Friday, July 30, 2010

ညီလေး(၃)

ညီလေးရေ ခိုင်ပီးရေ..။
ညီလေး လဲ နှစ်တစ်ရာစုရဲ့ ခရီးသွား တယောက်ဖြစ်လာတော့ နှစ်ဆယ့်တစ်ရာစုမှာ မသိမဖြစ် မတတ်မဖြစ်တဲ့ အရာလေးတွေကို ဝေမျှချင်တယ်။ ညီလေး စာပေဖတ်အားကောင်းရင်တော့ သိလိမ့်မယ်။ကျောင်းစာတွေ နဲ့ လုံးပန်းရင်း အပြင်စာတွေ မဖတ်ဖြစ်ရင်တော့ အစ်ကိုရေးတဲ့ စာကိုတော့ ဖတ်ပေါ့။ နှစ်ဆယ့်တစ်ရာစုမှာ စာတော့ ဖတ်အားကောင်းမှ ဖြစ်လိမ့်မယ် ညီလေးရေ။
ဂျပန်တွေ ဟာ အားရင် စာဖတ်သတဲ့။အားနေတဲ့ အချိန်ဟာ လဲ စာဖတ်နေတဲ့ အချိန်။ ဒီတော့ စာဖတ်တဲ့ အချိန်ဟာ အားနေတဲ့ အချိန်ဘဲ ဖြစ်တယ်လို့ ကြားဖူးတယ်။ မြန်မာ နိုင်ငံမှာနေတုန်းက တော့ ကားပေါ်၊မီးရထားပေါ်၊ပန်းခြံတွေ ထဲမှာ စာအုပ်တအုပ်ကို သည်းကြီးမဲကြီးဖတ်နေတာ မတွေ့ဖူး သလောက်ဖြစ်ခဲ့ပေမယ့် စင်ကာပူ မှာ ရောက်တုန်းကတော့ ဘတ်ကားပေါ်၊မီးရထားပေါ်၊ပန်းခြံတွေ ထဲ စာအုပ်ထူထူကြီးတွေ ကို သည်းကြီးမဲကြီး ဖတ်နေတဲ့သူတွေ၊စာအုပ်တွေ ညှို့ယူဖမ်းစားမှုအောက် ရောက်နေတဲ့ မျက်မှန်ထူထူ နဲ့ လူငယ်တွေကို တွေ့ခဲ့ရတယ်။ တိုးတက် တဲ့ တိုင်းပြည်တွေ ရောက်လာတိုင်း စာအုပ်စာပေ ဟာ ဘယ်ရောက် အရေးတကြီး နေရာယူထားတယ်ဆိုတာပို သိလာတယ်။ ဒီမှာတော့ ဩစတေးလျှ က အင်ဂျင်နီယာ တယောက်ရဲ့ အိမ်ကို အဲယားကွန်း ပြင်ဖို့ ရောက်သွားတုန်းက အစ်ကို တအံ့ တဩဖြစ်ခဲ့ ရတာလေးပြောပြချင်တယ်။ အဲယာကွန်းပြင်ဖို့ မီးဖိုချောင်ထဲဝင်သွားတော့ စာအုပ်စင်လေးတွေ့တယ်၊အစ်ကို လည်း စာအုပ်မြင်တော့ကိုင်ကြည့်တာပေါ့...ဟုတ်ပါ့ဗျာ...ချက်ရေး၊ပြုတ်ရေး စာအုပ်တွေ၊ဝိုင်စပ်နည်း စာအုပ်တွေ၊မတည့်တဲ့ အစားအစာ ကို သတိပေးတဲ့ စာအုပ်တွေ ကို ရေခဲသတာဘေးမှာစင်လေးနဲ့ ထားတာ။ ဒီလိုနဲ့ အဲယားကွန်းတွေ တစ်ခုပြီးတခု လိုက်စစ်ရင်း စစ်ရင်းက နေရာတကာတွေ့ရတာကတော့ စာအုပ်စင်တွေပါဘဲ ဧည့်ခန်းမှာ၊အားကစားလုပ်တဲ့ အခန်းမှာ၊မှန်တင်ခုံဘေးမှာ၊ အိပ်ယာဘေးမှာ စာအုပ်နဲ့ စာအုပ်စင်နဲ့လေ။ နောက်ဆုံး အားလုံးပြီးတော့ သန့်စင်ခန်းကို သွားရော အိမ်သာ ဘိုထိုင်ရဲ့ဘေးမှာ စာအုပ်စင်လေးနဲ့ အိမ်သာသွားရင်းနဲ့လည်းစာဖတ်လို့ ရတာပေါ့။ ဒီတော့ ညီလေးရေ..စာကိုတော့ မျာများဖတ်စေချင်တယ်။ သူများတွေ စာများများ မဖတ်တာတော့ သိပ်ပြောစရာမရှိဘူး။ညီလေး စာများများ မဖတ်ရင်တော့ ပြောစရာရှိလာလိမ့်မယ်။ဘာဖြစ်လို့လဲ ဆိုတော့ တို့တတွေမှာ ဦးဆောင်လုပ်ပြ၊လမ်းညွန်မယ့် အဖေ ဆိုတာ မရှိဘူး၊ နူညံ့ သိမ့်မွေ့မှုတွေ သည်းခံ၊ခွင့်လွတ်မှုတွေ သင်ကြားပေးမယ့် အမေနဲ့ လည်း အဝေးမှာနေရတာလေ။ ဒီတော့ စာများများဖတ်ပါ။စာအုပ်ကို သူငယ်ချင်းလုပ်ပါ။ဒါပေမယ့် စာအုပ် တိုင်းက ဖော်ပြတာတွေကို တသွေမသိမ်းလိုက်နာဖို့ မဟုတ်ဘူး။ အဲဒါတွေ ကို ညီလေး စဉ်းစား၊ဝေဖန်၊ပိုင်ခြား နိုင်ဖို့ဘဲ ဖြစ်တယ်။
ညီလေးရေ..အဓိကပြောချင်တာက နှစ်ဆယ်တစ်ရာစု ရဲ့”အ” သုံးလုံး တတ်မြောက်ရေးဘဲ။ ညီလေးတို့ ခေတ် ဒီဘက်ပိုင်းမှာတော့ ”အ”သုံးလုံး လူပ်ရှားမှု မရှိတော့ပါဘူး။..အကိုလည်း ငယ်ငယ်က ကြားဖူးတာ။စာမတတ်သူ တွေကိုစာလိုက်သင်ပေးတာ။လူတိုင်းစာတတ်မြောက်ရေးလှုပ်ရှားမှုပေါ့။ အလုပ်လုပ်ရင်း စာသင် စာသင်ရင်း အလုပ်လုပ် ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ ဘာနဲပေါ့။ အဲလိုဘဲ နှစ်ဆယ်တစ်ရာစု မှာလဲ ”အ” သုံးလုံး လူတိုင်း ကျေညှက်တတ်မြောက်ဖို့ အရေးကြီးတယ်တဲ့။နှစ်ဆယ့်တစ်ရာစု ရဲ့”အ” သုံးလုံး က ဘာတွေလဲဆိုတော့

