အမေ...
ကျွန်ုပ်၏ အသက်ရှင်လျှက် ရှိသော ”ဘုရား”
ကျွန်ုပ်၏ အစပထမ လက်ဦး ”ဆရာ”
ကျွန်ုပ်၏အသက် ဆက်ပေးသော ”သမားတော်”
ကျွန်ုပ်၏ အားကိုးရာ ”ရှေ့နေ”
ကျွန်ုပ်၏ဘ၀ လွတ်လပ်စေသော ”တရားသူကြီး”
ကျွန်ုပ်၏ဘ၀ ဦးဆောင်လမ်းပြ ”ဗိုလ်ချုပ်”
ကျွန်ုပ်၏ဘ၀ ပျံသန်းနိုင်သော ”ကောင်းကင်”
ကျွန်ုပ်၏ဘ၀ ဖြတ်သန်းရန် ”ပင်လယ်”
ကျွန်ုပ်၏ဘ၀ နူးညံ့သိမ်မွေ့စေသော ”ပန်း”
ကျွန်ုပ်၏စိတ် ပျော်ရွင်စေသော ”သီချင်း”
ကျွန်ုပ်၏လမ်းပြ ”ကြယ်”
(နားနဲ့မနာ ဖ၀ါးနဲ့နာပါ အမေ)
ကျွန်ုပ်၏လိုအပ်သမျှ လုပ်ပေးခဲ့သော ”အစေခံ”
ထို့ ထက် ပို ၍
...ထိုအရာ အား လုံး ထက် သာ လွန် သော....”အမေ”
အမေ...ကျွန်ပ်၏ ”အမေ”
ဒီးဒိုး။
၂၁၊၀၆၊၂၀၁၀
"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Tuesday, June 22, 2010
၂၉၊၀၇၊၂၀၁၀ သို့
လွန်ခဲ့နှစ် သုံးဆယ်ကျော်
ကြီးလာတဲ့ ဂဏန်းရဲ့အောက်
စာဖွဲ့လောက်တာ မရှိသေးဘူး။
ငါဟဲ့ အားမာန်ခဲ လို့
အများအတွက် အသုံးချခံမယ်
နေလာတဲ့ ကမ္ဘာမြေထက်
မှတ်သားစရာ မကျန်သေးဘူး။
ကဲ ရှေ့ဆက်ဘယ်လို
ကမ္ဘာမြေ ငြိမ်းချမ်းဖို့
သူတော်ကောင်းတွေရဲ့ ၀ိညာဉ်တွေထပ်ဆင့်
ငါ...ရေပွက်လေး ပမာ
ပျောက်သွားရမှာတော့
မုန်းတယ်။
ဒီးဒိုး။
၂၁၊၀၆၊၂၀၁၀
၂၉၊၀၇၊၂၀၁၀ သို့
ကြီးလာတဲ့ ဂဏန်းရဲ့အောက်
စာဖွဲ့လောက်တာ မရှိသေးဘူး။
ငါဟဲ့ အားမာန်ခဲ လို့
အများအတွက် အသုံးချခံမယ်
နေလာတဲ့ ကမ္ဘာမြေထက်
မှတ်သားစရာ မကျန်သေးဘူး။
ကဲ ရှေ့ဆက်ဘယ်လို
ကမ္ဘာမြေ ငြိမ်းချမ်းဖို့
သူတော်ကောင်းတွေရဲ့ ၀ိညာဉ်တွေထပ်ဆင့်
ငါ...ရေပွက်လေး ပမာ
ပျောက်သွားရမှာတော့
မုန်းတယ်။
ဒီးဒိုး။
၂၁၊၀၆၊၂၀၁၀
၂၉၊၀၇၊၂၀၁၀ သို့
Labels:
ကဗျာ
Sunday, June 20, 2010
သို့....
