Thursday, January 26, 2012

မိုးလုံးမှိုင်း ဆိုတဲ့ ဗင်ဒါပင် သစ်ခွလေးရေ

အခုရက်အတွင်း
အားနေလို့ online ဖွင့်လိုက်ရင်
ထိုးစစ်ရပ်ဖို့ ဆိုတဲ့ စကား
တူးခါးနေအောင် ကြားရ။

တတိယလှိုင်းဖွေးဖွေး
ွှအိုင်တီအပြိုင် ပြေးနေတဲ့
၂၁ရာစု ဆရာယဉ်ကျေး
ဟိုရှေ့ ရှေ့တုန်းကလို
ချိန်းဆို စိန်ခေါ်
ဓား၊လှံ၊လေး၊မြှား၊ ဒိုင်းလွားဆွဲ
လွားခနဲ မြင်းပေါ်ခုန်တက်
ဂျိုင်းခနဲ စီးချင်းထိုးနှက်
အင်တာနက်က ခုန်ထွက်လာတဲ့
ဓားသွက်သွက် သူရဲကောင်းလို
ရင်ဖို ရင်ခုန် ကမ္ဘာတုန်အောင်ဟစ်
ကာကွယ်ရေး စစ်
လုံခြုံရေး စစ်
လူသတ်စစ် မပြောဘဲ တိုက်သဟေ့တဲ့။

ကမ္ဘာ
ရှေ့တိုးတာလား နောက်ဆုတ်တာလား
ကွန်ပြူတာနဲ့ တွက်ဖို့ မလို
ဟိုဘက်အိမ် ၀င်ရိုက်မယ့် အကြောင်း
ဝမ်းခေါင်းချစ်အောင် ဒီဘက် အိမ်က အော်။
ရွာထုံးစံနဲ့ လည်း မညီ
ကမ္ဘာထုံးစံ နဲ့လည်း မကိုက်
ကုလသမဂ ပဠိညာဉ် ကျောက်စာတိုက်
ရိုက်ခွဲထုခြေ ခံရလေပြီလား။

ဒီမြန်ပြည်မှာ
လွင့်ထူ မြိုင်ဟေမာ အလံ
လူမျိုး တမျိုးက
လူမျိုး တမျိုးကို
ဝံပလွေ အကြံစရိုက်နဲ့
သူတိုက်ချင်တဲ့ အချိန်
ဝင်တိုက်နိုင်သတဲ့လား။
သတ်ဖြတ်နိုင်သတဲ့လား။
....လား.....လား.....လား.......။

ဝံပုလွေက သိုးငယ်ကို
စွဲချက်အမျိုးမျိုးတင်နိုင်သပါ့
Give a dog a bad name and hang him.
ခွေးရူးလို့ အော်လိုက်
ပြီးတော့ ရိုက်သတ်။

ကမ္ဘာက
ပါးစပ်ဟ လက်ပိုက်ကြည့်နေရ။
ဟိုကောင်တွေ လက်နက်တွေ လုပ်သတဲ့
ဟိုကောင်တွေ လက်နက် ကိုင်ထားသတဲ့
ဟိုကောင် တွေက တို့လုံခြုံရေး ထိခိုက်စေနိုင်သတဲ့.။
...သတဲ့....သတဲ့.....သတဲ့...။

အော်နေတဲ့ သူတွေကော
ဘုရား ရဟန္တာတွေလား
ရသေ့ ရဟန်း သူတော်စင်တွေလား
လက် သန့်ရှင်းသူတွေလား။
သူတို့ လက်ထဲမှာ
အထက်မြက် အရက်ဆုံး လက်နက်တွေ
မေရုမြင်းမိုရ်ကို
တင်းပုတ်လို ကိုင်လာတဲ့ ဘီလူး သားစားကြူး။

လက်တွေက သွေးစက်စက် စီးကျနေ
ကချင်ရဲ့  သွေး
ကရင်ရဲ့  သွေး
ကယားရဲ့  သွေး
ချင်း ရဲ့  သွေး
မွန်ရဲ့  သွေး
ရခိုင် ရဲ့  သွေး
ရှမ်း ရဲ့  သွေး
နောက် ဇတ်တူသား စား
ဗမာချင်း သတ်တဲ့ သွေး
သွေး...သွေး...သွေး...................သွေး..။

ကမ္ဘာကြီး မျက်စိ မမွဲသေးပါဘူး။
ဗိုလ်ချူပ်ကြီးတွေ ရဲ့  သွေးမှ သွေးလား။
ဗိုလ်ချူပ်ကြီးတွေ ရဲ့  အမျိုးမှ လူတွေလား။

ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း က လူတွေ မဟုတ်ကြဘူးလား။
၂၁ရာစု လူ့သမိုင်း
၁၈ ရာစု လက်နဲ့ စိုင်းချင်။

သွေးကို အတင်းရှာ
သွေးကို အတင်းတောင်း
စိတ်ကောင်းသေးရဲ့ လား။

၂၁ရာစုမှာ မြန်မာဟာ
ဧကရာဇ်ရူးအောက် ဒူးထောက်ရမှာလား။

ရူးသွပ်နေတဲ့ ဦးနှောက် ခိုင်းတိုင်း
မြန်ပြည်ကြီး ပဒိုင်းသီး စားကြမလား။

တောင်ပေါ်မြေမှာ
လက်နက်တွေ
ဗုံးတွေ ဒုံးတွေ
ကျည်တွေ သေနတ်တွေနဲ့
ခြေချစရာ မရှိ။

လက်နက်အရင်းရှင်ကြီးတွေသာ အမြတ်ကြီးရ
လူတွေတော့ သွေးမြေကျ။

၁၉ရာစု အာဏာရှင်တွေရဲ့  ပေါ်လစီ
၂၁ ရာစုမှာ စီစီဝေ လက်တွေ့ ရှိနေတုန်း။

Might is right ဆိုတဲ့
ပင်လယ်ဓားပြအလံ အစုတ်အပဲ့
မြန်မာ့မြေပေါ်မှာ မဲ့ရွဲ့ နေတုန်း။

အသက်နဲ့ သေမင်းရဲ့  လက်ပမ်းပွဲ
ခြေကုန်ရေကုန် နွဲနေရတုန်း။

ဦးနှောက်ရှိမှ
အသည်းနှလုံးကောင်းမှ
အသက်တွက် သတ္တိကလေးရှိကြမှ
လူတွေ ဆက်ရှိကြလိမ့်မယ်။

မိုးလုံးမှိုင်း ဆိုတဲ့ ဗင်ဒါပင် သစ်ခွလေးရေ
မုန်တိုင်းထဲ က ရုန်းထခဲ့အုန်း။



ဒီးဒိုး။
၂၁၊၀၁၊၂၀၁၂။
ဆရာ ဦးအံ့မောင် ကဗျာကို ခွင့်ပြုချက် မရယူဘဲ ခံစား ပြုပြင် ရေးသားပါသည်။ထို့အတွက် တောင်းပန်ပါသည်.။

အတိတ် သို့ အလည် တခေါက်။

၁။
ကောင်းသော နံနက်ခင်းပါ.....။
နေကောင်းရဲ့ လား...........။
ပြန်မပြောဘူးလား......................။ရပါတယ်လေ...။

၂။
နေ့လည်စာ စားပြီးပြီလား...............။
ဘယ်သူနဲ့ စားလဲ....................။
ကြက်ဥပြုတ်နဲ့လား.........။
ပြန်မပြောဘူးလား.......................။ရပါတယ်လေ...။

၃။
အလုပ်များနေလား...။
အလုပ်မပြီးသေးဘူးလား..................။
အလုပ်မှာဘဲ အိပ်တော့မှာလား.............။
ညစာ စားပြီးပြီလား..။ဘယ်သူနဲ့စားလဲ................။
ပြန်မပြောဘူးလား....။ရပါတယ်လေ..။

၎။
နေကောင်းလား...။
ဒီနေ့ outdoor သွားရမှာလား....။
မျက်မှန်၊halmat မမေ့နဲ့.....။
အားဆေးသောက်ပြီးပြီလား................။
မမေးတော့ဘူးလား.........။ရပါတယ်လေ...။

၅။
နှာခေါင်းသွေး ယိုတယ်...။
ခေါင်းလည်း နည်းနည်းမူးတယ်...။
ဟိုဆေးစားထား...။
ဒီဆေးသောက်ပါလား.............။
မညွန်ကြားတော့ဘူးလား............။ရပါတယ်လေ....။

၆။
ခုဘယ်မှာလဲ၊ အိမ်ပြန်ရောက်ပြီလား...။
ကားမောင်းနေတုန်းလား...။
ပြန်ရောက်ပြီလား....................။
ရေမချိုးတော့ဘူးလား............။ညစ်ပတ်တယ်..။
ခြေလက်မျက်နှာဆေးပြီးမှ အိပ်...။
မမှာကြားတော့ဘူးလား.........။ရပါတယ်လေ...။