၁။”အ” ဆက်မပြတ် လေ့လာ သင်ယူရေး။
၂။”အ” တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး။
၃။”အ”င်္ဂ လိပ်စာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး။ တို့ ဖြစ်တယ်တဲ့။

၁။”အ” ဆက်မပြတ် လေ့လာ သင်ယူရေး။
အဆက်အပြတ် လေ့လာ သင်ယူရေးဟာ ဘာကြောင့် အရေးကြီးသလဲ ဆိုရင် အဆက်မပြတ်တိုးတက်နေတဲ့ ကမ္ဘာကြီးကြောင့် ဖြစ်တယ်။ တကယ်လို့ အဆက်မပြတ် လေ့လာ သင်ယူရေးသာ ရပ်တံ့ခဲ့မယ်ဆိုရင် နောက်မှာနေခဲ့ရတော့မှာ သေချာပါတယ်။ ဟုတ်ပြီ ဒါဆို ရင် အလုပ်လုပ်စရာမလိုတော့ဘူးလား စာသင်နေရတော့မှာလားလို့မေးစရာ ရှိလာပြန်ရော။အမှန်ပြောရမယ်ဆိုရင် ညီလေးရေ အကိုတို့ ကောလိပ်တက်တုန်း ကတော့ ကျောင်းက သင်ပေးတဲ့ စာတွေ သိပ်ပြီးမသိမတတ်ပါဘူး ဒါပေမယ့် အကို တတ်ခဲ့တာကတော့ ကိုယ်သိချင်၊တတ်ချင်တာ ကို ဘယ်လိုလေ့လာရမယ်၊ရှာဖွေရမယ် နဲ့ ပေါင်းသင်းဆက်ဆံရေး တော့ နည်းနည်းတတ်ခဲ့တာပေါ့။ စကားတခွန်းကြားဖူးတယ်။ ဘွဲ့ရတယောက်ဟာ ကိုသိချင်၊တတ်ချင်တာ (self study)ကို ကိုယ့်ဟာကို ရှာဖွေလေ့လာတတ်ရမယ်တဲ့ကွ၊ (self study) ကို ပြောတာပေါ့။ (self study)ကို တတ်ပြီ ဆိုရင်တော့ ဘယ်မှာ သင်ကြားလေ့လာမလဲ။ စာအုပ်တွေ လိုက်ရှာဝယ် ဖတ်မလား။ ပိုက်ဆံကုန်ငွေ ကုန် အချိန်ကုန်မယ်။ အဲဒီက စ နံပါတ် နှစ်ဖြစ် တဲ့ အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး ကို ရောက်သွားပြီ။

၂။”အ” တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး။
အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး ဟာ ဘာကြောင့် နှစ်ဆယ်တစ်ရာစု ရဲ့ ”အ” သုံးလုံးမှာ အရေးပါလာသလဲ။ (self study)ကို လေ့လာနေတဲ့ သူတယောက်အတွက် အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ အလွန်ရေးကြီးတယ်။ဒီနေ့ ညီလေး ဘာကို လေ့လာချင်သလဲ အင်တာနက်ပေါ်သွား (search engine)မှာ ကိုယ်လေ့လာလိုတဲ့ ဘာသာရပ်ရိုက်ထည့် သူကရှာပေးလိမ့်မယ်။ ဒီနေ့ ပိုတိုးတက်လာတော့ စာဘဲဖတ်လို့ ရတာမဟုတ်ဘူး၊ မရှင်းမှာလဲ မပူနဲ့ ရုပ်ရှင် ဖိုင်တွေနဲ့..ရုပ်ပုံတွေနဲ့ ရှင်းပြလိမ့် မယ်။ ဒီတော့ အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးဟာ လဲ အလွန်အရေးကြီလာတယ်။ ဒီနေ့ထိတော့ မြန်မာ နိုင်ငံမှာ အင်တာနက် အသုံးပြုရတာ ဟာ စာအုပ်ဝယ်ဖတ်ရတာ ထက်ပိုပြီး သက်သာလိမ့်အုန်းမယ်။ အင်တာနက် ကို ကို ကျွမ်းကျင်စွာ အသုံပြုနိုင်ဖို့ ဆိုရင် နံပါတ်သုံး ဖြစ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်စွာ အသုံးပြုရေး က အရေးပါဘာပြီ။