အဆန် မရှိ
အသံသာ မြည်ဟီး
တဟိန်းဟိန်း ပစ်တာ
သက်ြန် အမြောက် တဲ့။
စက္ကန့်မခြား
အသံတွေ ကြားပေမယ့်
မွေးညှင်းတပင်
ငေါက်ခနဲ မထဘူး
ခဏလောက် နားစမ်းပါ။
ငါ့ရဲ့ ခန္ဒာ
သဘာဝကို လွန်ဆန်လို့
ပိတ်မှောင် မွတ်သိပ်
နံရံ တဖက်
လှောင်အိမ်ထဲမှာ။
ငါ့ရဲ့ စိတ်တို့
သဘာဝ တိုင်း လိုက်နာလို့
လူနေတဲ့ ကမ္ဘာ
လွတ်လပ်ခြင်းသို့
လွတ်လပ်ခြင်း အရသာ
မြစ်တခုလို စီးဆင်းလို့
ဘယ်ကို ပိတ်ရင်
ညာကို စီးလို့
အစုန်ကို ပိတ်ရင်
အထက်ဆန်မယ်
ဘယ်သူက
သဘာဝကို လွန်ဆန်မလို့ လဲ။
ဒီးဒိုး....။
၁၉၊၀၆၊၂၀၁၀။
အသံသာ မြည်ဟီး
တဟိန်းဟိန်း ပစ်တာ
သက်ြန် အမြောက် တဲ့။
စက္ကန့်မခြား
အသံတွေ ကြားပေမယ့်
မွေးညှင်းတပင်
ငေါက်ခနဲ မထဘူး
ခဏလောက် နားစမ်းပါ။
ငါ့ရဲ့ ခန္ဒာ
သဘာဝကို လွန်ဆန်လို့
ပိတ်မှောင် မွတ်သိပ်
နံရံ တဖက်
လှောင်အိမ်ထဲမှာ။
ငါ့ရဲ့ စိတ်တို့
သဘာဝ တိုင်း လိုက်နာလို့
လူနေတဲ့ ကမ္ဘာ
လွတ်လပ်ခြင်းသို့
လွတ်လပ်ခြင်း အရသာ
မြစ်တခုလို စီးဆင်းလို့
ဘယ်ကို ပိတ်ရင်
ညာကို စီးလို့
အစုန်ကို ပိတ်ရင်
အထက်ဆန်မယ်
ဘယ်သူက
သဘာဝကို လွန်ဆန်မလို့ လဲ။
ဒီးဒိုး....။
၁၉၊၀၆၊၂၀၁၀။
Labels:
ကဗျာ
Saturday, June 19, 2010
ဂါဟတ် ကိုက်တတ်သည်။
” ကိုယ်မှာမတတ် စာမှာတတ် ဂါဟတ်ကိုက်တတ်သည်။ ( ဒီပဲယင်း ဆရာတော် )”
စာလေးကို ဖတ်လိုက်ရတော့ ကိုယ်တိုင်ရင်ဆိုင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က ဆက်ဆံနေရတဲ့ လူကို သတိရမိတယ်။
ဒီစာကို ရေးမယ်လို့ ကြံတော့ သူ့ကို ရည်ရွယ်ပြီးရေးမယ်လို့ စဉ်းစားမိတဲ့ တချိန်တည်းမှာဘဲ ကိုယ့်ကိုကိုယ်လဲ ဆင်ခြင်ရအောင်
ရေးမယ် လို့ ဆုံးဖြတ်ပြီးရေးတာပါ။ ထို့ထက်ပို၍ ကျွန်တော် အပါအ၀င် အားလုံး စာမှာဘဲတတ်ပြီး လက်တွေ့ အဖြစ်မရှိရင်
အပါယ်ငရဲ ကျတတ်ကြောင်း နဲ့ အရှက်ရတတ်ကြောင်း သိစေလို၊ဆင်ခြင်စေလိုသော စေတနာ တစ်ခုတည်းဖြစ်သာ ရေးသားရပါကြောင်း သိစေအပ်ပါသည်။
ကျွန်တော် တွေ့ကြုံ ဆက်ဆံနေရတဲ့ လူပေါ့ဗျာ၊ ဒီလူကို စတွေ့တော့ အင်တာဗြူး တစ်ခုမှာပေါ့။ အင်တာဗြူးမှာ
တွေ့တုန်းကတော့ အင်ဂျင်နီယာ ဘွဲ့ရဆိုတော့ စိတ်ထဲမှာ အထင်ကြီးတာပေါ့။ အင်တာဗျူး ပြီးတော့ သူပြောတဲ့ စကားတွေကို
