့ပြီ
ချီးကျူးပါတယ် စလုံးရေ..။
သစ်ဆိုရင် ကမ္ဘာမှာ မြန်မာဟေ့လို့
ဆိုရိုးရှိ သဘာဝရင်းမြစ်လည်းပေါကြွယ်ဝတယ်။
ကျောက်စိမ်း၊ပတ္တမြား၊ ရေနံနဲ့ဓါတ်ငွေ့
ပေါများလို့ သွေးနထင်ရောက်
ရန်ကုန် တတိုင်းစာလောက်သာရှိတဲ့ စလုံးလောက်တော့
တခါတည်း တည်လို့ရတယ်လို့
ရွေလင်ပန်းနဲ့ အချင်းဆေးသူ
ဆရာကြီး ဂိုဏ်းချူပ်တွေက တွေးထင်နေကြပေါ့.။
ဒီလိုနဲ့
ပေါများတဲ့ လူသား
ပညာတတ်နဲ့ ကာယလုပ်သား
အားလုံး မင်းရဲ့  ရင်ခွင်ခိုလုံနေကြပေမယ့်
သူတို့ အားလုံး..
ဟိုအရင်ရွေရောင်လွမ်းတဲ့ မြန်ပြည်ကို
ငါလေ မျော်မျော် ကြည့်ရင်းက လွမ်းတယ်..။
ဒီးဒိုး။
၀၅၊၁၁၊၂၀၁၁။
(ဆက်ရန်)
Saturday, September 17, 2011
အတိတ်တွေနဲ့ တည်ဆောက်ဖို့ ကြိုးစားတော့
ဒုက္ခတွေ
သောကတွေ
မောဟတွေ
ကင်းစေချင်တဲ့ အနာဂတ် ရောက်လာမှာမဟုတ်ဘူး။
ပူလောင်ခြင်းနဲ့
သံယောဇဉ်
ရောထွေးတဲ့
ငါ့ရဲ့ ယိုင်နဲ့နဲ့ အိမ်လေးမှာ
ချစ်သူမရှိဘူး..........။
မူမမှန်တဲ့စိတ်နဲ့
ဆုတောင်း မကောင်းခဲ့သူ ငါလေ..။
လွမ်းဆွတ်ခြင်းတွေ
ငါ့ကိုယ်ထဲ မစိးဆင်းပါစေနဲ့တော့...။
အ၀င်ကောင်းတဲ့ ယမကာနဲ့
မေ့ပျောက်နိုင်ခြင်းဟာ
ဘယ်လိုမှ ဆက်စပ်မနေပါဘူး.....ချစ်သူ..။
မင်းက မူးရင် ရစ်တတ်တယ်လေ...။
လမင်းလဲမသာ
အမှောင်ဆုံး ညထဲလဲ
လျောက်မလည်ဘဲ
မှော်ရုံတောတောမှာ
မမောအောင်ကြိုးစားရင်း
မင်းရဲ့ မဂ်လာပွဲကို
မုတိတာပွားနေ မိတော့တာပါဘဲ....။
Saturday, September 3, 2011
?????
မီးတောက် မပြောနဲ့
မီးခိုးတောင် ငွေ့ငွေ့လေးဘဲ ရှိတာပါ..။
မျက်ရည်တွေ တောက်တောက်ကျခါမှ
လက်က ငရုတ်သီးကိုင်ထားမှန်း သိအောင်
'အ' တဲ့ ငါပါ..။
မင်းအတွက်ဆို
ရင်ဝကို ဓါးနဲ့ တည့်တည့်ထိုးဖို့
အမြဲတမ်း ဖွင့်ထားသူလေ
အင်း.....