၃။အင်္ဂလိပ်စာ ကျွမ်းကျင်စွာ အသုံးပြုရေး
အင်္ဂလိပ်စာ ကျွမ်းကျင်စွာ အသုံးပြုရေး ဘာလို အရေးပါလာတာလဲ ဆိုရင် အရင်က ပြောတဲ့ အတိုင်းဘဲ။ နောက်ဆုံးပေါ်တွေကို လေ့လာတော့မယ် ဆိုရင် အင်္ဂလိပ်စာ တတ်ကို တတ်မှ ဖြစ်မယ်။မဟုတ်သေးဘူး ကျွမ်းကျင်စွာ တတ်မှ ဖြစ်မယ်။ အင်တာနက်ကို အသုံးပြုတော့မယ်ဆိုရင် လည်း အင်္ဂလိပ်စာ ကို ကျွမ်းကျင်စွာ တတ်အုန်းမှ ဖြစ်မယ်။ ခုခါတော့ မြန်မာ လို ထုတ်လွင့်တဲ့ အင်တာနက်စာမျက်နှာတွေ ရှိလာပြီဆိုပေမယ့် အင်္ဂလိပ်နဲ့ စာရင်တော့ တော်တော့် ကို နည်းနေသေးတယ်။ ဒီတော့ကာ အင်္ဂလိပ်စာ ကို ကျွမ်းကျင်စွာ တတ်မြောက်သင့်တယ်။ဒီတော့ ညီလေးရေး အင်္ဂစာကျွမ်းကျင်စွာတတ်မှ၊ အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မယ်၊ အင်တာနက်ကို ကျွမ်းကျင်စွာ သုံးနိုင်မှ ကိုယ်လေ့လာလိုတဲ့ ပညာရပ်ကို စဉ်ဆက်မပြတ်လေ့လာနိုင်မယ်။ အဲလိုမှ တိုးတက်နေတဲ့ ကမ္ဘာကြီး ကို လိုက်မှီ လိမ့်မယ် ညီလေးရေ။ ဒီတော့ကာ နှစ်ဆယ့်တစ်ရာစုရဲ့ ”အ” သုံးလုံးဟာ ဘယ်လောက် အရေးပါလဲ ဆိုတာ ညီလေး ချင့်ချိန်နိုင်လိမ့်မယ် လို့ ယုံကြည်မျှော်လင့်ပါတယ်။

အစ်ကိုကြီး
ဒီးဒိုး။
၁၃၊ဝ၇၊၂၀၁၀။

ဟိုအရင် ဟောပြောပွဲ တစ်ခုမှာ "အ” သုံးလုံးအကြောင်း ကြားခဲ့ရသည်ကို တတ်သလောက် ပြန်ရေးပြီး ညီလေး သို့ ပြောပြခြင်း ဖြစ်ပါသည်။

Thursday, July 29, 2010

”နှင်း”

နှင်း။
နေရောင်လာရင် ကွယ်ပျောက်မှာစိုး
ဖြူစင်တဲ့ အေးမျှခြင်းတွေနဲ့
ဘ၀တစ်ခု ချမ်းမြေ့ဖို့
ကိုယ်အနားမှာ အမြဲနေပါလား နှင်းရယ်။

နှင်း။။
လောကအလယ် ငိုနေမှာစိုး
ရှင်းသန့်တဲ့ အားပေးမှုတွေနဲ့
ဘ၀တစ်ခု ပျော်ရွင်စေဖို့
ကိုယ်အနားမှာ အမြဲနေပါလား နှင်းရယ်။

နှင်း။။။
မှုံမှုံဝေရင် ရွင်လန်းစေလို့
သာယာတဲ့ တေးသံတွေနဲ့
ကမ္ဘာမြေ သာယာစေဖို့
ကိုယ်အနားမှာ အမြဲနေပါလား နှင်းရယ်။



ဒီးဒိုး။
၁၃၊၀၇၊၂၀၁၀။

"မ”

မ...
မရင်းနှီးလွန်းပေမယ့် အတွေးထဲနီးလွန်းတယ်။
မခင်လွန်းပေမယ့် သူငယ်ချင်းတွေထက်ပိုတယ်။
မဆိုင်ပေမယ့် သွေးရင်းထက် စေတနာပိုတယ်။
မတွေးပေမယ့် အတွေးထဲရှိနေတတ်တယ်။
မပိုင်ဆိုင်ပေမယ့် သံယောဇဉ်ရှိတယ်။
မနီးပေမယ့် အကြင်နာပိုတယ်။
မ.....
ပြောင်းလဲတတ်တဲ့
လောကအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
မိန်းမတွေအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
မျက်ဝန်းတွေအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
နုတ်ခမ်းလေးတွေ အကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
စကားလုံးတွေ အကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
”မ” ရဲ့ အကြောင်းလဲ မသိဘူး။

မ...
ယုတ္တိ မရှိဘူးထင်ရင် သွားလိုက်ပါ
ထားသွာစလိုက်ပါ။
ပျော်နေတယ်လို့ ထင်ရင် သွားလိုက်ပါ
ထားသွားလိုက်တော့။
အကြင်နာတွေ ပိုနေမယ် ထင်ရင် ထားသွားလိုက်ပါ။
သွားလိုက်ပါ။


ဒီးဒိုး။
၂၄၊၀၅၊၂၀၁၀။

Friday, July 23, 2010

အထူထူဘဲ..