နားထောင်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ တစ်ချို့ စကားလုံးတွေဆို ကိုယ်တောင်မကြားဖူးတဲ့ စကားလုံးတွေပါတာကိုး။စိတ်ထဲမှာလဲ အားကျမိတာပေါ့ ကိုယ့်ထက်လဲ ငယ်တာကိုး။ ငယ်ငယ်ရွယ်ရွယ် နဲ့ အင်ဂျင်နီယာဘွဲ့ လဲ ရ၊ ပြောတဲ့ စကားတွေကလည်း ကိုယ်တောင် မကြားဖူးဘူးဆိုတော့ အတွေ့အကြုံလဲ တော်တော်ရှိမှာ ဘဲလို့ထင်မိတာပေါ့လေ။
ဖြစ်ချင်တော့ အဲဒီ အင်တာဗျူးကို ကျွန်တော် လဲ အောင်သွားတယ်၊ ဒီလိုနဲ့ အဲဒီ အင်ဂျင်နီယာ ဆိုသူနဲ့ ဆုံဖို့ ဖြစ်လာတယ်။ ပထမတော့ ကိုယ်တော့ ၀မ်းသာမိတာပေါ့ ကိုယ်ထက်တော်တဲ့ သူနဲ့အလုပ်အတူ တွဲလုပ်ရမယ်ဆိုတော့လေ။
ဒီလိုနဲ့ သူက ကျွန်တော့် အရင် အလုပ်ရှိရာ နိုင်ငံဆီကိုသွားနှင့်တာပေါ့။ကျွန်တော်တို့က နောက်ကလိုက်သွားရတာပေါ့။ ကျွန်တော်တို့ လဲ ရောက်သွားပြီး တရက် နှစ်ရက် ဘဲရှိအုန်းမယ်၊ သူက ကျွန်တော်တို့ကို သတိပေးတယ် စေတနာနဲ့ သတိပေးတာ လဲဖြစ်နိုင်တယ် ဆိုတာ ထက် ခြိမ်းခြောက်ရာ က ပိုနေတယ်။ သူလာပြောတာ က သဌေးကို ဘာမှပြန်မပြောဖို့ နဲ့ သဌေး စိတ်ဆိုးရင် အပြစ်ပေးတတ်ကြောင်း..နီပေါလေး တယောက်ကို ပြန်ပြောလို့ ဆိုပြီး ချမ်းချမ်းဆီးဆီး နှင်းတောထဲ မှာ ရပ်ခိုင်းထားကြောင်း ပြောပြတယ်။ စိတ်ထဲမှာတော့ ကျွန်တော် တို့ က တရားဝင်လာ အလုပ်လုပ်တာ သူဌေးဆိုသူ ပရမ်းမတာတော့ လုပ်လို့ မရဘူးလို့ မှတ်ထားတယ်။ အင်ဂျင်နီယာ ဘွဲ့ ရကြီးတော့ တော်တော် လန့်နေတဲ့ ပုံဘဲ။
နောက်တော့ မကြာခဏ ဆိုသလို သူကျောင်းမှာ သင်ခဲ့ရတဲ့ သီအိုရီ အကြောင်း၊ သူလေ့လာဖူးတဲ့ စာအကြောင်း၊ လေယာဉ်ပျံကြီး က လေတွေကို ဘယ်လို ကျစ်ထုတ်ပြီး ကောင်းကင်ပေါ် ပျံတတ်သွားကြောင်း၊ ဟိုက်ဒရောလစ် အလုပ်လုပ် ပုံအကြောင်း၊ အဲယားကွန်း က လေတွေကို ဘယ်လို အလုပ်လုပ်ကြောင်း စသည်ဖြင့် ကြားဖူးတာရော မကြားဖူးတာပါ စုံစီနေတာပါဘဲ။ ဒါပေမယ့် လက်တွေ့ပြသာနာ ကို ဖြေရှင်းရပြီ ဆိုရင် ရုံးထဲ ကို email စစ်ရအုန်းမယ်ဆို ပြီးပျောက်သွားတော့တာပါဘဲ.။ တစ်ခါ နှစ်ခါ မဟုတ်တော့ လက်တွေ့ မရှိ မှန်းသိလာတဲ့ အပြင် မာနလေး ကလည်း ပြလာတယ်ဗျ။ တစ်ခါ ကျွန်တော် က အကူအညီတောင်းပြီး မော်တာပြင်ဖို့ ပြောတော့ အင်ဂျင်နီယာ ဂွရှင် မကိုင်တော့ဘူး ဆိုပြီး မကူညီတဲ့ အပြင်ရှေ့ မှာ ဒီတိုင်းကို ထိုင်နေတာဗျ.။ကျွန်တော်လဲ ဘာမှမပြောတော့ဘဲ အလုပ်ဆက်လုပ်နေ လိုက်တယ်။ သူ့ အကြောင်းလဲ သိပြီဆိုတော့ ပြောစရာလဲ မလိုတော့ဘူးလေဗျာ။