နောက်ကြောမှာ စိုက်တဲ့ဓါးတစင်း
မင်းရဲ့ဓါး မဖြစ်ပါစေနဲ့လို့
ဆုတောင်း မပြည့်ခဲ့သူ ငါပေါ့။
၂။
စိတ်ဓါတ်တွေ တာဝတိံ သာ မတက်ဘဲ
အ၀ိစိထဲ ခဏခဏ ထိုးဆင်းတော့
မင်းကိုဘဲ သတိရရ နေတော့တာ...။
မလိုချင်တော့ပေမယ့်
ဟိုအရင်လို အကြင်နာလေးတစက်
နာကျင်မှု တသောင်းပေးပါအုန်းလို့
တိုးတိုးလေး နုတ်ဖျားကထွက်ကျတော့
သန်းခေါင်ထက် နက်တဲ့ညကို
ရှာတွေ့ ခဲ့တယ်။
၃။
ဟိုမိုင်ပေါင်း ထောင်ချီဝေးတော့
အနီးကပ်ဆုံး နွေးထွေးမှုနဲ့
စွဲလမ်းစေတဲ့ ရနံ့ ရင်မှာလွမ်းခြုံ စေခဲ့တာပေါ့..။
ခုတော့လည်း တမြို့တည်းနေပေမယ့်
ဘယ်မှာလဲ မင်း ရှာမတွေ့အောင်
ဘ၀တွေခြားနား လို့
ဇတ်ဆရာ လှည့်စားခြင်းက
စိတ်ဓါတ်တွေ ခြေဖ၀ါးအောက်မှာ
ပျော်အောင်နေတတ်အောင် ကြိုးစားသလိုလို ပါဘဲ..။
၎။
စိတ်ချမ်းသာအောင် ဆိုတဲ့ စကားရဲ့အောက်
မျက်ရည်တွေ မင်းမတွေ့နိုင်ဘူး..။
ဝဧ်ကြွေး ဆိုတာ သံယောဇဉ်နဲ့
ဘယ်လိုတော် စပ်မှန်း မသိပါဘူး..။
တကယ်ဘဲ ဘ၀ဆိုတာ တိုတိုလေးဆိုရင်
ရှိတဲ့အားအင် စုစည်းလို့
ငါ့ရဲ့ ရှင်သန်ခြင်းကို
မင်းကိုလွမ်းခြင်းတွေနဲ့ဘဲ
အဆုံးသတ်ချင်တော့တယ်..။
၅။
မှားခဲ့ခြင်းတွေ ထားခဲပါ။
မြူနှင်းလို ခဏပျောက်ကွယ်ရမယ်ဆို
ပြန်လည်ဆုံစည်းဖို့
ပြောမထွက်အောင် ဆွံ့ အနေချင်တော့တယ်။
ငါက မင်းကိုထာဝရရှင်သန်စေချင်သူပါ..။
တကယ်တော့
ငါဟာ မင်းရှေ့မှာ မားမားရပ်နိုင်အောင်
မသန်စွမ်းဘူး..။
မင်းနောက်ကနေ အားပေးရလောက်အောင်လဲ
မခိုင်ခန့် ပြန်ဘူး.။
မင်း ရီရွင်နေအောင်လည်း
မကျီစားတတ်ပြန်ဘူး..၊
တကယ်တော့
ငါဟာ မင်းလိုချင် တပ်မက်တာတွေ
ဘာတစ်ခုမှ မရှိအောင်
ပြီးပြည့်စုံသူ တယောက်ပေါ့..။
ဒီးဒိုး။
Saturday, August 6, 2011
ပြီးဆုံးခြင်း...။
မိုးတွေရွာလို့ ချုံးနေပြီ.....။
တံခါးကိုဖွင့် ဖုန်းကို ဖွင့်ပါအုန်းလေ....။
မှတ်မိသေးလား..။
ကြားရသေးလား..။
မိုးကောင်းကင်ကြီးရဲ့ ငိုသံ....။
လေပြင်း ရိုက်သံ....။
အတ္တကြီးကြီး..
အုငိုးကြီးကြီး.....
နှလုံးသားကို ဆတ်ဆတ်ခါ နာကျင်သွားအောင်
သွန်းဖြိုးလို့ပေါ့....။
ချစ်သူရေ
မခါးဘူး...
ဒီမိုးရေ မခါးပါဘူးလေ....။
ပျော်ရွင်ခြင်းတွေ မိုးနဲ့ အတူပါမလာဘူး..။
မှတ်မိသေးလား ကြင်သူ...ရေ။
အဲဒီ မိုးတွေရွာတဲ့ နေ့က..
နောက် အဲဒီ လသာတဲ့ည...။
နောက်ထက် ဒီလို အထီးကျန်တဲ့ ညမှာ
လွမ်းခြင်းတွေ ထမ်းမထုတ်ရခင်လေး
မိုးနဲ့ ကောင်းကင်တူတူရှိနေဖို့
မဖြစ်နိုင်တော့ဘူး တဲ့..။
ဒီးဒိုး။
၂၉၊၀၇၊၂၀၁၁။