တနေ့သော ကွတ်ခိုင်မြို့ရဲ့ ဈေးနေ့။
ဆိုင်လေးကို ခင်းပြီး ၀ယ်သူကို မျှော်ရတာပေါ့။
ဒါနဲ့ ဆိုင်ရှေ့ ကို ကချင် ကောင်လေး သုံးယောက် ရောက်လာတယ်။
သုံးယောက်လုံးက ဗမာစကားကို တော်တော်လေးပြောတတ်ကြတယ်။
သူတို့က ပစ္စည်းဈေး ဟိုမေး၊ဒီမေး ပေါ့။
ကျွန်တော် လည်း အားစိုက်နားထောင်းရင်း ပြန်ဖြေရတာပေါ့။ရောင်းချင်တယ်လေ.။
သူတို့ ထဲ က တယောက်က ဟိုဟာပြပါ၊ဒီဟာပြပါ လို့ ကချင်သံ ၀ဲဝဲ လေးနဲ့ ကျွန်တော်ကို မေးတယ်။
မေးနေတုန်း တနောက်တယောက်က ဈေးမေးနေတဲ့ ကောင်းလေးကို လှမ်းပြောတယ်။
”ဟေ့ရောင် မင်းဗမာ စကားပြောတာ ဖီလဲမဖီဘူး” လို့ ဗမာလို လှမ်းပြောတယ်။
ဒါနဲ့ ကျန်တဲ့တယောက် ကလည်း
”မင်း သူများကို အပြစ်မတင်နဲ့”
”မင်းတို့ နှစ်ယောက်လုံး အထူထူ ဘဲ” တဲ့ ဗျာ...။
ကဲ ဗျာ ဘယ်သူက အပီသဆုံးလဲ ဆိုတာတော့ စာဖတ်သူများဘဲ သိပါလိမ့်မယ်။
ကွတ်ခိုင်မြို့ ရဲ့ တစ်ခုသော ဈေးနေ့ ကပေါ့ ဗျာ...။

မိုးချုပ်ဘောင်းဘီ ညီလေးကို ဈေးငယ်ငယ် နှင့်ရောင်းထွက်ခဲ့ခြင်း။

ကွတ်ခိုင်မြို့ရဲ့ အေးတဲ့ရာသီ၊ ငါးရက်တဈေးဖွင့်တဲ့ ကွတ်ခိုင်မြို့ တစ်ခုသော ဈေးနေ့မှာပေါ့။
ဈေးနေ့ ဆိုတော့ ဈေးဝယ်သူတွေ မလာခင် ဆိုင်ကို အဆင့်သင့်ဖြစ်အောင် ပြင်ဆင်နေရင်းက
ပလောင် လူငယ် လေး၊ငါးယောက်လောက် ဆိုင်ရှေ့ ရစ်ရစ်သီ လုပ်နေတာ တွေ့လိုက်တယ်။
ပလောင်ဘာသာ စကားကို ရေမက်မ၀င်အောင် ပြောဆိုနေကြတယ်။
ဆိုင်ခင်းပြီးချိန်လောက်မှာ
“ညီလေးတို့ ဘာလိုလို့လဲ” လို့ ဦးကြိုပြုရင်း မေးလိုက်ရာ....
”အစ်ကို ဟို....အင်း အစ်ကို မိုးချုပ်လောင်းဘီ ရှိလား”
မေးလာတဲ့ စကားကြောင့် ရုတ်တရက်ကြောင်သွားတယ်။
တဆက်တည်းဆိုသလို နောက်နေတာလားလို့ ထင်မိတယ်။
ဒါနဲ့ ဘောင်းဘီ ဆိုတာပါနေတာနဲ့ ဘောင်းဘီ မျိုးစုံကို ထုတ်ပြတာပေါ့။
ဈေးဦးလည်း ဖောက်ရအောင်လို့လေ။
”မဟုတ်ဘူးအစ်ကို မိုးချုပ်ဘောင်းဘီလေ”
ဆိုပြီး ၀တ်ထားတဲ့ ရှမ်းဘောင်းဘီ အနက်နွမ်းနွမ်းလေးကို ကိုင်ပြတယ်။
ဟာ...သိလိုက်ပါပြီ၊ ရှမ်းဘောင်းဘီ အနက်ရောင်....
”သိပ်ရှိတာပေါ့ ညီလေးရ” ဆိုပြီး ရှမ်းဘောင်းဘီ အနက်ရောင်တွေ ထုတ်ပြတယ်။
ထုတ်ပေးလိုက်တဲ့ ရှမ်းဘောင်းဘီ တွေကို ကိုင်ကြည့်၊တိုင်းကြည့် လုပ်ရင်း မတ်တတ်
”အစ်ကို အစ်ကို”
”ဘာလဲကွ”
”ကျွန်တော်ကို သူ့ညီလေးပေးပါ”
ဟုတ်ပါပြီ...ဟုတ်ပါပြီ လို့ စိတ်ထဲက ရည်ရွတ်ရင်း
ဆိုဒ်ငယ်တဲ့ ရှမ်းဘောင်းဘီ ကို ရွေးပေးလိုက်တယ်။ ပြီးတော့ သူက
”ဘယ်လောက်လဲ”
”၂၀၀၀ ပါညီလေး”
”ဟာ အစ်ကို ဈေးနည်းနည်း ငယ်အုန်း”
”ညီလေး ၁၈၀၀ တော့ပေးခဲ့ကွာ ဒီထက်တော့ ပိုမငယ်ပါရစေနဲ့”
သူက ပိုက်ဆံ ၁၈၀၀ လှမ်းပေးရင်း ပြောလိုက်တာက
”ဆောရီး အစ်ကို ဗမာ စကား မလောက်စားဘူးဗျ” လို့ ပြောရင်း ရှမ်းဘောင်းဘီ ကို ၀ယ်ယူသွားပါတော့တယ်။
ကျွန်တော်လည်း အေးချမ်းတဲ့ ရာသီအောက် ဗမာစကား အသစ်တွေနဲ့ ဈေးဦးပေါက်ပြီး
”မိုးချုပ်ဘောင်းဘီ ညီလေးကို ဈေးငယ်ငယ်နဲ့” ရောင်းထွက် ခဲ့ပါသည်။
ကွတ်ခိုင်မြို့ ရဲ့ တစ်ခုသော ဈေးနေ့လေးမှာပေါ့ဗျာ။