အမှန်တော့ ကျောင်းမှာ သင်ခဲ့တာလဲ သင်ခဲ့ပြီးတဲ့ အတိုင်းတာ တခုထိ တတ်မှာတော့ အမှန်ပါဘဲ။ ဒါပေမယ့် စာမှာတတ်တာ နဲ့ လက်တွေ့ ရင်ဆိုင်လုပ်တဲ့ အခါ တခါတလေ ကြီးကြီးမားမား ကွဲပြားမှုကို ရှိတာတော့ မကြာခဏ ကြုံဖူးတယ်ဗျ။ တကယ့် လက်တွေ့မှာလုပ်ရမှာက ကျောင်းမှာ သင်လာတဲ့ အခြေခံသဘောတရားကို တကယ်လုပ်ရမယ့် အလုပ်မှာ ဆက်စပ်တွေးခေါ် လုပ်ဆောင်ရမှာ လို့ ထင်တယ်ဗျ။ စာတွေ့မှာ ရခဲ့တဲ့ အသိ အတွေ့အကြုံ ကို လက်တွေ့ အလုပ်မှာ တသွေမသိမ်း လိုက်နာ ဆောင်ရွက်လို့ မရသလို၊ လက်တွေ့ လုပ်နေချိန်မှာ လည်း စာမှာ သိခဲ့တာကို လုံးဝ ပြစ်ပယ်လို့မရတာ အမှန်ဘဲ လို ထင်တယ်။ တကယ့် လိုက်နာ ရမယ့် သီအိုရီတွေက လွဲရင်ပေါ့။
UK မှာ civil အင်ဂျင်နီယာဘွဲ့ ယူလာ တဲ့ အင်ဂျင်နီယာ တယောက်က အင်ဂျင်နီယာ အလုပ် ကို ဒီလို အဓိပ္ပါယ် ဖွင့်တယ်ဗျ”
ENGINEERING IS NOT ONLY ABOUT SITTING IN A NICE OFFICE AND WORKING ON AUTO CAD; IT IS MORE ABOUT REAL LIFE PROBLEM SLOVING ABOUT GIVING BACK TO SOCIATY.IT CAN BE AS MUCH A 'CARING' PROFESSION AS TEACHING OR NURSING ”
”ပိုဆိုးတာက ကိုယ်သင်ခဲ့တဲ့ ပညာတွေကို အခြေခံပြီး ငါပညာတတ်တယ်ဆိုပြီး သာယာနေတဲ့ တဏှာ၊ သူတို့ထက် ငါသာတယ်၊ သူတို့ ငါ့လောက်မသိပါဘူးဆိုတဲ့ တက်ကြွနေတဲ့ မာန၊ ငါ ပညာတတ်တာဆိုတဲ့ ဒိဋ္ဌိ၊ အဲဒီ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ဂါဟတရားကြီး သုံးပါးက ပညာတတ်ကြီးကို ပြန်ကိုက်ပါလိမ့်မယ်၊ ဂါဟ အကိုက်ခံ ရရင်တော့ အပါယ် ငရဲ ဆင်းရဖို့ဘဲ ရှိပါတတော့တယ်။ ဒါဟာ စာမှာသာတတ်ပြီး ကိုယ်မှာ မတတ်တဲ့ သဘောပါ။ ဒါကို ဘဲ ဒီပဲရင်းဆရာတော်ကြီးက ”ကိုယ်မှာမတတ်၊စာမှာတတ် ဂါဟတ်ကိုက်တတ်သည်” လို့ သြ၀ါဒပေးခဲ့တယ်။ ””ရဝေနွယ် (အင်းမ) မဂ်လာ အတွေးများ စာအုပ်မှ ကောက်နုတ်တင်ပြပါတယ်။

ခံယူချက်
Friday, June 18, 2010
ဖိနပ်လက်ဆောင်...