၇။
ပန်းသီးကို အခွံမခွာဘဲ ဒီအတိုင်းကိုက်စား...။
နှာစီးရင် ကြက်စုပ်ပြုတ်သောက်..........................။
ရေများများသောက်......................။
နေကောင်းသွားပြီးလား............။
ပြောတဲ့ အတိုင်း ဘယ်တော့မှ မလုပ်ဘူး..............။
စိတ်မဆိုးတော့ဘူးလား..........။ရပါတယ်လေ..။

၈။
ရေချိုးရင် ရေနွေးနဲ့ ချိုး...။
နေလောင်တာ ပျောက်ဖို့ တဇောင်းလက်ပတ်လိမ်း...။
ဖိုးလှချင်တွက်....
NAVIA,FACAL TISSUE,!@#$%^&* ပို့လိုက်တယ်...။
ရပါတယ်လေ.......။

၉။
စာရေးနေတုန်းလား.............။
မအိပ်သေးဘူးလား.....................။
ညသိပ်မနက်နဲ့.......။
စောစောထပြီး မနက်စာ စား........။
အိပ်ပုပ်....
အကျင့်ပုပ်.....
ဖုန်းခေါ်တာ မကိုင်ဘူး...။သိတယ်...။
ဒီလိုဖြစ်မှာသိတယ်....။

၁၀။
သူတို့က အလုပ်ကူမလုပ်ဘူးလား...။
တယောက်တည်း သိမ်းကြုံး လုပ်နေတာလား............။။။
တရုတ် ဘဲကင်ကြီးလား....။
ပီကင်း ဘဲကင်ကြီးလား...။
အိမ်ပြန် လိုက်ပို့မှာလား.................။ရပါတယ်လေ...။

၁၁။
တရုတ်ပြည် လည်လည် သွားမယ်..။
ဗီယက်နမ် ပျော်ပျော်သွားမယ်............။
ဗန်ကောက်မှာ ဈေးဝယ်......။
မလေးရှား လည်း ရောက်အုန်းမှာ.....။
ဟန်းနီးမွန်းက ဘာလီကျွန်း.................................။
လက်ဆောင် ၀ယ်ခဲ့နော်....။ရပါတယ်လေ...

၁၂။
ဒူဘိုင်းက ခေတ်မီတယ်....
ကုလာမလေးတွေ ချောတယ် တဲ့....။
ကာတာမှာ ပူတယ်ဆို......
ကာတာက ကုလားမ လေးနဲ့လား...............။
နောက်တခေါက် လာလည်မယ်....။
ဝက်သားကြိုက်တဲ့ ကုလားလေးဆီ ကို....။


၁၃။
အရပ်က ဘယ်လောက်ရှည်လဲ........။
အင်္ကျီဝယ် ပို့လိုက်တယ်....။
အင်္ကျီက ကွတ်တိဘဲ.....
ဆိုဒ်ဘယ်လို သိတာလဲ...........။
မြင်ယောင်လိုက်တာလေ....................။
အင်္ကျီ ၀တ်သေးလား............။
လွင့်ပစ်လိုက်ပြီးလား...................။
ခုထိရှိသေးတယ်နော်...........။
ALL STAR ဖိနပ်ဝယ်ပေး မလို့...........။
ဆိုဒ်ဘယ်လောက်လဲ................။။။
မသိလို့ ၀ယ်မလားဘူး.....................................။
ရပါတယ်လေ...........။


ဒီးဒိုး။
၀၅၊၀၁၊၂၀၁၂။

Wednesday, January 25, 2012

ဖျက်စီးခြင်း

တို့ပြည်မှာ
အေးခဲတဲ့ တောင်တန်းကြီးရှိတယ်။
လှပတဲ့ မြူခိုးတွေ ပျော်စံရာ
မေခနဲ့ မလိခ ပေါင်းဆုံလို့
ဧရာဝတီမြစ်ကြီး မွေးဖွားရာ ဖြစ်တယ်။

တို့ပြည်မှာ
ကမ္ဘာကျော်တဲ့ ကျောက်စိမ်း
သည်းခြေခိုက် ကြိုက်တဲ့ ရွှေ
ရှာပါးတဲ့ သစ်ခွနဲ့ ဆေးမြစ်
ဆန်စပါးများ လွန်ပေါများလို့
မြန်ပြည်ရဲ့  ဂုဏ်ရောင်တက်စေတဲ့ ပြည်ဖြစ်တယ်။