အမေ

ဂီတာအိုလဲ သီချင်းသစ်နဲ့ မပျော်တော့ဘူး။
လမင်းငယ်လဲ ကြယ်စုံည၌ မပျော်တော့ဘူး။
ပျားငယ်လဲ ပန်းတောလယ်၌ မပျော်တော့ဘူး။
ငါလည်းလေ....လောက အလယ်၌ မပျော်တော့ဘူး။
အမေ...။
အမေ........။

ဒီးဒိုး။
၁၁၊၀၇၊၂၀၁၀။

အချိန်

မကုန်သေးဘူး............
မကုန်သေးဘူး.................
မကုန်သေးဘူး..................
..............................ငြီးဆိုရင်းက
..
....
......
.......လင်းတဲ့ မီးအိမ်
................ငြိမ်းလေပြီ။

ဒီးဒီုး။
၁၂၊၀၇၊၂၀၁၀။

????

ကွယ်ရာမှာ မခုတ်တတ်တဲ့ ကြောင်
ဒီလူဟာ မဟုတ်တာ သိပါရဲ့။

နွမ်းညစ်ညစ် အတိတ်ကြောင်းတွေနဲ့
ဒီလူဟာ စွန်းထင်းတာ သိပါရဲ့။

ဟန်ဆောင် အကြင်နာမှာ
ချိုမြိန်သကာ မာယာစကား ရောလို့
ဒီလူဘ၀ကို လျှော်ဖွပ်
သာယာတဲ့ ဘ၀သစ်ဆီ ခေါ်သွားမတဲ့။

လူဆိုတာ သာယာတဲ့
အနာဂတ်ကို မျှော်လင့်တတ်သူ
အဆိုးတွက် မပြင်တတ်ခဲ့သူ အတွင်တော့
အပြစ်ကြီး တစ်ခု
နောင်တကြီး တစ်ခု
ရင်ဝယ် ထပ်ပိုက်လို့
လာမယ့် သာယာတဲ့
အနာဂတ်ကိုဘဲ ထပ်မျှော်နေမိတယ်။

မဖြစ်နိုင်ဘူး သိပါလျက်
ဒီတခါ နောက်ဆုံးဆိုပေမယ့်
အစက ပြန်ပြန်ဖြစ်နေတော့
ချစ်ခြင်းရယ် လာပါတော့..လို့
မခေါ်ရဲတော့ဘူး။

မျှော်လင့်ချက်တွေ မကုန်သေးဘူး
အတိတ်ကလည်း မပီပြင်
အနာဂတ်ကလည်း ၀ိုးတ၀ါးနဲ့
ပစ္စုပ္ပန်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု
နှလုံးလမ်းကျောင်းပေါ် က ကျွန်းကလေးကတော့
ခပ်ထေ့ထေ့ လှောင်လို့
လုပ်စမ်းပါ အစွမ်းရှိသလောက် ဆိုပြီး
စိန်ခေါ် နေလေရဲ့။

အမှန်တော့ ချစ်သူ
ပျက်ခဲ့တဲ့ ဂတိတွက်
သာစေနာစေ ဆန္ဒလည်း မရှိဘူး။
လာပါပြန်ပါ စေတနာလည်း မရှိဘူး။
ခံစားမှု ဗလာမှာ
ချစ်ခြင်း သက်သက်
ဆူညံ တဲ့ နှလုံးခုန်ခြင်းအောက်
တိတ်တိတ် အိပ်မော ကျနေပြီ။



ဒီးဒိုး။
၁၄၊၀၇၊၂၀၁၀။

ချစ်သော ကမ္ဘာမြေ။

ဘယ်သူခေါ်လို့များ
ရခဲတဲ့ လူ့ဘ၀ ရခဲ့။
................................
ကောင်းလွန်းတဲ့ ကမ္ဘာကြီးမှာ
အဖေလဲ ငြိမ်းချမ်းရေးတွက်
ပြန်မလာတဲ့ လမ်းဆီ။
ဘယ်မှာလဲ အမေ
လိုက်လို့ရှာဆဲ ၀မ်းစာ
မျှော်လင့်နေဆဲ အကြင်နာ
တမ်းတမိပါရဲ့ တရားမျှတခြင်း
ခွင့်လွတ်ခြင်း
စာနာခြင်း
ညှာတာခြင်း
........................ဘယ်မှာလဲ....။
....................................................