ဖိနပ်လက်ဆောင် ချစ်သူကို မပေးရပါ။ ပေးလျှင်ကွဲတတ်သည် တဲ့.......။
ကျွန်တော် က အော်စတား(all star) ဖိနပ်ကို စွဲလမ်းနှစ်သက်စွာ စီးတတ်သူပေါ့။ အထူးသဖြင့် ဖိနပ်အောက်ခံ အဖြူရောင်၊ကိုယ်ထည် အမဲရောင်၊ကြိုးအဖြူရောင် အော်စတား(all star)ဆို အသဲစွဲပေါ့။
လူသာဖြစ်သလို နေတတ်သော်လည်း ဖိနပ်ကိုတော့ သန့်ရှင်း သပ်ရပ်နေမှ ကြိုက်တဲ့ အတွက် အမြဲတမ်း ဖိနပ်ကို သန့်ရှင်းရေးလုပ်တတ်သူဟာ ကျွန်တော်ဘဲ ပေါ့။ တခါတရံမှာ အော်စတား(all star) ဖိနပ်ကို ခြေအိတ် မပါဘဲနှင့်လည်း စီးတတ်သေးသည်။ ခြေအိတ် မပါဘဲ စီးလျှင် ဖိနပ်အတွင်းပိုင်း အလွန်ပေ လွယ်ပါသည်။ ကိုယ့်ကို ကိုယ် ထက် ဖိနပ်ကို သန့်ရှင်းရေး လုပ်တတ်တာ အကျင့်တစ်ခုသာဖြစ်ပါသည်။
အော်စတား(all star) တရံစီး မရတော့လျှင် တရံတော့ မဖြစ်မနေ ၀ယ်ယူလေ့ရှိပါသည်။
ကျွန်တော့်ချစ်သူ နှင့်ပြန်တွေ့တော့ပျော်ပါသည်။ ပျော်သည့်အတိုင်း လျှောက်လည်ခဲ့ကြသော နေရာလည်း အနှံ့ဖြစ်သည်။ တနေ့တော့ သူမ ဘာစိတ်ကူးပေါက်သည် မသိပါ။ ကျွန်တော် အား ယုဇန ပလာဇာ သို့ခေါ်သွား၍ ကျွန်တော် အကြိုက်ဖြစ်သော အော်စတား(all star) ဖိနပ်တရံ ၀ယ်ပေးပါသည်။ သူမ စီးရန် ဖိနပ်တရံ လည်း ၀ယ်ပါသည်။ သူမ စီးသော ဖိနပ်မှာ ကျွန်တော် ၀ယ်ပေးခြင်းမဟုတ်ပါ။ ဖိနပ် နှစ်ရံ လုံးအတွက် သူမ ပိုက်ဆံပေးချေပါသည်။ ချစ်သူ၏ ဂရုစိုက်မှုအတွက် ၀မ်းသာပါသည်။ အကြိုက်ကို သိသော သူမအား လေးစား မြတ်နိုးပါသည်။
နောက် သုံးးလေးရက် ကြာပြီး သူမနှင့် ပြန်တွေ့သော အခါ...