အေးချမ်းစွာနေလိုတဲ့ စရိုက်
ရိုးသားတဲ့ အကျင့်နဲ့
ဗမာတွေအခေါ်(ကချင်)တွေ နေတယ်။

အဲဒီ ပြည်ဟာ
တို့ ရဲ့  ဇာတိချက်ကြွေ
တို့ရဲ့ စုရပ်
တို့ရဲ့  နောက်ဆုံး ခံတပ်။

.
.
.
.
.
အလိုလေး
တို့ရဲ့  စုရပ်
နောက်ဆုံး ခံတပ် ကို ဘီလူးတွေ ၀င်စီးနေပါပေါ့လား။


ီဒီးဒိုး။
၂၆၊၀၁၊၂၀၁၂။

Monday, January 23, 2012

မျက်နှာဖုံး

ငါ့ မျက်နှာ က
ဆူသိုးသိုး
မှုန်တုံတုံ
ခပ် ထုံထုံ။

ငါ ပြောတဲ့ စကား
ခပ်ထန်ထန်
ဘုကျကျ
ရှတတ။

နူးနူး ညံ့ညံ့
သိမ်သိမ် မွေ့မွေ့
ကြင်နာတတ်တဲ့ နှလုံးသား
ရင်ထဲမှာ သိမ်းထားတယ်။
မင်းမြင်နိုင်ပါစေ လေ...။

ဒီးဒိုး။
၀၁၊၀၁၊၂၀၁၂။

Thursday, January 19, 2012

ဖြိုး။

ဂီတာအို ကို ကြိုးညှိ
ချစ်သီချင်းတွေ မသိဆိုနိုင်တော့
ဟိုး....ဝေးဝေးမှာ ချောင်ထိုးခဲ့တာလား......ဖြိုးရယ်။

သခင့်အကြိုက်
ချိုလွင်လွင် ချစ်သီချင်းသစ်
ရင်မှာဖြစ်ပေမယ့်
ရွေနားတော် မသွင်းနိုင်တဲ့
ငယ်ကျွန်အဖြစ်
သခင် သိမှသိပါလေစ...သိပါစ။

သခင်အလိုကျ
သခင့်အနားမှာ ခစားလို့
ရွေရင်ကို နွေးထွေးစေမယ်
ပါးပြင်ကို မအေးစေနိုင်တဲ့
ငယ်ကျွန့် အဖြစ်
ဖြိုး သိမှသိပါလေစ...သိပါစ။

အပြစ်ကင်းတဲ့ သခင့်အပြုံးထဲ
ပျော်ဝင်ချင်ပေမယ့်
ချစ်သူ ချော့တေး
မသီဆိုတတ်သူမို့
ဖြိုး...ရယ်။


ဒီးဒိုး။
၂၃၊၁၂၊၂၀၁၁

Wednesday, January 18, 2012

ပြည်သူ။

ဟိုကလည်း
လူမျိုးမတူ၊ဘာသာမတူ
သေနတ်တွေ နဲ့ "စစ်"....။

ဒီကလည်း
ဘာသာမတူ၊လူမျိုးကွဲ
သေနတ်တွေ နဲ့ "စစ်...စစ်" တဲ့။

တို့တွေလည်း
လူမျိုးမတူ၊ဘာသာမတူ
ခံခက်စွာ နဲ့ ချစ်။

ဒီးဒိုး။
၁၃၊၀၁၊၂၀၁၂။

ဆန္ဒ နဲ့ ဘဝ

ဆန္ဒတွေ ကဆုန်စိုင်း
ချစ်သူ ဆီသို့သာ။
ဘ၀ဆိုတဲ့ ဇက်ကြိုး
ဆောင့်ဆွဲရက်တယ်။

ဒီးဒိုး။
၁၇၊၀၁၊၂၀၁၂။

Monday, January 16, 2012

အကျည်းတန်။

ယမ်း
ငွေ့
တွေ
လွမ်း
တဲ့

နော
မြေ

က

လ(လှ)