်ကမ္ဘာကြီးကို စောင့်ရှောက်တဲ့ နတ်ဘုရားထက်
ပိုအရေးပါတဲ့ လူတွေ
ငြိမ်းချမ်းဖို့ ဆွေးနွေးရင်း
အားကြီးတဲ့ လက်နက်တွေ ပြင်ထားကြ။
......................................................
ပိုအားနည်းပေမယ့်
ပိုင်ဆိုင်တဲ့ တနေရာတွက်
ငြိမ်းချမ်းဖို့ ဆွေးနွေးရင်း
တတ်နိုင်သလောက် ကာကွယ်ဖို့ ပြင်ထားကြ။
...............................
ဘယ်တော့ လဲ...
ဘယ်တော့ လဲ....
ကုန်နေတဲ့ မျှော်လင့်ခြင်း
ငြိမ်းချမ်းဖို့ တွေးရင်း
ကောင်းရာလားဖို့ ပြင်ထားကြ။
................................................
ကူပါ၊ယူပါ အော်ဟစ်ပေမယ့်
မကြားနိုင်တော့တဲ့ သူတွေ
ထွက်ပြေးသွားကြတဲ့ နတ်ဘုရားတွေ
လူတွေက တမင် မဟုတ်ပေမယ့် နှိပ်စက်
သဘာဝက မရည်ရွယ်ပေမယ့် နှိပ်စက်
အစားအစာက မနှစ်သက်ပေမယ့် ရှားပါး
အများတွက် ရည်ရွယ်ရင်း
ပိုမိုဖောင်းကား လာတဲ့အိတ်ကြီး
မှောက်သွန်ကာ မျှဝေဖို့တော့ ကိုယ်ကိုတိုင်မှ ဖြစ်မယ်။
...............................................................................................
အတူနေတဲ့ ကမ္ဘာကြီး ဘဲ
တကြိမ်မှာ ထမင်းဘယ်နှလုပ် စားမလဲ။
ဟိုမှာ မျှော်လင့်တဲ့ ကလေးငယ်
ခိုကိုးရာမဲ့ မုဆိုးမတွေ
ကြွင်းကျန် တဲ့ တလုပ် မျှဝေလို့
လူတွေမှာဘဲ ရှိတဲ့တရား
လူပီသဖို့ လုပ်ဆောင်လိုက်စို့။
..............................................................။
ဟိုက ကျတဲ့ မျက်ရည်
ဒီက ကျတဲ့ မျက်ရည်
ဘယ်လို ခွဲမလဲ
အတူတူဘဲမို့
တို့ မျက်ရည်တွေနဲ့
ကမ္ဘာမြေ စိမ်းလန်းရှင်သန်ဖို့
သစ်ပင် စိုက်ရအောင်။
........................................................
ဟိုဆီက မြေ
ဒီကမြေ လဲ အတူတူဘဲမို့
အိမ်ပြန်ချိန် မေ့တေ့တေ့မှာ
အိမ်ဘဲပြန်ချင် တဲ့ ငါ
အတ္တကြီးနေ တဲ့ ငါ
မုန်း...မုန်းလာပြီ။
...........................................................
ခြောက်သွေ့တဲ့ နေရာမှာလဲ
ခြောက်လို့ ကျွတ်ကျွတ်ဆတ်
စိုစွတ်တဲ့ နေရာမှာလဲ
လျှံကျလို့ ဗွက်ဗွက်ထ
မျှတခြင်းရယ်
အဘိဓါန်ကို နုတ်မဆက်ခင်
အမောဆို့နေတဲ့ ကမ္ဘာကြီးကို
ချွေးသိပ်ခဲ့ပါအုန်း။
..............................................
နောက်ဆုးံတော့လဲ
ကြင်နာသူ ချင်းတောင်
ရန်သူစစ်စစ် ကြီးဖြစ်လို့ပေါ့။
...................................................
တရိစ္ဆာန်တွေက တွေ့တွေ့ခြင်း
ရန်စောင် တိုက်ခိုက်
နောက်ဆုံး ငြိမ်းချမ်းစွာ နေကြသတဲ့လေ...။

လူတွေက တွေ့တွေ့ခြင်း
ချစ်ခင်ကြင်နာ လို့
နောက်ဆုံး ရန်စောင်တိုက်ခိုက် ကြပြန်ရော...တဲ့။

မှတ်ဖူးတဲ့ စကား မှန်ခြင်းများစွာ။

ငါလေ
ချစ်ခင်ကြင်နာခြင်းတွေနဲ့ စလို့
ချစ်ခင်ကြင်နာခြင်းတွေနဲ့
အဆုံးသတ်နိုင် တဲ့သူဖြစ်ချင်တယ်။

ကွဲလွဲ ကြမယ်ဆိုရင်လဲ
ရန်စောင်တိုက်ခိုက်ခြင်း ကင်းလို့
တို့တတွေ ငြိမ်းချမ်းစွာ ကွဲလွဲကြရအောင်။
................................................................

ငါလေ
ရင်မှာ မျှော်လင့်ချက်ကြီး တစ်ခုပိုက်လို့
တချိန်မှာ သတ္တ၀ါ တမျိုးရဲ့ အစာဖြစ်ဖို့
ထမင်းစားရင်း စောင့်မနေချင်တော့ဘူး။
..........................................................................
မှားယွင်းတဲ့ အတိတ်ထားခဲ့ပြီ။
မျှော်လင့်ခြင်း မီးအိမ်လေး ငြိမ်းသတ်လိုက်ပြီ။
လက်ရှိ ဘ၀လေးမှာ
သေခြင်း ကို ရင်ဆိုင်ဖို့
ပြင်ဆင်ရအောင်.....ငါ...။
..............................................
ငြိမ်းချမ်းပါစေ ကမ္ဘာမြေ။
သာယာပါစေ ကမ္ဘာမြေ။
မျက်ရည်တွေနဲ့ သစ်ပင်တွေ စိုက်ခဲ့မယ်။
ခန္ဒာ မြေသြဇာ ဖြစ်ပါစေ။
ချစ်တဲ့ ကမ္ဘာမြေ တည်တံ့ပါစေ။
ချစ်သော ကမ္ဘာမြေ။

ဒီးဒိုး။
၁၆၊၀၇၊၂၀၁၀။













...........................................................

