Monday, May 16, 2011

ဧစတာ

ရင်ခွင်မှာ အသစ်ပြောင်းပေမယ့်
မေ့မရဘူး
ဧစတာ။

ဟောင်းနွမ်းတဲ့ အချစ်တွေ
အသစ်ဖြစ်မြဲ ချစ်နေဆဲ
ဧစတာ။

ဘယ်တော့မှ အစားမထိုးနဲ့
မလဲနိုင်ဘူး ချစ်နေဆဲ
ဧစတာ။

မူးယစ်ယစ် အတွေးတွေထဲ
စိုးမိုးဆဲ မင်းပါဘဲ
ဧစတာ။

လွမ်းခြင်းနဲ့ အတိတ်ရထား
စီးဆင်းဆဲ မင်းဆီဘဲ
ဧစတာ။

လွမ်းနေဆဲ
ချစ်နေမြဲ
ဘယ်မှာလဲ
ဧစတာ ရယ်။


ဒီးဒိုး။

Saturday, May 14, 2011

ကလေး လေးရေ..။

အလင်္ကာချောအောင်
မုသားနှောလို့
နွမ်းညစ်တဲ့ ဘ၀ထဲ
ဆွဲမခေါ်ရက်ဘူး
ကလေးရေ..။

အရှုး မရင့်အောင်
နေမမြင့်ခင်လေးမှာ
ဖွင့်ပြောဖို့ ကြိုးစားတော့
အသက်အရွယ် က စကားပြောနေပြန်တယ်
ကလေး ရယ်။

တိမ်းညွတ်လာတဲ့ ပန်း
မခူး ဘယ်သူရှိမလဲ။
ကစားတဲ့ စိတ်နဲ့
လှည့်စားထားခဲ့ဖို့
ဒီလူကိုရည်ရွယ်
အသည်းခွဲရန်
သက်သက်ဘဲလား
ကလေး ရယ်။

ပိုင်ဆိုင်ချင်စိတ်ကများ
ပျားရည်အောက်က ဓါးသွား
ကြိုကာမြင်နေတော့
ဝိုင်းကာလည်နေတဲ့ လိပ်ပျာတွေ အလည်
အရွယ်လွန် ဒီတယောက်တော့
ချမ်းသာပေးပါ
ကလေး ရယ်။


ဒီးဒိုး။

Monday, May 2, 2011

ဖြစ်သလို....။

စားမယ် စားမယ်
ကဲ ဖြစ်သလိုဘဲ စားလိုက်မယ်ကွာ
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။

ဝတ်မယ် ၀တ်မယ်
ကဲ ဖြစ်သလိုဘဲ ၀တ်ကြအုန်းစို့
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။

နေမယ် ထိုင်မယ်
ကဲ ဖြစ်သလိုဘဲ နေထိုင်ကြမယ်
ရေမြေခြားမှာ တို့တွေ ပိုက်ဆံလာရှာကြတာဘဲ လေ။

မခေါ်ဘဲ ရောက်လာမယ့် သေမင်း
ကဲ ဖြစ်သလိုဘဲ သေမလား
ရှာတဲ့ငွေကြေး တမလွန်မှာ သုံးအုန်းမလား။
ရှိတဲ့ အချိန်လေး အသေဖြောင့်ဖို့
အချိန်ပို တွေ ဘေးဖယ်
ဘုရားတရား လေးလုပ်အုန်းမှပါလေ...။



ဒီးဒိုး။
၁၊၀၅။၂၀၁၁