” ဟေ့ လူကြီး ပေး ပိုက်ဆံ ၅၀၀”
ရုတ်တရက် ပြောလိုက်သော စကားကြောင့် သူမကို အံ့သြစွာကြည့်ရင်း
”ဘာအတွက်လဲ”
မေးလိုက်သော မေးခွန်း ကို ပြန်မဖြေဘဲ၊ ပြန်ဖြေရန် စဉ်းစားနေဟန်တူပါသည်။
ပြီးမှ...” ဖိနပ်ဖိုး ”
” ဖိနပ်ဖိုး က ၅၀၀ ထဲမှ မဟုတ်တာ”
” ကဲ ပေးမှာ သာ ပေးစမ်းပါ လူကြီးရာ ”
” လက်ဆောင် ၀ယ်ပေးတာ ဆို”
” ခု စိတ်ပြောင်းသွားပြီ ပေး ၅၀၀ ဖိနပ်ဖိုး ”
သူမ ပြောရင်း မျက်နှာက ငိုမလို အရိပ်အရောင်သန်းလာတော့....ပိုက်ဆံ တစ်ထောင်တန်ထုတ်ပေးလိုက်သည်။ သူမ ၅၀၀ တန်တရွက် ပြန်ထုတ်ပေးပါသည်။
ပြီးမှ သူမက
” သိလား လူကြီး ချစ်သူကို လက်ဆောင်မပေးရဘူး....ပေးရင် ကွဲတတ်တယ် တဲ့ ”
” ဟာ မဆိုင်လိုက်တာ ကွာ....ဘယ်သူပြောတာ လဲ ”
” သူငယ်ချင်းတွေ ပြောတာ ”
” အစွဲအလမ်း တော့ မထားပါနဲ့ ကွာ....တော်ကြာ တကယ်ဖြစ်နေပါအုန်းမယ် ”
” ဘာဘဲဖြစ်ဖြစ် အဲဒီ ဖိနပ်ကို ကိုယ်ဖာသာဝယ်တယ်လို့ ဘဲ မှတ်ထား “
” ဟုတ်ပါပြီ ဗျာ ဟုတ်ပါပြီ ”
ဒီလို နဲ့ နောက် နှစ်လ လောက်ကြာတော့ သူမ နှင့်ဝေးသော ရေခြားမြေခြားနေရာ သို့် ကျွန်တော် ရောက်သွားခဲ့ပါသည်။ ထို့ထက်ပို၍ သူမနှင့် မတွေ့နိုင်တော့ခြင်းဖြစ်ပါသည်။ သူမ သည်လည်း အချစ်သစ် ရင်ခွင်ဉ် ပျော်နေပေလိမ့်မည်။ သူမနှင့် ကျွန်တော် ကွဲကွာ ခဲ့ပါသည်။ ထိုသို့ သူမနှင့် ကျွန်တော် ကွဲကွာ ခဲ့ရသည်မှာ သူမ ပေးခဲ့သော ဖိနပ်လက်ဆောင် ကြောင့်ပေလော ဒါမှမဟုတ် ချစ်သူကို လက်ဆောင်ပေးလျှင် ကွဲကွာ တတ် သည် ဆိုသော စကားကြောင့်ပေလော မစဉ်းစားတတ်တော့ပြီ။
နောက်ပိုင်းတွင် ကျွန်တော်သည် ဘယ်တော့မှ အော်စတား(all star) ဖိနပ်ကို ၀ယ်မစီးတော့ပါ။ သူမကို စွန့်လွတ်ခဲ့ ရသလို အော်စတား(all star) ဖိနပ် ကိုလည်း စွန့်လွတ်ခဲ့ပါသည်။
သို့သော် အော်စတား(all star) ဖိနပ် ရောင်းသော ဆိုင်ရှေ့  ရောက်တိုင်း မြတ်နိုးတမ်းတ စွာ ငေးမော ကြည့်တတ် သလို သူမ ကို အမြဲ မဟုတ်သော်လဲ တိုက်ဆိုင်မှုတွေ ရှိတိုင်း သတိရ တမ်းတ တတ်ပါသည်။
မိမိ ချစ်သူကို လက်ဆောင် ၀ယ်ပေးခြင်းသည် ကွဲကွာ ဖို့ မဟုတ်ဘဲ မိမိ ချစ်သူ ခလုတ်မထိ ဆူးမငြိစေ ဖို့ ဟု အယူအဆ သာ ရှိခဲ့ လျှင်........................။
ချစ်သူတွေ တိုင်း ဖိနပ်လက်ဆောင် ပေးနိုင်ကြ၍
ကွဲကွာခြင်း မရှိစေကြစေရန်...ဆန္ဒ ပြု လျက်.........။
ဒီးဒိုး။
၀၁၊၀၆၊၂၀၁၀

ခံစားချက်
Subscribe to:
Posts (Atom)