ပ။

Thursday, January 12, 2012

မျက်ရည်တပေါက် ကျခဲ့တယ်။

ညီမလေး ရေ....။
ကျွန်တော် ဘ၀က
ထင်တာနဲ့ တလွဲတွေ တန်ဆာဆင်ထားတယ်။

အကြိမ်ကြိမ် ပျက်ခဲ့တဲ့ ဂတိက
လိမ်ညာခြင်းကို မွေးဖွားစေခဲ့ပြီ။

မှန်တယ်လို့ ထင်တဲ့
အမှားတွေ ဆက်လုပ်နေခြင်းက
ကြင်ဖော်တွေနဲ့လဲ အကြိမ်ကြိမ်လွဲပေါ့။

တကယ်တော့
အားလုံး ကို ပျော်စေချင်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်က
အတ္တ ကိုယ်လုံးနဲ့ ကျွန်တော်ပါဘဲ။

ထိုက်တန်ပါတယ်။
ကျေနပ်ပါတယ်။
မင်းရဲ့  မျက်ကွယ်မှာ
ဒီစာရေးနေရင်းက
ငါလေ....
မျက်ရည်တပေါက် ကျခဲ့တယ်။

ဒီးဒိုး။
၃၀၊၁၂၊၂၀၁၁။

မှတ်သား နာယူ။

၁။
လူသားတွေရဲ့  သဘာဝ အခွင့်အရေးများကို ချိုးဖောက်ဖျက်ဆီးခြင်း ခံရရင် ပြည်သူပြည်သားတွေမှာ ပြန်လည် ခုခံနိုင်ခွင့်နဲ့ အစိုးရကို အပြောင်းအလဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒီလို လုပ်ဖို့ တာဝန်လည်း ရှိတယ်။

၂။
အမှားမှား အယွင်းယွင်းနဲ့ တရားမျှတမှု ကင်းမဲ့တဲ့ အင်အားစုကို ဆန့်ကျင်ရာမှာ အတိုက်အခံ ပြုလုပ်ခြင်းဟာ နောက်ဆုံး အားထား စရာနည်းလမ်း ဘဲ ဖြစ်တယ်။

(ဂျွန်ဟောက်)

၃။
အစိုးရသည် ပြည်သူတို့၏ အခွင့်အရေးများကို ချိုးဖောက်လာပါက ပုန်ကန်ထကြွခြင်းသည် ပြည်သူတို့အတွက်
အဆုံးစွန်သော အခွင့်အရေးတရပ် ဖြစ်ရ်ျ မရှောင်လွဲသာသောတာဝန်လည်းဖြစ်သည်။တစုံတယောက်သော သူသည် တိုင်းပြည် အချုပ်အချာ အာဏာ ကို မတရား သိမ်းပိုက်လာပါက လွတ်လပ်သော ပြည်သူတို့က ထိုသူအား သေဒဏ် အပြစ်ပေးသင့်ကြသည်။

(ပြင်သစ် လူ့အခွင့်အရေး ကြောငြာ စာတန်းကြီး)

Wednesday, January 11, 2012

"စစ်" အလိုမရှိ

http://moemaka.com/2012/01/kachin-%E1%80%A1%E1%80%85%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9-%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%80%E1%80%AF/
အထက်ပါ link က ဖတ်ရတဲ့ သတင်းအပေါ် ကျွန်တော် အမြင်ပါ ဗျာ.။

ကချင်လူမျိုးစု လွတ်တော်အမတ် က တော့ ထမင်းအိုး မကွဲအောင် ပြောတဲ့စကား..။ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်လူမျိုးထဲကလွတ်တော်အမတ်ဆိုတော့ ယုံကြည်လေးစားပါတယ်။အားလည်းကိုးပါတယ်။အဖြစ်မှန်တွေကို
အရှိကိုအရှိအတိုင်း အမှန်တကယ် လွတ်တော်မှာ တင်ပြပေးနိုင်မယ်ဆို ပိုဝမ်းသာမှာ အမှန်ပါဘဲ။ လွတ်တော် အမတ် စကားကို သတင်းဖတ်ပြီးတဲ့ နောက် ဘယ်ကဘယ်လို ခံစားရမှန်းမသိ စာရေးချင်စိတ်တွေ ပေါ်လာတယ်။
အစိုးရတပ်တွေ အနေနဲ့ KIA တပ်စခန်းအားလုံးကို တိုက်ခိုက်တယ် ဆိုရင်တောင် ၀မ်းမနည်းပါဘူး။
ဒါပေမယ့် ဗန်းမော်-မြစ်ကြီးနား-မံစီ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ KIA မပိုင်ဆိုင်တဲ့ ရွာသူရွာသားတွေရဲ့ အိုးအိမ်တွေကို ဘာဖြစ်လို့ ဖျက်လိုဖျက်ဆီးလုပ်တာပါလဲဗျာ.။
ရွာသူ၊ရွာသားတွေဟာ ဘာကြောင့် သေဆုံးနေရပါလဲဗျာ.။
အများသတင်း တွေထဲမှာတော့ အစိုးရတပ်တွေကြောင့် ဆိုတာ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရတာအသေအချာပါဘဲ။နောက် လို်င်ဇာကို သွားတဲ့ လမ်းတလျောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတာဖုံးဖိ လို့ မရအောင် အများပြည်သူတွေ သိနေကြတာပါဘဲ။
လိုင်ဇာကို မသိမ်းဘူးဆိုရင်တောင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်လွင်ပါတယ်။ လိုင်ဇာကို သိမ်းပိုက်တာမက လို့ ဘာဘဲ ဖြစ်ဖြစ် အစိုးရတပ် သွားမယ့်လမ်းမှာရော၊KIA တွေ စောင့်နေမယ့် လမ်းတွေမှာ အများပြည်သူတွေရဲ့  အသက်၊သွေး၊ချွေး၊အိုး၊အိမ်တွေ လမ်းခင်းပေးထားရတယ် ဆိုတာမမေ့စေချင်ပါဘူး။

