Tuesday, February 16, 2010

ဘယ်သူ ကြောင့်လဲ....

လ မင်း.........
မင်းကိုတင် စားဖူးတယ်....

မင်းရဲ.အလင်း
တွန်.တို လို.ပုန်းရှောင် တာလား

တိမ် မင်းညို
မနာလိုလို. ဖုံးကွယ် တာလား

ဦးနှောက် သေးသေး
လူသား ရယ်မို.

မင်းရဲ. အလင်းရောင်
လိုချင်တာ ဘဲသိရဲ.

ဘာကြောင့်ပုန်းရှောင်
ငါမသိခဲ့....

ငါ့မှာ ရှင်လျှက် နဲ.
အကြိမ်ကြိမ် သေခဲ့ရပြီ......

ဒီးဒိုး
၁၅.၀၁.၂၀၁၀

ဆန္ဒ.....................

စိတ်..........................မရှိ။

ငါ၌ မင်း .............................မရှိ။

ငါ၌ ငါ မရှိ မှတော့

ငါ့ အရိပ် ရှိနိုင် ပါ့ လား......။

ငါ့  မျက်ရည်
ရေငွေ့  ဖြစ်၍
မင်းရှိရာ ၌
မိုးရွာသွန်းစေ...
ချမ်းမြေ့စေ..


ဒီးဒိုး
၁၄.၀၁.၂၀၁၀

Friday, January 15, 2010

အမေ....

နွေ
နံနက်ခင်း
နွေထွေးမှုတွေ ကျန်ခဲ့........................

မိုး
နံနက်ခင်း
သင်းပြန့် မှုတွေ ကျန်ခဲ့.........................

ဆောင်း
နံနက်ခင်း
အေးချမ်းမှုတွေ ကျန်ခဲ့.............................

သား
နံနက်ခင်း
လွမ်းဆွတ်မှူတွေ ဝေဆဲပါ အမေ...................................
...
...
အမေ ကျန်းမာပါစေ

ဒီးဒိုး
၂၁.၁၂.၂၀၀၉

Thursday, January 14, 2010

နှစ်သစ်..မှာ

ီနှစ်သစ်မှာ...........
ခြံထဲက စပျစ်သီး ပိုချို သွားပြီလား
တွေးဖို.အချိန် မပေးတော့ဘူး................................

ငါဟာ ၀ံပုလွေတကောင် ထက်
မိုက်မဲတာ မှန်ပေမယ့်
ငါ့မှာလဲ
မိသားစုကို ခင်တွယ် စိတ်....
ချစ်သူကို ကြင်နာ တဲ့နှလုံးသား.......ရှိတယ်

ငါမစား ရလို.
ပိုချဉ်သွားမှာ မဟုတ်သလို......
အချိန်တန်ရင် အလိုလိုချဉ် သွားမှာ
လက်ခံနိုင်ရဲ.လား.....................

ခြံဝင်းထဲက လူအတွက်
မင်းရဲ.အချို ဓါတ်တွေ
ပေးစွမ်းတဲ့အခါ မင်းမငိုပါနဲ.
လူဆိုတာ ပေးတိုင်းပြန်မရဘူး.........
သူတို.တွေက မင်းကို
အချဉ်လုပ် ၀ိုင်ဖြစ်မှ
သောက်သုံးကြမယ်........
အဲဒီအချိန် မင်းပျော်နေ မှာပေါ့....

ငါ့အတွက်တော့
ပေးဆပ်ပြီး ချစ်နေ ရလို.ပါ.....

ဒါပေမယ့်
နှစ်သစ်မှာ အချဉ်..အချို အတွက်
အချိန် မပေးတော့ဘူး
ရောက်အောင် သွားရအုန်းမှာမို့ ....


ဒီးဒိုး
၀၁.၀၁.၁၀

၀၁.၀၁.၁၀(သို.)တောင်းဆု....

"သင်း"
......ပျံ့ရွင်လန်းစွာ ဖြင့်
........ဘ၀ ခရီး ကြမ်းကြမ်း ကိုလှ

"အိ"
......စက်ညက်ညော ပန်းမွေ.ရာထက်
........သောက ကင်းစွာ
..........လျှောက်လှမ်းပါ ဟု

"ဖြူ"
.....စင်သန်.ရှင်း
.......နှလုံးသားကို ပူဇော်လို.
.........တောင်းဆု ပြုပါတယ်..............သခင်ရယ်......


ဒီးဒိုး
၀၁.၀၁.၁၀(၁၁:၂၄pm)

အိပ်မက် မှ နိုးထခြင်း....

၂၀၁၀ ရဲ. ဒုတိယနေ.
အိပ်ရာကနိုးတော့ တစ်ခါပြုံးတယ်..
နံနက်ခင်း နေရောင်ခြည် ပိုနွေးထွေးသလို
ဆောင်းလေကဘဲ ပိုအေးသလို
လောကကြီးက မပြောင်းလဲ
အရင်ကထက် ပိုမိုနွေးထွေးစွာ ထွေးဖက်လို.
ငါအိမ်မက်ဆိုးက နိုးထခဲ့ပြီ...........................................

စိတ်ကိုလတ်ဆတ်စေတဲ့ ၂၀၁၀
အပြုံးတွေဝေစေတဲ့ ၂၀၁၀
လွတ်လပ်ခြင်း အထိအတွေ.ရတဲ့ ၂၀၁၀
နွေးထွေးမှုတွေနဲ. ၂၀၁၀
ကြင်နာမှုတွေနဲ.၂၀၁၀
နောင်တ မရ စေမယ့် ၂၀၁၀
အသစ်ဖြစ်စေမယ့် ၂၀၁၀
အမှတ်ရ စေမယ့်၂၀၁၀
အထီးကျန်မှု ကင်းစေမယ့် ၂၀၁၀
လွမ်းဆွေးမှု ကင်းစေမယ့် ၂၀၁၀
မနာလိုမှု ကင်းစေမယ့် ၂၀၁၀
စိုးရိမ်မှု ကင်းစေမယ့် ၂၀၁၀
ကြောင့်ကျမှုကင်းစေမယ့် ၂၀၁၀
ငါ့အရိပ် က ငါ လွတ်မယ့် ၂၀၁၀
အရင်က ငါ မဟုတ်မယ့် ၂၀၁၀
သီချင်းဟောင်း မဆိုတော့မယ် ၂၀၁၀
ရင်မနာစေမယ့် ၂၀၁၀

၂၀၁၀ မှာ
လွတ်လပ်ခြင်းတွေနဲ.
ဖြူသူကလည်း ဖြူပါစေ
မဲသူကလည်း မဲပါစေ
သဘာဝတရားကို ဆန်.ကျင်ဖို.
မဖြစ်နိုင်မှတော့
ဘယ်သူမှ မမှားဘူး
ဆက်လျှောက်

ငါအိပ်မက်ဆိုးက နိုးထခဲ့ပြီ......


ဒီးဒိုး
၀၂.၀၁.၂၀၁၀

ကျေးဇူးပြု ရ်ျ.....

ကိုယ်ချစ်တဲ့သူတွေ..
ကိုယ့်ကို စွန်.ခွာသွား ပြီးတဲ့နောက်...............

ကိုယ် မချစ်ပေမယ့်
ကိုယ့် ကို ချစ်မယ့်သူကို
စောင့်မျှော်နေပါတယ်....................

ဟေ့.... cupid
မင်းမညစ် နဲ.

ဒီးဒိုး
၀၅.၀၁.၂၀၁၀