ချစ်သူ....

မြင်တတ်တဲ့ မျက်လုံးတွေ
မမြင်အောင် ရှောင်လွဲလဲ
မြင်နေတယ် စိတ်ကူးထဲ
မပီပြင် ၀ိုးတ၀ါး
သေချာ မမြင်နိုင်ပေမယ့်
မြင်နေဆဲပါ
ချစ်သူ့ ပုံရိပ်။

ကြားတတ်တဲ့ ဒီနားတွေ
မကြားအောင် ဇွတ်ပိတ်လဲ
ကြားနေဆဲ နားထဲမှာ
တီးတိုးတိုး မကြားတကြား
သေချာ မကြားပေမယ့်
ကြားရောင်ဆဲပါ
ချစ်သူ အသံ။

ချစ်သူရဲ့ ရနံ့တွေ
မခံစားရအောင် အသက်အောင့်လည်း
ရနေဆဲပါ ဒီရင်ထဲမှာ
မရတရ မသေချာလည်း
ဝင်သက် ထွက်သက်တိုင်းမှာ
အာရုံ ခံစား
ချစ်သူ ရနံ့။


ဒီးဒိုး။
၁၅၊၀၇၊၂၀၁၀။

Friday, July 9, 2010

အဖေ။

ရဲဘော် အောင်ဆန်း
အဖေ့ကို ဒီလိုခေါ်ရင် ဖြင့်
VIP ဘ၀ ကိုမုန်းတဲ့ အဖေက
ဘာလဲ ရဲဘော် လို့ ထူးလိမ့်မယ်။

အမှန်တကယ်တော့
အပြောသာရှိ အဖြစ်မရှိကြတဲ့
သားမိုက်များ အဖေနဲ့တော့တခြားစီပေါ့
VIP ဘ၀ ရောက်ကြစေဖို့
အကွဲကွဲ အပြားပြားပါဘဲ အဖေ...။

စီးပွားကြပ်တယ်ကြပ်တယ် လို့အော်ပြီး
မခြိုးခြံ နိုင်သေးတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
ကိုယ်တိုင် စိုက်ပျိုးထွန်ယက်လို့
ဘယ်လိုချိုးခြံ ဖြေရှင်းရမယ်ဆိုတာ
ကိုယ်တိုင် သင်ပြလို့ ချောင်လည်စေအုန်းမယ်။

မအောင်မြင်ဘူး မအောင်ဘူး လို့ အော် ပြီး
ပန်းတိုင်မရောက်ခင် တက်ထောင်တဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
အောင်မြင်မှု နည်းလမ်းကို ရှာကြံလို့
ဘယ်လိုလုပ်ဆောင် ရယူရမယ်ဆိုတာ
ကိုယ်တိုင်ဦးဆောင် အောင်မြင်စေအုန်းမယ်။

မတိုးတက်ဘူး မတိုးတက်ဘူး လို့အော်ပြီး
စည်းကမ်းမရှိ နေတတ်ကြတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
စည်းကမ်း တွေချမှတ်လို့
တိုးတက်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ
နည်းပေးလို့ တိုးတက်စေအုန်းမယ်။

ရယူတယ်ဆိုတာ ကိုယ်တိုင် ရရှိမှ ရယူတယ် လို့ မည်မှာ
ဘယ်သူက တားဆီးလို့ မရနိုင်ဘူး
လုပ်ပိုင်ခွင့်မရ လို့ မလုပ်ရဘူးဆိုတာကို
အဖေသာရှိနေသေးရင်ဖြင့် ဒီလိုကွလို့
အိုကြီးအိုမ နဲ့ လက်ခမောင်းခတ်ပြပြီး
ရယူပေးအုန်းမယ် ဆိုတာ ယုံကြည်နေတယ် အဖေ။

အဖေ့လို နိုင်ငံတစ်ခု ခေါင်းဆောင်မှုပြုလို့
အပြောကို အလုပ်နဲ့ သက်သေမပြနိုင်ပေမယ့်
ကျွန်တော်နေတဲ့ ပတ်ဝန်းကျင်သေးသေးလေးမှာဖြင့်
အမှန်ကို အမှန်အတိုင်း
မတရားမှုကို မတရားမှု အတိုင်း
ဝံ့ရဲပြောဆို အလုပ်နဲ့ သက်သေပြနိုင်အောင်
အဖေ့ရဲ့ သွေး မြူတမှုံစာလောက်
ကျွန်တော့် ကိုယ်ထဲ စီးဆင်းခွင့်ပေးပါ။


ဒီးဒိုး။
၁၉၊၀၇၊၂၀၁၀။ (အာဇာနည် နေ့)