"ALL WAR ARE DIRTY" ဆိုတဲ့ စကားကြားဖူးပါတယ်။ နှစ်ဖက်စလုံးက ဘယ်သူဘဲမှန်မှန် စစ်ပွဲဖြစ်ပြီဆိုကတည်း က ညစ်ပတ် တော့တာပါဘဲ။ပြည်သူတွေသာ မြေဇာပင်ဖြစ်ရတော့တာပါဘဲ။

ပြောလည်း မပြောချင်ပါဘူး။အစိုးရရော KIA ပါ ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာတော့ စွတ်စွဲချက်တွေဘဲနေမှာပါ။
.လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်လို့ ကတော့ KIA ထက် အစိုးရကပိုပါတယ်။အထူးရှင်းပြနေစရာ မလိုဘူးလို့ထင်ပါတယ်။
ကလေး စစ်သားများ KIAမှာ ရှိနေတယ် ဆိုတာလဲ မှန်ချင်လည်း မှန်မှာပါဘဲ။
အစိုးရ တပ်တွင်းမှာတော့ ပြောမဆုံးပေါင်း တောသုံးတောင် ဆိုသလိုပေါ့...။ကလေး ကအစ၊"@# "ကအဆုံး သိပါတယ်။လူတိုင်းသိပါတယ်။
မိုင်းထောင်ခြင်းနဲ့ ပတ်သက်လို့ကတော့ KIAနယ်မြေမှာ ရန်သူရဲ့  လာလမ်းမှန်သမျှကို မိုင်းထောင်ရမှာဘဲ၊တံတားတွေကို ဖျက်ဆီးပစ်ရမှာဘဲ။..ဒါလဲ စစ်ရေးအရပေါ့။
ဒါနဲ့ပတ်သက်လို့ ကတော့ KIA ကတာဝန်ယူရပါလိမ့်မယ်။
(ဥပမာ)တကယ်လို့ ဒီကနေ့ KIA က မြစ်ကြီးနား မြို့  ကို ချီတက် သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီ လာနေပြီ ဆိုရင် အစိုးရတပ်တွေ အနေနဲ့ KIA လာနိုင်တဲ့ လမ်းမှန်သမျှ ကို မိုင်းထောင်ထားမှာ၊လမ်း၊တံတားတွေ ဖျက်ဆီးထားမှာ အမှန်ပါဘဲ.။ ဒီအတွက် အစိုးရတပ်တွေက တာဝန်ယူရမှာပါဘဲ။ ဒါပေမယ့် ကိုယ်လုပ်ပြီးတော့
သူများကို လက်ညှိးထိုး တဲ့အလုပ် မလုပ်ရင်တော့ အစိုးရအတွက်ရော KIA အတွက် ကျွန်တော်တို့ ဂုဏ်ယူနေမှာပါ။
အမှန်တော့ KIA ကို ထိုးစစ် ဆင်ရတဲ့ အကြောင်းအရင်း အထက်ပါအကြောင်းကြောင့် မဟုတ်တာ INTERNET
ပေါ်မှာ သေချာ သိချင်တယ်ဆိုရင်တော့ BLOG တွေကို ရွေးမဖတ်ဘဲ BLOG အားလုံးကိုဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။


"သမ္မတကြီးကိုယ်တိုင် ကမ္ဘာသိကြေငြာထားတဲ့ အမိန့်တွေကို ကျော်လွန်ပြီး စစ်တပ်က လိုင်ဇာမြို့  ကို ချီတက်စစ်ဆင် တိုက်ခိုက်မယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားကို ယုံကြည်ပြီး အမှုအမှတ်မဲ့ နေလိုက်လို့ ကတော့ လိုင်ဇာမြို့ ဟာ နောက်နေ့ ဘယ်လိုဖြစ်နေမယ်ဆိုတာ ကျွန်တော်ထက် ပိုအတွေ့ အကြုံ ရှိတဲ့ သူတွေ သိမှာပါ။

"စစ်သွေးကြွနေတဲ့ KIA စစ်သည် တချို "့ဆိုတဲ့ စကားဟာ ရင့်သီးလွန်းပါတယ်။စစ်သွေးကြွတယ် ဆိုတာဘာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာပါလဲ။အစိုးရ စစ်တပ် သမိုင်းမှာ အခု စစ်ပွဲတွေလောက် ဆုံးရှံး ခဲ့တာ မရှိခဲလို့ KIA ကို စစ်သွေးကြွတယ်လို့ ဆိုလိုတာပါလား။ စကားတစ်ခွန်းကြားဖူးတယ်။
စစ်ပွဲ တစ်ပွဲရဲ့ အောင်မြင်မှုက လက်နက် အင်အား အပေါ်မှာထက် စိတ်ဓါတ်အင်အား ပေါ် ပိုပြီးတည်တယ်။ စစ်ဆိုတာ ရိုင်ဖယ်သေနတ်တွေ၊ ကျည်ဆန်တွေ၊ အမြောက်တွေနဲ့ လေယာဉ်ပျံတွေ ရှိရုံနဲ့ အဖြစ်သေးဘူး။
" အရေးနိမ့် ရှုံးနိမ့်တဲ့ လက်နက်ကိုင်တပ်ဟာ သူတို့မှာ ယုံကြည်ချက်ကင်းမဲ့နေလို့လဲ ဖြစ်တယ်...။(ကတ်စရို)

န်တော်အနေနဲ့ကတော့ အစိုးရတပ်တွေဟာ ဒီစစ်ပွဲကို မတိုက်ချင်ဘဲ တိုက်ရတယ်။အမိန့် မလွန်ဆန်နိုင်ဘဲ တိုက်ရတယ်..သနားစရာကောင်းတဲ့ အစိုးရ စစ်သားတွေဟာ မလွန်ဆန်နိုင်လို့ တိုက်ရကျွတာ ဖြစ်ပြီး ဘာ ယုံကြည်ချက်မှ မရှိဘဲ ယုံကြည်ချက်ကင်းမဲ့နေလို့ ကျဆုံးမှု များရခြင်းသာဖြစ်တယ်။

KIA အနေနဲ့တော့ သူနယ်မြေကို ကာကွယ်ရမယ်၊ ဆိုတဲ့ စိတ်၊ယုံကြည်ချက်နဲ့ သူ့နယ်မြေမှာတိုက်တဲ့ အတွက်

ကျဆုံးမှု နည်းတာပါ။

(ဥပမာ) KIA ကသာ အမိန့် မလွန်နိုင်ပါဘဲ ယုံကြည်ချက်ကင်းမဲ့လျက် အစိုးရတပ်တွေရှိရာ မြို့ကြီး ပြကြီးကို တက်တိုက်ခိုက်မယ်ဆိုရင် KIA လည်းမလွဲ မရှောင်သာ အောင်နိုင်ခဲ့ ရင်တောင် ပေးဆပ်ရခြင်းတွေများနေလိမ့်မယ်။

နောက် စစ်သွေးကြွတယ်ဆိုတာ သာမန် ယောက်ကျား တယောက်ဟာ သေနတ်တလက်ကိုင် ပြီး စစ်ပွဲကို သွားပြီးဆို ကတည်းက စစ်သွေးကြွနေတာပါဘဲ။ အဲဒီထက် ပိုပြီး စစ်ဖြစ်ပြီ ကိုယ့်ကိုင်တဲ့ သေနတ်က အသံမည်းပြီဟေ့ ဆိုရင် ပိုလို့တောင် စိတ်အားတက်လာတာပါဘဲ။အဲ ကိုယ်သေနတ် အသံမထွက်လို့ကတော့ ကြောက်စိတ်တွေ ကြီးစိုးနေမှာဘဲ။