ငါ။

ကမ္ဘာကြီး က အမိုးမလုံတော့
နေပူ၊မိုးရွာ၊လေဘဲ တိုက်တိုက်
အံကြိတ်ခံ ယုံဘဲမလား။

စိတ်ဓါတ်ကို တင်းလို့
အမိုးတက်ဖာဖို့ ကြိုးစားတိုင်း
ကျိုးကျိုးကျ တဲ့ လှေခါး
မိအေးနှစ်ခါ နာစေတော့လို့
မရည်ရွယ်ပါဘဲ
နှစ်ခါမက နာတဲ့ဘ၀တွေ
ကမ္ဘာကြီးရယ်
အိမ်မက်လှလှ မက်ဖို့
တစ်ခါလောက်တော့
ခွင့်ပေးသင့်ပါတယ်။

အင်း...
မဖြစ်မနေလို့
ရေစုန်ကို လိုက်လိုက် မျောနေရတာ
ပင်ပန်းလိုက်တာ။

ဒီအမိုးအောက်
အတူနေသူတွေဘဲ
အကြွင်းအကျန်ကို
မဝေမျှဘဲ လွင့်ပစ်မလို့လား။

မိသားစု ဆိုတဲ့စကား
တဖွဖွပြောရင်းက
အဘိဓါန် ထဲကလွင့်ပစ်ဖို့
ကြိုးစားတိုင်း
ရင်ဆိုင်အားနည်းတဲ့သူ
ကျတဲ့မျက်ရည်
ခေတ်သစ် ဟစ်တလာ
ဖြစ်ထွန်းလာတော့မယ်။

ကြီးသူကို လေးစား
ငယ်သူကို သနား
မှတ်သားဖူးတဲ့ စာသား
အလကား....သွား။

ရင်ဆိုင်တဲ့ လက်တွေ့ဘဝ
ကြီးသူရော
ငယ်သူပါ
တန်းတူရှိဖို့
ငါ့ နေရာ...
ငါ့ ဥစ္စာ...
ငါ့..........
ငါ့............
ငါဘဲ ကြီးသူ
ငါဘဲ ငယ်သူ
ငါ.......
ငါ.......
ငါ့ ကိုဘဲလေးစား
ငါ့ ကိုဘဲသနား
အင်း...
ငါဟာ ငါမဖြစ်ချင်တော့ဘူး။


ဒီးဒိုး
၀၅၊၀၇၊၂၀၁၀။

Thursday, July 8, 2010

ကြိုနှင့်အုန်းတော့... ချစ်တဲ့ မြန်မာပြည်။

၅၄C အပူချိန်ရဲ့အောက်
ဘ၀တစ်ခု ရပ်တည်ဖို့ကြိုးစားရင်း
မိုးဖြိုင်ဖြိုင်ရွာနေမယ့် မြန်မာပြည်ကို လွမ်းတယ်။

လွင်တီးခေါင် ကန္တာရတွေကြား
ခရီးတစ်ခု ဆက်ဖို့ကြိုးစားရင်း
သစ်တောတွေနဲ့ မြန်မာပြည်က
ကချင်(ဒေသ) ကို လွမ်းတယ်။

ရေခဲရိုက် သား၊ငါး၊သစ်သီးတွေနဲ့
အသက်ဆက်ဖို့ ကြိုးစားရင်း
လတ်ဆတ်တဲ့ သား၊ငါး၊သစ်သီး ပေါရာ
မြန်မာပြည် ကို လွမ်းတယ်။

ကွန်ဒို၊လျှပ်စစ်၊ခေတ်မှီ အသုံးအဆောင်တွေနဲ့
တခဏ နားခိုဖို့ နေထိုင်းရင်း
သက်ကယ်မိုး၊ ရေနံဆီ မီးခွက်နဲ့
မြန်မာပြည်က အမေ့အိမ် ကို လွမ်းတယ်။

ရေနံ၊ဓါတ်ငွေ့ အနံ့အသက်တွေရဲ့အောက်
ရှေ့ခရီးဆက်ဖို့ ကြိုးစားရင်း
တသွင်သွင် စီးဆင်းအုန်းမယ့်
မြန်မာပြည်က ဧရာဝတီမြစ်ကြီး ကိုလွမ်းတယ်။

ပေါင်မုန့်၊ထောပတ် ရယ်ဒီမိတ်တွေနဲ့
မဖြစ်မနေ စားသုံးရင်းက
မလောက်မင ချန်ထားမယ့် မြန်မာပြည်က
ထမင်းကြမ်းခဲ ကို လွမ်းတယ်။

အတ္တ၊မာနတွေနဲ့ တစိမ်းတရံတွေကြား
ပေါင်သင်းနေထိုင်းရင်း
ရင်းနှီး၊ဖော်ရွေ၊ရိုင်းပင်း ကူညီမှုတွေနဲ့
မြန်မာပြည်က ရောင်ရင်းတွေ ကို လဲ လွမ်းတယ်။

မြန်မာပြည် ကိုဘဲလွမ်းတယ်။
ပြန်ခဲ့မယ် မြန်မာပြည်ဆီ...
ကြိုနှင့်အုန်းတော့...
ချစ်တဲ့ မြန်မာပြည်။


ဒီးဒိုး
၀၆၊၀၇၊၂၀၁၀။

Friday, July 2, 2010

ဗိုလ်ချုပ် အောင်ဆန်း

ဗိုလ်ချုပ် ဘာသာပြန်ခဲ့သော ကဗျာတစ်ပုဒ်

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။

"Invictus"

Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning s of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Lies but the horror of the shade,

And yet the menace of the years

Finds, and shall find me, unafraid.

It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Engrave this quote in Our Store! Rate this Quote! Tell a Friend.

William Ernest Henley (23 August 1849 – 11 July 1903)

ဒီမိုဝေယံ ဘလောက်မှ ကူးယူပါသည်။