သေနတ်ကိုင်လိုက်တိုင်း စစ်သွေးကြွတယ် လို့ မသုံးနှုန်းစေချင်ပါဘူး..။အားလုံးကို ထိခိုက်ကုန်မှာစိုးလို့ပါ။

သေနတ်ကိုင်တယ်ဆိုတာလဲ အကြောင်းအမျိုးမျိုးရှိမှာဘဲ။အစွန်ဆုံး ပြောရရင် "ငြိမ်းချမ်းရေးအတွက် တို့ သေနတ်တွေကို ကိုင်ထားကြစို့" ဆိုတဲ့ စကားကြားဖူးပါတယ်။မြန်မာ ပြည်သူ ပြည်သားတွေ လေးစားချစ်ခင် ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ သေနတ် ကိုင် လမ်းစဉ် ကို တည်ထောင်ခဲ့တာပါဘဲ။ကျောင်းသားတွေ ကျောင်းထွက်ပြီး တောထဲဝင် သေနတ်ကိုင်တာ စစ်သွေးကြွနေတယ် လို့ ပြောရမှာလားဗျာ။ သေနတ်ကို သေနတ် ချင်း ရင်ဆိုင်ဖို့ သေနတ်ကိုင်တာကတော့ အပ်တို တချောင်းတောင် မရှိသူကို သေနတ် နဲ့ ရင်ဆိုင်တဲ့ သူတွေထက် ပိုရဲ ရင့် တရားမျှတပါတယ် လို့ ဘဲ ထင်ပါတယ်။

အမှန်တော့ ဒီစစ်ပွဲဟာ အားလုံးသိတဲ့ အတိုင်း အစိုးရ က စတိုက်လို့ ဖြစ်ရ တယ်ဆိုတာ အားလုံး အသိပါ။

တကယ်လို့ KIA က စစ်သွေးကြွနေပြီး အစိုးရ ကို လိုက်တိုက်ခိုက်နေတယ် ဆိုရင် ကချင် ပြည်သူတွေဟာ

KIA ကို စစ်သွေးကြွတွေလို့ ပြောဖို့ ဆွံ့ အနေမှာ မဟုတ်ပါဘူး။ရေးသားဖော်ပြဖို့ လက်တိုနေမှာ မဟုတ်ပါဘူး။

အဲဒီလိုပါဘဲ အစိုးရက မမှန်မကန်၊မတရား လုပ်တာတွေကို ခေါင်းငုံခံ နေနေမယ့် ထဲမှာလည်း ကချင်ပြည်သူတွေပါမှာမဟုတ်ပါဘူး။

နောက်ဆုံး အနေနဲ့ တော့ အမူအကျင့်လေး တစ်ခု အကြောင်းပြောပြချင်တာပါဘဲ။

ခွေးဆိုတာ သူကို ရန်မူတဲ့သူတိုင်းကို ဟောင်ပြီးတော့ တုန့်ပြန်တတ်တယ်။ပိုပြီးတော့ အဲဒီခွေးကို ခဲနဲ့ ပေါက်ရင်

ခွေးက သူ့ဆီကို ရောက်လာတဲ့ ခဲကို လိုက်ပြီးကိုက်ခဲ တတ်တယ်။ ခွေးဟာ သူ့ကို ရန်မူတဲ့ ရန်သူအရင်းကို မသတ်ဖြတ်ဘဲ သူဆီရောက်လာတဲ့ ခဲကို လိုက်လိုက် ကိုက်ခဲနေလို့ ရန်မစဲဘဲ ရှိနေတတ်တယ် တဲ့။

နောက် ခြင်္သေ့ ကတော့ ရန်သူက သူဆီပစ်လိုက်တဲ့ မြှားကို ဘယ်တော့မှ လိုက်မကိုက်ခဲဘူး။မူရင်း ရန်သူအစစ်

ိကိုသာ ကိုက်ခဲ သတ်ပစ်လေ့ရှိလို့ ရန်ငြိမ်းတယ် တဲ့။

အစိုးရရော KIA ပါ မူရင်း ရန်သူကို ရှာတွေ့ပြီးရှင်းပစ် နိုင်ပါစေ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ် ကို လှပအောင် ဆောင်ရွက်နိုင်ပါစေဗျာ.။ခြင်္သေ့ တကောင်ရဲ့  အမူအကျင့်ရပါစေဗျာ.။


ဒီးဒိုး
၁၁

၊၀၁၊၂၀၁၂။